နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေရှိတာတောင် မလုံလောက်သေးဘူးလို့ ဝေဖန်နေသူတွေကို ဖြေရှင်းဖို့မရှိဘူးဆိုတဲ့ မေဦး

နိုင်ငံကျော်ဆယ်လီစုံတွဲတစ်တွဲဖြစ်ကြတဲ့ မေဦးနဲ့ ဟန်လင်းတို့ဟာ (၂၀၂၁) ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့ကြသူများဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေမှာ စစ်ပညာသင်ကြားရင်း ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့တဲ့ မေဦးနဲ့ ဟန်လင်းဟာ အခုဆိုရင် အမေရိကန်နိုင်ငံကို နိုင်ငံရေးခိုလှုံခွင့်နဲ့ ရောက်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ နိုင်ငံခြားခိုလုံခွင့်ရယူခဲ့တာနဲ့ ပတ်သက်ပြီး မေဦးက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲပြောလာတာကိုတွေ့ရပါတယ်။ “မေဦးနှင့်ဟန်လင်း ဒီဇင်ဘာ 15 ရက်နေ့ ကအမေရိကန်နိုင်ငံ New York မြို့ကိုရောက်ခဲ့ပါတယ်။

ရောက်ရောက်ခြင်းမှာပဲ Omicron ရောဂါကူးဆက်ခြင်းခံရပြီး ၁၀ ရက်လောက် stay home နေလိုက်ရပြီးတော်တော်လေးခံလိုက်ရသည့်အတွက် လုပ်စရာလေးတွေနဲ့အသိပေးစရာလေးတွေနောက်ကြခဲ့ပါတယ်။ ဒီနေ့တော့မြန်မာ့နွေဦးတော်လှန်ရေးအတွက်အားသွန်ခွန်ဆိုက်ကူညီပေးနေကြသော New York မြို့မှနွေဦးတော်လှန်ရေးမိသားစုများ အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ကြပြီး တော်လှန်ရေးအတွက်အထောက်အကူဖြစ်မည့် ကိစ္စများနှင့်ရန်ပုံငွေ ပွဲတွေအတွက်တိုင်ပင်ဖြစ်ခဲ့ကြပါတယ်။ ထို့အပြင် မေဦးနဲ့အမှတ်တရအဖြစ် make up အပြင်ခံကြပြီး မေဦးလက်ထဲသို့ US dollar 800 ပေးခဲ့ပါသည်။”

“ထိုငွေ 800 နှင့် နောက်ပိုင်း American နိုင်ငံမှမြန်မာလူမျိုးများ နှင့် self make up class မှရရှိမည့် ငွေများကိုတော့ ကိုယ်ကျိုးအတွက်လုံးဝမသုံးပဲ တော်လှန်ရေးအတွက် ပို့ပေးသွားမည်ဟုဆုံးဖြတ်ထားပါသည်။ 1.2.2021 ရက်နေ့မှစလို့ ယနေ့အထိ ဖြစ်ပျက်ခဲ့သမျှကြုံခဲ့သမျှတွေ အများကြီးရှိခဲ့သလို (အကောင်းဆုံးဆိုတဲ့အချိန်တစ်ခုရောက်လာလျှင် ပြန်ပြောပြဖို့ စာတွေရေးထားသလို မှတ်တမ်းများလည်းရှိပါသည် ) အမှန်တရားအတွက်ရွေးချယ်ဆုံးဖြတ်ခဲ့တာတွေအများကြီးရှိသလို ရှေ့ဆက်ပြီးလုပ်စရာတွေ ဖြတ်သန်းရင်ဆိုင်စရာတွေအများကြီးရှိနေတာဖြစ်လို့ နွေဦးတော်လှန်ရေးအစကနေယခုအချိန်ထိ

မေဦးတို့ရွေးခြယ်ရပ်တည်ခဲ့တဲ့ လုပ်ရပ်တွေကိုမှန်တယ်လို့အသိမှတ်ပြုပေး အားပေးခဲ့ကြတဲ့သူတွေရှိသလို မေဦးတို့ ရွေးချယ်ခဲ့တာတွေ လက်လွှတ်ခဲ့ရတာတွေဟာ မလုံလောက်သေးဘူး မမှန်ဘူးလို့ ပြောကြမည့်သူ ထင်ကြေးပေးကြမည့်သူ ဆဲရေးတိုင်းထွားကြမည့်သူတွေ ကိုတော့ ပြန်ဖြေရှင်းဖို့ မရှိပါကြောင်း အသိပေးချင်ပါတယ် ။” ဆိုပြီး ဖြေရှင်းလာခဲ့ပါတယ်။ မေဦးနဲ့ ဟန်လင်းကတော့ ကိုယ်တိုင်ရွေးချယ်ရပ်တည်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် အားပေးခဲ့တဲ့လူတွေရှိသလို၊ လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေရှိတာတောင် မလုံလောက်သေးဘူး မမှန်ဘူးလို့ ထင်ကြေးပေးဆဲရေးတိုင်းထွာကြမယ့်လူတွေကိုတော့ ပြန်ဖြေရှင်းဖို့မရှိဘူးလို့ ပြတ်သားစွာပြောလာခဲ့တာပဲဖြစ်ပါတယ်။

