သေကွဲကွဲခဲ့ရပြီဖြစ်တဲ့ ချစ်သူကို သတိရတမ်းတရင်းနဲ့ပဲ (၆) လတိတိပြည့်ခဲ့ပြီဆိုတဲ့ ညီထွဋ်ခေါင်

သရုပ်ဆောင် ညီထွဋ်ခေါင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ကျရောက်ဇာတ်ရုပ်ကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ညီထွဋ်ခေါင်ဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ကွယ်လွန်သွားတဲ့ချစ်သူအတွက်

သတိရတမ်းတရင်း ကိုယ့်စိတ်ကိုကိုယ် နှစ်သိမ့်နေရတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ညီထွဋ်ခေါင်က သူ့ရဲ့ဘဝထဲကနေ နှုတ်ဆက်ထွက်ခွာသွားတာ (၆) လတိတိပြည့်ခဲ့ပြီဖြစ်တဲ့ ချစ်သူလေးကို သတိရကြောင်း အခုလိုပဲပြောလာတာကို တွေ့ရပါတယ်။

ညီထွဋ်ခေါင်က “တချို့အချိန်တွေဆို သတိရတယ်။ တချို့အချိန်တွေမှာ လွမ်းတယ်။ တချို့အချိန်တွေကို မြင်ယောင်တယ်။ တချို့အချိန်တွေမှာ တမ်းတတယ်။ တချို့အချိန်တွေကျရင်တော့ ရေရွတ်မိနေတုန်းပဲမေရယ်.. ဒီလိုနဲ့ပဲ (၆) လပြည့်သွားပြီ မေ..” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာခဲ့တာပဲဖြစ်ပါတယ်။

ညီထွဋ်ခေါင်ကတော့ သေကွဲကွဲခဲ့ရပြီဖြစ်တဲ့ ချစ်သူကို သတိရတမ်းတရင်းနဲ့ပဲ (၆) လတိတိပြည့်ခဲ့ပြီဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။ ညီထွဋ်ခေါင်တို့ ချစ်သူနှစ်ဦး နောင်ဘဝဆက်တိုင်းမှာ ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Zawgyi version



