Macrame မဲတွေကို ပြည်သူတွေ တဟုန်ထိုးအားပေးမှုကြောင့် နှစ်ရက်အတွင်း မဲလက်မှတ်ရောင်းချငွေ သိန်း(၃၀၀) ကျော်ရရှိခဲ့တယ်ဆိုတဲ့ ချစ်သုဝေ

အဆိုတော်၊ သရုပ်ဆောင်ချစ်သုဝေကတော့ လက်ရှိနွေဦးတော်လှန်ရေးမှာ သူမတတ်နိုင်တဲ့အင်အားနဲ့ တက်ကြွစွာပါဝင်လှုပ်ရှားရင်း စစ်အာဏာရှင်လူတစ်စုကို တော်လှန်နေတာပဲဖြစ်ပါတယ်။ ချစ်သုဝေဟာ သူမကိုယ်တိုင်လက်နဲ့ဖန်တီးထားတဲ့ Macrame လေးတွေကိုလည်း မဲလက်မှတ်နဲ့ရောင်းချပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် ရံပုံငွေတွေရှာဖွေပေးနေတာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ချစ်သုဝေက သူမတတိယအကြိမ်ရောင်းချတဲ့ Macrame’ မဲကို နှစ်ရက်အတွင်း အစောင်ရေ (၂၀၀၀) ကျော်ရောင်းချနိုင်ခဲ့ကြောင်း “Macrame’ မဲတွေ အားပါးတရ ၂ရက်အတွင်း၂၀၀၀ကျော်ဝယ်အားပေးကြတာတကယ့်အမှတ်တရပါပဲ..

ကျပ်ငွေ 20,750,000၊ S$ 6870 (~ 8,931,000)၊ Baht 27600 ( ~1,435200) 🖤estimated total= 31,116,200( သိန်း ၃၀၀ကျော်သွားခဲ့ပါတယ်🙏) လှူဒါန်းခဲ့ရာနေရာများကို လက်မှတ်ရောင်းခဲ့တဲ့pageမှာ ရှေ့အပတ်စုစည်းဖော်ပြပေးပါမယ်🙏” ဆိုပြီး ဝမ်းသာစရာသတင်းကောင်းလေးကို မျှဝေပေးလာပါတယ်။

ချစ်သုဝေကတော့ တတိယအကြိမ်ရောင်းချတဲ့ Macrame’ မဲကို နှစ်ရက်အတွင်း အစောင်ရေ (၂၀၀၀) ကျော်နဲ့ အလှူငွေ သိန်း (၃၀၀) ကျော်အောင် ရှာဖွေပေးနိုင်ခဲ့လို့တော်တော်လေး ပီတိဖြစ်ဝမ်းသာနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပြည်သူတွေရဲ့ စည်းလုံးမှုအင်အားကိုကြည့်ပြီး ကြက်သီးမွှေးညှင်းတွေတောင်ထနေကြမယ်ထင်ပါတယ်နော်။

Zawgyi version

အဆိုေတာ္၊ သ႐ုပ္ေဆာင္ခ်စ္သုေဝကေတာ့ လက္ရွိေႏြဦးေတာ္လွန္ေရးမွာ သူမတတ္နိုင္တဲ့အင္အားနဲ႕ တက္ႂကြစြာပါဝင္လႈပ္ရွားရင္း စစ္အာဏာရွင္လူတစ္စုကို ေတာ္လွန္ေနတာပဲျဖစ္ပါတယ္။ ခ်စ္သုေဝဟာ သူမကိုယ္တိုင္လက္နဲ႕ဖန္တီးထားတဲ့ Macrame ေလးေတြကိုလည္း မဲလက္မွတ္နဲ႕ေရာင္းခ်ၿပီး စစ္ေဘးေရွာင္ျပည္သူေတြအတြက္ ရံပုံေငြေတြရွာေဖြေပးေနတာပဲျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာလည္း ခ်စ္သုေဝက သူမတတိယအႀကိမ္ေရာင္းခ်တဲ့ Macrame’ မဲကို ႏွစ္ရက္အတြင္း အေစာင္ေရ (၂၀၀၀) ေက်ာ္ေရာင္းခ်နိဳင္ခဲ့ေၾကာင္း “Macrame’ မဲေတြ အားပါးတရ ၂ရက္အတြင္း၂၀၀၀ေက်ာ္ဝယ္အားေပးၾကတာတကယ့္အမွတ္တရပါပဲ..

က်ပ္ေငြ 20,750,000၊ S$ 6870 (~ 8,931,000)၊ Baht 27600 ( ~1,435200) 🖤estimated total= 31,116,200( သိန္း ၃၀၀ေက်ာ္သြားခဲ့ပါတယ္🙏) လႉဒါန္းခဲ့ရာေနရာမ်ားကို လက္မွတ္ေရာင္းခဲ့တဲ့pageမွာ ေရွ႕အပတ္စုစည္းေဖာ္ျပေပးပါမယ္🙏” ဆိုၿပီး ဝမ္းသာစရာသတင္းေကာင္းေလးကို မွ်ေဝေပးလာပါတယ္။

ခ်စ္သုေဝကေတာ့ တတိယအႀကိမ္ေရာင္းခ်တဲ့ Macrame’ မဲကို ႏွစ္ရက္အတြင္း အေစာင္ေရ (၂၀၀၀) ေက်ာ္နဲ႕ အလႉေငြ သိန္း (၃၀၀) ေက်ာ္ေအာင္ ရွာေဖြေပးနိုင္ခဲ့လို႔ေတာ္ေတာ္ေလး ပီတိျဖစ္ဝမ္းသာေနတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ျပည္သူေတြရဲ႕ စည္းလုံးမႈအင္အားကိုၾကည့္ၿပီး ၾကက္သီးေမႊးညွင္းေတြေတာင္ထေနၾကမယ္ထင္ပါတယ္ေနာ္။