အနုပညာအလုပ်တွေနဲ့ အချိန်အကြာကြီး အလှမ်းဝေးသွားချိန်မှာ ဇာတ်ကားရိုက်ကူးရေးတွေကို သတိရနေတဲ့ နေခြည်ရွှန်းလက်

ဆံနွယ်နက်နက် ရှည်ရှည်လေးတွေနဲ့ မြန်မာ ဆန်ဆန် ချစ်စရာကောင်းတဲ့ မင်းသမီး ချောလေး နေခြည်ရွှန်းလက်ကတော့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲ မှာကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင် စားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ နေခြည်ရွှန်းလက် က “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန” ဇာတ်လမ်းတွဲမှာတော့ နှင်းနွေဆိုတဲ့ ခေါင်းဆောင် မင်းသမီးကာရိုက်တာကို သရုပ်ဆောင်ခဲ့ပြီး

မထင်ထား လောက်အောင်ကို အနုပညာ အရည်အချင်းပြည့်ဝတာမို့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း အနုပညာကို ဝါသနာပါရူးသွပ်တဲ့ နေခြည်ရွှန်းလက်က ဒီကနေ့မှာတော့ သူမရဲ့အလုပ်တွေကိုသတိရကြောင်း အခုလိုပဲရင်ဖွင့်လာတာကိုတွေ့ရပါတယ်။ “ဘာရယ်မဟုတ် အနာဂတ်က ကျွန်မရဲ့ “ဇာတ်ကောင်လေးတွေ”ကိုလွမ်းမိတဲ့နေ့တစ်နေ့ပါပဲ။

နေခြည်ရွှန်းလက်မဟုတ်ပဲ အရင်ကလို ဇာတ်လမ်းထဲက ဇာတ်ကောင် ကောင်မလေး တစ်ယောက်ပြီး တစ်ယောက်အဖြစ်နဲ့ပဲ ကျွန်မရဲ့ အချိန် တွေကိုကုန်ဆုံးခဲ့ချင်တာ။ ချစ်ရပါသော “အနာဂတ်က ဇာတ်ကောင်လေး”တွေ ငါတို့တွေ တစ်နေ့ကျပြန်ဆုံကြမယ်။ နင်တို့ကဘယ်လိုဇာတ်ကောင်မျိုးလေးတွေမှန်းမသိပင်မယ့် တွေ့တဲ့နေ့ကျ တမြတ်တနိုးနဲ့ ပုံဖော်ပေးပါ့မယ်။

အခုတော့ နင်တို့လည်း အားတင်းထား ငါကိုယ်တိုင်လည်းအားတင်းထားပါ့မယ် ။” ဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါတယ်။ နေခြည်ရွှန်းလက်ကတော့ အနာဂတ်က ဇာတ်ကောင်လေးတွေကို သတိရရင်း အရင်လိုဇာတ်ကားတွေမရိုက်ရသေးချိန်မှာ ဇာတ်ကောင်ကာရိုက်တာလေးတွေကိုပဲ သတိရကြောင်း ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

Zawgyi version

ဆံႏြယ္နက္နက္ ရွည္ရွည္ေလးေတြနဲ႕ ျမန္မာ ဆန္ဆန္ ခ်စ္စရာေကာင္းတဲ့ မင္းသမီး ေခ်ာေလး ေနျခည္႐ႊန္းလက္ကေတာ့ “ပုဂံၿမိဳ႕သူ” ဇာတ္လမ္းတြဲ မွာကတည္းက ပရိသတ္ေတြရဲ႕ စိတ္ဝင္ စားျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။ ေနျခည္႐ႊန္းလက္ က “မ်က္လုံးမွာအလြမ္း ႏႈတ္ခမ္းမွာ မာန” ဇာတ္လမ္းတြဲမွာေတာ့ ႏွင္းေႏြဆိုတဲ့ ေခါင္းေဆာင္ မင္းသမီးကာရိုက္တာကို သ႐ုပ္ေဆာင္ခဲ့ၿပီး

မထင္ထား ေလာက္ေအာင္ကို အႏုပညာ အရည္အခ်င္းျပည့္ဝတာမို႔ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာ ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ကိုယ္တိုင္လည္း အႏုပညာကို ဝါသနာပါ႐ူးသြပ္တဲ့ ေနျခည္႐ႊန္းလက္က ဒီကေန႕မွာေတာ့ သူမရဲ႕အလုပ္ေတြကိုသတိရေၾကာင္း အခုလိုပဲရင္ဖြင့္လာတာကိုေတြ႕ရပါတယ္။ “ဘာရယ္မဟုတ္ အနာဂတ္က ကြၽန္မရဲ႕ “ဇာတ္ေကာင္ေလးေတြ”ကိုလြမ္းမိတဲ့ေန႕တစ္ေန႕ပါပဲ။

ေနျခည္႐ႊန္းလက္မဟုတ္ပဲ အရင္ကလို ဇာတ္လမ္းထဲက ဇာတ္ေကာင္ ေကာင္မေလး တစ္ေယာက္ၿပီး တစ္ေယာက္အျဖစ္နဲ႕ပဲ ကြၽန္မရဲ႕ အခ်ိန္ ေတြကိုကုန္ဆုံးခဲ့ခ်င္တာ။ ခ်စ္ရပါေသာ “အနာဂတ္က ဇာတ္ေကာင္ေလး”ေတြ ငါတို႔ေတြ တစ္ေန႕က်ျပန္ဆုံၾကမယ္။ နင္တို႔ကဘယ္လိုဇာတ္ေကာင္မ်ိဳးေလးေတြမွန္းမသိပင္မယ့္ ေတြ႕တဲ့ေန႕က် တျမတ္တနိုးနဲ႕ ပုံေဖာ္ေပးပါ့မယ္။

အခုေတာ့ နင္တို႔လည္း အားတင္းထား ငါကိုယ္တိုင္လည္းအားတင္းထားပါ့မယ္ ။” ဆိုၿပီးေျပာလာခဲ့တာပဲျဖစ္ပါတယ္။ ေနျခည္႐ႊန္းလက္ကေတာ့ အနာဂတ္က ဇာတ္ေကာင္ေလးေတြကို သတိရရင္း အရင္လိုဇာတ္ကားေတြမရိုက္ရေသးခ်ိန္မွာ ဇာတ္ေကာင္ကာရိုက္တာေလးေတြကိုပဲ သတိရေၾကာင္း ရင္ဖြင့္လာခဲ့တာပဲျဖစ္ပါတယ္။