Zawgyi version

နိုင္ငံေက်ာ္ဆယ္လီစုံတြဲတစ္တြဲျဖစ္ၾကတဲ့ ေမဦးနဲ႕ ဟန္လင္းတို႔ဟာ (၂၀၂၁) ခုႏွစ္ ျမန္မာ့ေႏြဦးေတာ္လွန္ေရးမွာ ပါဝင္လႈပ္ရွားခဲ့ၾကသူမ်ားျဖစ္ပါတယ္။ လြတ္ေျမာက္နယ္ေျမမွာ စစ္ပညာသင္ၾကားရင္း ျပည္သူေတြနဲ႕ တစ္သားတည္းရပ္တည္ခဲ့တဲ့ ေမဦးနဲ႕ ဟန္လင္းဟာ အခုဆိုရင္ အေမရိကန္နိုင္ငံကို နိုင္ငံေရးခိုလႈံခြင့္နဲ႕ ေရာက္ရွိသြားခဲ့ၿပီပဲျဖစ္ပါတယ္။ နိုင္ငံျခားခိုလုံခြင့္ရယူခဲ့တာနဲ႕ ပတ္သက္ၿပီး ေမဦးက သူ႕ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အခုလိုပဲေျပာလာတာကိုေတြ႕ရပါတယ္။ “ေမဦးႏွင့္ဟန္လင္း ဒီဇင္ဘာ 15 ရက္ေန႕ ကအေမရိကန္နိုင္ငံ New York ၿမိဳ႕ကိုေရာက္ခဲ့ပါတယ္။

ေရာက္ေရာက္ျခင္းမွာပဲ Omicron ေရာဂါကူးဆက္ျခင္းခံရၿပီး ၁၀ ရက္ေလာက္ stay home ေနလိုက္ရၿပီးေတာ္ေတာ္ေလးခံလိုက္ရသည့္အတြက္ လုပ္စရာေလးေတြနဲ႕အသိေပးစရာေလးေတြေနာက္ၾကခဲ့ပါတယ္။ ဒီေန႕ေတာ့ျမန္မာ့ေႏြဦးေတာ္လွန္ေရးအတြက္အားသြန္ခြန္ဆိုက္ကူညီေပးေနၾကေသာ New York ၿမိဳ႕မွေႏြဦးေတာ္လွန္ေရးမိသားစုမ်ား အဖြဲ႕အစည္းမ်ားႏွင့္ေတြ႕ဆုံခဲ့ၾကၿပီး ေတာ္လွန္ေရးအတြက္အေထာက္အကူျဖစ္မည့္ ကိစၥမ်ားႏွင့္ရန္ပုံေငြ ပြဲေတြအတြက္တိုင္ပင္ျဖစ္ခဲ့ၾကပါတယ္။ ထို႔အျပင္ ေမဦးနဲ႕အမွတ္တရအျဖစ္ make up အျပင္ခံၾကၿပီး ေမဦးလက္ထဲသို႔ US dollar 800 ေပးခဲ့ပါသည္။”

“ထိုေငြ 800 ႏွင့္ ေနာက္ပိုင္း American နိုင္ငံမွျမန္မာလူမ်ိဳးမ်ား ႏွင့္ self make up class မွရရွိမည့္ ေငြမ်ားကိုေတာ့ ကိုယ္က်ိဳးအတြက္လုံးဝမသုံးပဲ ေတာ္လွန္ေရးအတြက္ ပို႔ေပးသြားမည္ဟုဆုံးျဖတ္ထားပါသည္။ 1.2.2021 ရက္ေန႕မွစလို႔ ယေန႕အထိ ျဖစ္ပ်က္ခဲ့သမွ်ႀကဳံခဲ့သမွ်ေတြ အမ်ားႀကီးရွိခဲ့သလို (အေကာင္းဆုံးဆိုတဲ့အခ်ိန္တစ္ခုေရာက္လာလွ်င္ ျပန္ေျပာျပဖို႔ စာေတြေရးထားသလို မွတ္တမ္းမ်ားလည္းရွိပါသည္ ) အမွန္တရားအတြက္ေ႐ြးခ်ယ္ဆုံးျဖတ္ခဲ့တာေတြအမ်ားႀကီးရွိသလို ေရွ႕ဆက္ၿပီးလုပ္စရာေတြ ျဖတ္သန္းရင္ဆိုင္စရာေတြအမ်ားႀကီးရွိေနတာျဖစ္လို႔ ေႏြဦးေတာ္လွန္ေရးအစကေနယခုအခ်ိန္ထိ

ေမဦးတို႔ေ႐ြးျခယ္ရပ္တည္ခဲ့တဲ့ လုပ္ရပ္ေတြကိုမွန္တယ္လို႔အသိမွတ္ျပဳေပး အားေပးခဲ့ၾကတဲ့သူေတြရွိသလို ေမဦးတို႔ ေ႐ြးခ်ယ္ခဲ့တာေတြ လက္လႊတ္ခဲ့ရတာေတြဟာ မလုံေလာက္ေသးဘူး မမွန္ဘူးလို႔ ေျပာၾကမည့္သူ ထင္ေၾကးေပးၾကမည့္သူ ဆဲေရးတိုင္းထြားၾကမည့္သူေတြ ကိုေတာ့ ျပန္ေျဖရွင္းဖို႔ မရွိပါေၾကာင္း အသိေပးခ်င္ပါတယ္ ။” ဆိုၿပီး ေျဖရွင္းလာခဲ့ပါတယ္။ ေမဦးနဲ႕ ဟန္လင္းကေတာ့ ကိုယ္တိုင္ေ႐ြးခ်ယ္ရပ္တည္ခဲ့တဲ့ လုပ္ရပ္ေတြအေပၚ အားေပးခဲ့တဲ့လူေတြရွိသလို၊ လက္လႊတ္ဆုံးရႈံးခဲ့ရတာေတြရွိတာေတာင္ မလုံေလာက္ေသးဘူး မမွန္ဘူးလို႔ ထင္ေၾကးေပးဆဲေရးတိုင္းထြာၾကမယ့္လူေတြကိုေတာ့ ျပန္ေျဖရွင္းဖို႔မရွိဘူးလို႔ ျပတ္သားစြာေျပာလာခဲ့တာပဲျဖစ္ပါတယ္။