နှစ်သစ်ကူးည (၁၂)နာရီတိတိမှာ ရိုက်ကူးခဲ့တဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အံ့သြဖွယ်ရာဓာတ်ပုံတစ်ပုံကို မျှဝေပေးလာတဲ့ ထိုက်ထိုက်အောင်

Melody World သီချင်းဆိုပြိုင်ပွဲကနေ ပရိသတ်အားပေးမှုကိုရရှိခဲ့တဲ့ ထိုက်ထိုက်အောင်ကတော့ လက်ရှိမှာလည်း သူမဝါသနာပါရာ အနုပညာလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။ ထိုက်ထိုက်အောင်က ဒီကနေ့မှာတော့ နှစ်သစ်ကူးည (၁၂) နာရီတိတိမှာ ရိုက်ကူးခဲ့တဲ့

ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အံ့သြယ်ဖွယ်ရာဓာတ်ပုံတစ်ပုံကို ပရိသတ်တွေလည်း ဖူးမျှော်နိုင်ဖို့ အခုလိုပဲမျှဝေပေးလာတာကို တွေ့ရပါတယ်။ “၁၂ နာရီအတိမှာ ရွှေတိဂုံဘုရားကြီးကို ကျမတို့တိုက် Rooftop ကနေ အမှတ်မထင်ရိုက်မိလိုက်တာပါ။ အိမ်ထဲပြန်ဝင်လာမှ Photo ပြန်ကြည့်ပြီး

ဘုရားအရိပ်ထပ်ပေါ်နေမှန်းသိတာပါ။ အပေါ်ထပ်ပြန်တက်ကြည့်ပြီး ပြန်ရိုက်တော့ မတွေ့တော့ပါဘူးရှင်။ နှစ်သစ်မှာ ရလိုက်တဲ့ ပထမဦးဆုံး Photo လေးပါ။ ဘယ်လို ယူဆရမယ်တော့မသိပေမဲ့ 2022 မှာ အားလုံးဖြစ်စေချင်တဲ့ ဆန္ဒတွေ ပြည့်ပါစေ ။ 🙏🙏 Editing လုပ်ထားတဲ့ Photo လုံးဝ လုံးဝ မဟုတ်ကြောင်း

ကျမ ကိုယ်တိုင်အာမခံပါတယ်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ ထိုက်ထိုက်အောင်ကတော့ နှစ်တစ်နှစ်ရဲ့အစ ည(၁၂) နာရီမှာ အမှတ်မထင်ရိုက်ကူးခဲ့တဲ့ ရွှေတိဂုံဘုရားကြီးရဲ့ အံ့သြဖွယ်ရာ အရိပ်ထင်နေမှုကို မိဘပြည်သူတွေပါ ဖူးမျှော်နိုင်ဖို့ အခုလိုပဲ မျှဝေပေးခဲ့တာဖြစ်ပါတယ်။

Zawgyi version

Melody World သီခ်င္းဆိုၿပိဳင္ပြဲကေန ပရိသတ္အားေပးမႈကိုရရွိခဲ့တဲ့ ထိုက္ထိုက္ေအာင္ကေတာ့ လက္ရွိမွာလည္း သူမဝါသနာပါရာ အႏုပညာလမ္းေၾကာင္းေပၚကိုေလွ်ာက္လွမ္းေနတာပဲျဖစ္ပါတယ္။ ထိုက္ထိုက္ေအာင္က ဒီကေန႕မွာေတာ့ ႏွစ္သစ္ကူးည (၁၂) နာရီတိတိမွာ ရိုက္ကူးခဲ့တဲ့

ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးရဲ႕ အံ့ၾသယ္ဖြယ္ရာဓာတ္ပုံတစ္ပုံကို ပရိသတ္ေတြလည္း ဖူးေမွ်ာ္နိုင္ဖို႔ အခုလိုပဲမွ်ေဝေပးလာတာကို ေတြ႕ရပါတယ္။ “၁၂ နာရီအတိမွာ ေ႐ႊတိဂုံဘုရားႀကီးကို က်မတို႔တိုက္ Rooftop ကေန အမွတ္မထင္ရိုက္မိလိုက္တာပါ။ အိမ္ထဲျပန္ဝင္လာမွ Photo ျပန္ၾကည့္ၿပီး

ဘုရားအရိပ္ထပ္ေပၚေနမွန္းသိတာပါ။ အေပၚထပ္ျပန္တက္ၾကည့္ၿပီး ျပန္ရိုက္ေတာ့ မေတြ႕ေတာ့ပါဘူးရွင္။ ႏွစ္သစ္မွာ ရလိုက္တဲ့ ပထမဦးဆုံး Photo ေလးပါ။ ဘယ္လို ယူဆရမယ္ေတာ့မသိေပမဲ့ 2022 မွာ အားလုံးျဖစ္ေစခ်င္တဲ့ ဆႏၵေတြ ျပည့္ပါေစ ။ 🙏🙏 Editing လုပ္ထားတဲ့ Photo လုံးဝ လုံးဝ မဟုတ္ေၾကာင္း

က်မ ကိုယ္တိုင္အာမခံပါတယ္” ဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္။ ထိုက္ထိုက္ေအာင္ကေတာ့ ႏွစ္တစ္ႏွစ္ရဲ႕အစ ည(၁၂) နာရီမွာ အမွတ္မထင္ရိုက္ကူးခဲ့တဲ့ ေ႐ႊတိဂုံဘုရားႀကီးရဲ႕ အံ့ၾသဖြယ္ရာ အရိပ္ထင္ေနမႈကို မိဘျပည္သူေတြပါ ဖူးေမွ်ာ္နိုင္ဖို႔ အခုလိုပဲ မွ်ေဝေပးခဲ့တာျဖစ္ပါတယ္။

Credit to original