မှောင်မိုက်တဲ့ နေ့ရက်တွေကို ကျော်လွန်ချင်နေပြီလို့ ရင်ဖွင့်လိုက်တဲ့ စောခရစ်မူးလာ

ပရိသတ်ကြီးရေ ပြည်သူတွေချစ်ခင်ရတဲ့ Myanmar Idol သီချင်းပြိုင်ပွဲကနေ နာမည်ကြီးကျော်ကြားလာခဲ့တဲ့ ကရင်တိုင်းရင်းသားအဆိုတော်လေး စောခရစ် မူးလာ ကိုတော့ ချစ်တဲ့ပရိသတ်တိုင်း မသိသူမရှိလောက်အောင်ပါပဲနော်။ လက်ရှိမှာ မူးလာ ဟာလွတ်မြောက်နယ်မြေနယ်မြေမှာ ရောက်ရှိနေပြီး ကျရာတာဝန်ကို ကျေပွန်အောင်ထမ်းဆောင် နေတာကိုလဲတွေ့ရပါတယ်။

ဒါကြောင့်လဲ မူးလာ ကိုတစ်နိုင်ငံလုံးက အမှန်တရားကိုချစ်တဲ့ ပြည်သူတွေက အရင်ထက်ပိုမိုချစ်ခင် အားပေးကြတာပဲဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်က မူးလာ ဟာ သူ့ရဲ့ရင်တွင်းခံစားချက်တွေကို ဖော်ထုတ်ပြလိုက်ပါတယ်။ ကရင်တိုင်းရင်းသားလေး စောခရစ် မူးလာကတော့ ခက်ခဲကြမ်းတမ်းတဲ့ တောတွင်းတစ်နေရာမှာရောက်ရှိနေပြီး မှောင်မိုက်တဲ့နေ့ရက်တွေကို ကျော်လွန်ချင်နေပြီလို့ ပရိသတ်ကြီးကို အခုလိုပဲ ရင်ဖွင့်လိုက်ပါတယ်။

“မှောင်မိုက်တဲ့နေ့ရက်တွေကိုလွန်ချင်နေပြီ အဆိုးတွေပဲရင်ဆိုင်နေရတော့ သိပ်ကိုပင်ပန်းနေပြီ နှစ်သစ်ရေ ဘယ်လိုကောင်းခြင်းမျိုးကို သယ်လာပေးမှာလဲကွာ လင်းရောင်ခြည်ရေ ငါ့အတွက်ကော မပါဘူးလား ” လို့ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ပရိသတ်တွေကတော့ ချစ်တဲ့ မူးလာ ကို နေကောင်းကျန်းမာစေဖို့ ဆုတောင်းပေးထားတာကိုလဲ တွေ့ရပါတယ်။

ပရိသတ်ကြီးရေ မိသားစုနဲ့ခွဲခွာပြီး တော်လှန်ရေးအတွက် အစွမ်းကုန် ကြိုးစားအားထုတ်နေတဲ့ အဆိုတော် စောခရစ် မူးလာ အတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ပြောပေးခဲ့ပါအုန်းနော်။ မူးလာ တစ်ယောက်လဲ ဘေးကင်းကျန်းမာစွာနဲ့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပြီးတော့ ချစ်တဲ့အနုပညာလုပ်ငန်းတွေကိုလဲ အမြန်ဆုံးပြန်လည် လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Zawgyi version



