ဘဝချင်းခြားခဲ့ပြီဖြစ်တဲ့ သူငယ်ချင်း ရေမွန်ကို သတိရကြောင်း ခံစားချက်တွေဖွင့်ဟလာခဲ့တဲ့ အောင်လ

တစ်နိုင်ငံလုံးကပရိသတ်တွေချစ်ခင်အားပေးကြသလို အနုပညာလောကသားအချင်းချင်းလည်း လေးစားအတုယူရတဲ့ အဆိုတော် ရေမွန်ကတော့ ဘဝထဲက နှုတ်ဆက်ထွက်ခွာသွားခဲ့တာ (၆) လတိတိပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ လူသေသွားခဲ့ပေမယ့် နာမည်သေသွားခြင်းမရှိတဲ့ ရေမွန်ကို ပရိသတ်တွေကလည်း သတိရနေကြပြီး

သူ့ရဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကလည်း နေ့စဉ်နေ့တိုင်း သတိတမ်းတနေကြဆဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရေမွန်နဲ့ SIR အဖွဲ့ဆိုပြီး သီချင်းတွေအတူတူဆိုခဲ့ကြတဲ့ အဆိုတော်အောင်လက သူ့ရဲ့သူငယ်ချင်း ရေမွန်ကိုသတိရကြောင်းကို “ဒီနေ့ ငါမင်းကို ပို သတိရတယ် …..

မင်းတို့ idiots သီချင်းတွေ ဆိုဖြစ်တယ်။ မင်းနဲ့ ကစားခဲ့တဲ့ COC တောင်ဝင်ပြီး မင်းရေးတဲ့ comments တွေပြန်ကြည့်ဖြစ်တယ်….”လ”ဘဲကွာ မင်းနဲ့ငါ ၃ရက်လောက်ကတောင်စကားပြောခဲ့သေးတယ်ကွာ…..” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရင်ဖွင့်လာခဲ့ပါတယ်။

အောင်လကတော့ ဘဝခြင်းခြားခဲ့ပြီဖြစ်တဲ့ သူငယ်ချင်းရေမွန်ကို သတိရကြောင်း ခံစားချက်တွေဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အောင်လနဲ့ ထပ်တူ ရေမွန်ကိုသတိရတမ်းတနေကြမယ်ဆိုတာ သေချာပါတယ်။

Zawgyi version

တစ္နိုင္ငံလုံးကပရိသတ္ေတြခ်စ္ခင္အားေပးၾကသလို အႏုပညာေလာကသားအခ်င္းခ်င္းလည္း ေလးစားအတုယူရတဲ့ အဆိုေတာ္ ေရမြန္ကေတာ့ ဘဝထဲက ႏႈတ္ဆက္ထြက္ခြာသြားခဲ့တာ (၆) လတိတိျပည့္ခဲ့ၿပီပဲျဖစ္ပါတယ္။ လူေသသြားခဲ့ေပမယ့္ နာမည္ေသသြားျခင္းမရွိတဲ့ ေရမြန္ကို ပရိသတ္ေတြကလည္း သတိရေနၾကၿပီး

သူ႕ရဲ႕မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းေတြကလည္း ေန႕စဥ္ေန႕တိုင္း သတိတမ္းတေနၾကဆဲျဖစ္ပါတယ္။ ဒီကေန႕မွာလည္း ေရမြန္နဲ႕ SIR အဖြဲ႕ဆိုၿပီး သီခ်င္းေတြအတူတူဆိုခဲ့ၾကတဲ့ အဆိုေတာ္ေအာင္လက သူ႕ရဲ႕သူငယ္ခ်င္း ေရမြန္ကိုသတိရေၾကာင္းကို “ဒီေန႕ ငါမင္းကို ပို သတိရတယ္ …..

မင္းတို႔ idiots သီခ်င္းေတြ ဆိုျဖစ္တယ္။ မင္းနဲ႕ ကစားခဲ့တဲ့ COC ေတာင္ဝင္ၿပီး မင္းေရးတဲ့ comments ေတြျပန္ၾကည့္ျဖစ္တယ္….”လ”ဘဲကြာ မင္းနဲ႕ငါ ၃ရက္ေလာက္ကေတာင္စကားေျပာခဲ့ေသးတယ္ကြာ…..” ဆိုၿပီး သူ႕ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန ရင္ဖြင့္လာခဲ့ပါတယ္။

ေအာင္လကေတာ့ ဘဝျခင္းျခားခဲ့ၿပီျဖစ္တဲ့ သူငယ္ခ်င္းေရမြန္ကို သတိရေၾကာင္း ခံစားခ်က္ေတြဖြင့္ဟလာခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေအာင္လနဲ႕ ထပ္တူ ေရမြန္ကိုသတိရတမ္းတေနၾကမယ္ဆိုတာ ေသခ်ာပါတယ္။