Omicron ကူးစက်ခံလိုက်ရပြီး ရောဂါကိုတစ်ယောက်တည်း ရင်ဆိုင်နေရတဲ့ Sophia Everest

ပရိသတ်ကြီးရေ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယျဥ်ပြိုင်ရင်း နာမည်ကြီးလာခဲ့တဲ့ အဆိုတော်မလေး Sophia Everest ကိုတော့ပရိသတ်တိုင်း မှတ်မိကြလိမ့်မယ်ထင်ပါတယ်။ သူမကတော့ ထူးခြားတဲ့အသံပိုင်ရှင်လေးဖြစ်ပြီး အားပေးတဲ့ပရိသတ်များစွာ ရှိပါတယ်။

ဒါအပြင် သီချင်းကောင်းများစွာ ထွက်ရှိခဲ့ပြီး ပရိသတ်တွေလက်ခံအားပေးခဲ့ကြပါတယ်။ မကြာသေးခင်ရက်ပိုင်းလောက်က Sophia Everest ဟာ UAE နိုင်ငံကိုအလည်အပတ်သွားရောက်ခဲ့ပါတယ်။ ဒီလိုသွားရောက်လည်ပတ်ရင်း Omicron ရောဂါကို ကူးစက်ခံလိုက်ရတယ်လို့ ပရိသတ်ကြီးကို အသိပေးလိုက်ပါတယ်။

Sophia Everest ဟာ Omicron ရောဂါကူးစက်ခံလိုက်ရပြီး နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း ရင်ဆိုင်နေရတယ်လို့ အခုလိုပဲ ရင်ဖွင့်လာပါတယ်။ ” ရန်ကုန်မှာ တအိမ်လုံး Covid ဖြစ်တာတောင် မဖြစ်ခဲ့ဘူး Fully vaccinated လုပ်ပီးမှ UAE Dubai ကိုလာခဲ့တယ်

Third wave လည်း မကူး ဘူး Omicron ကျမှ ကူးတာ Oxygen 70ထိ ကျခဲ့တယ်သေမလို ဖြစ်တော့ ကိုယ်တယောက်တည်းပါပဲ နိုင်ငံရပ်ခြားလေ ဘသူလာပေးနိုင်မှာလည်း ခု ၁၁ ရက်မြောက်နေ့။ လမ်းလျောက်လည်းမော ဒီတိုင်း သီချင်းလေးဆိုတာတောင် မောတယ် ရင်တုန်ပန်းတုန်နဲ့

တကယ် ဖြစ်တော့လည်း တယောက်တည်းပါပဲ အဲ့တော့ ဘာကိုမှ သိပ်မစွဲလမ်းတာ ကောင်းတယ်တယောက်တည်းနေကျင့်ရှိ ရင် ဘာလာလာ ရင်ဆိုင်နိုင်တယ်လေ”လို့ သူမရဲ့ လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်။

ကဲ … ပရိသတ်ကြီးရေ Sophia Everest ကတော့ Omicron ရောဂါကူးစက်ခံလိုက်ရပြီး နိုင်ငံရပ်ခြားမှာ ကြိုးစားရင်ဆိုင်နေရတယ်လို့ စိတ်မကောင်းစွာ သိရပါတယ်။ ဒါကြောင့် Sophia Everest အတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။

Zawgyi version





