တောင်ဥက္ကလာပမြို့နယ်မှာ ဆန်အိတ်ပေါင်း (၁၀၂) အိတ်ကို လှူဒါန်းခဲ့တဲ့ နေဆန်းတို့ဇနီးမောင်နှံ

သရုပ်ဆောင် နေဆန်းကတော့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ပါပဲ။ နေဆန်းဟာ အနုပညာအလုပ်တွေအပြင် ချစ်တီးစားသောက်ဆိုင်လုပ်ငန်းကိုလည်း ဦးစီးလုပ်ကိုင်နေပြီး မိသားစုနဲ့ အေးအေးချမ်းချမ်းနေထိုင်နေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

အလုပ်တွေကြိုးစားသလို အလှူအတန်းလက်နဲ့မကွာအမြဲလှူဒါန်းတတ်တဲ့ နေဆန်းတို့ဇနီးမောင်နှံဟာ မနေ့က ဇန်နဝါရီလ (၁၀) ရက်နေ့မှာလည်း တောင်ဥက္ကလာမြို့နယ်မှာ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ နေဆန်းတို့ဇနီးမောင်နှံက တောင်ဥက္ကလာမြို့နယ်က ပြည်သူတွေအတွက် ဆန်အိတ် (၁၀၂) အိတ်၊ ဆန်အပြည် (၂၀၄) ပြည်ကို လှူဒါန်းခဲ့ကြတယ်လို့ နေဆန်းရဲ့ဇနီးက သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာပြောလာပါတယ်။

နေဆန်းတို့ဇနီးမောင်နှံကတော့ အခုလိုပြည်သူတွေခက်ခဲကြပ်တည်းနေတဲ့အချိန်မှာ စားသောက်ရိက္ခာဆန်ကို လှူဒါန်းပေးရင်း ကုသိုလ်ယူခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဆန်းတို့ဇနီးမောင်နှံရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။

Zawgyi version

သ႐ုပ္ေဆာင္ ေနဆန္းကေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႕ ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း ပရိသတ္အားေပးမႈကို အခိုင္အမာရရွိခဲ့တဲ့ ဝါရင့္သ႐ုပ္ေဆာင္တစ္ေယာက္ပါပဲ။ ေနဆန္းဟာ အႏုပညာအလုပ္ေတြအျပင္ ခ်စ္တီးစားေသာက္ဆိုင္လုပ္ငန္းကိုလည္း ဦးစီးလုပ္ကိုင္ေနၿပီး မိသားစုနဲ႕ ေအးေအးခ်မ္းခ်မ္းေနထိုင္ေနသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။

အလုပ္ေတြႀကိဳးစားသလို အလႉအတန္းလက္နဲ႕မကြာအၿမဲလႉဒါန္းတတ္တဲ့ ေနဆန္းတို႔ဇနီးေမာင္ႏွံဟာ မေန႕က ဇန္နဝါရီလ (၁၀) ရက္ေန႕မွာလည္း ေတာင္ဥကၠလာၿမိဳ႕နယ္မွာ အလႉေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ေနဆန္းတို႔ဇနီးေမာင္ႏွံက ေတာင္ဥကၠလာၿမိဳ႕နယ္က ျပည္သူေတြအတြက္ ဆန္အိတ္ (၁၀၂) အိတ္၊ ဆန္အျပည္ (၂၀၄) ျပည္ကို လႉဒါန္းခဲ့ၾကတယ္လို႔ ေနဆန္းရဲ႕ဇနီးက သူမရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာေျပာလာပါတယ္။

ေနဆန္းတို႔ဇနီးေမာင္ႏွံကေတာ့ အခုလိုျပည္သူေတြခက္ခဲၾကပ္တည္းေနတဲ့အခ်ိန္မွာ စားေသာက္ရိကၡာဆန္ကို လႉဒါန္းေပးရင္း ကုသိုလ္ယူခဲ့ၾကတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေနဆန္းတို႔ဇနီးေမာင္ႏွံရဲ႕ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာသာဓုေခၚဆိုေပးၾကပါဦးေနာ္။