အိမ်ထောင်သက် (၃)နှစ်မှာ စစ်အာဏာရှင်ကြောင့် ဇနီးမောင်နှံအချင်းချင်းပဲ ပိုင်ဆိုင်မှုရှိတော့တယ်ဆိုတဲ့ ပိုင်ဖြိုးသု

သရုပ်ဆောင်မင်းသမီးလေး ပိုင်ဖြိုးသုကတော့ အနုပညာနဲ့ပတ်သက်လာရင် ပါရမီထူးသူတစ်ယောက်ဖြစ်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားချပြသူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ပိုင်ဖြိုးသုက သူမနဲ့ စိတ်တူကိုယ်တူရှိတဲ့ ဒါရိုက်တာဏကြီးနဲ့ လက်ထပ်ထားပြီး သာယာအေးချမ်းတဲ့ ဘဝတစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။

ဒါပေမယ့် စစ်အာဏာရှင်ရူးတစ်သိုက်ကြောင့် ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ဟာ သူတို့ရဲ့ အလုပ်အကိုင်တွေ မိသားစုဝင်တွေအားလုံးကို ချန်ရစ်ခဲ့ပြီး ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ (၁) ရက်နေ့ကတော့ ပိုင်ဖြိုးသုနဲ့ဏကြီးတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၃) နှစ်ပြည့်နေ့လေးပဲဖြစ်ပါတယ်။

ပိုင်ဖြိုးသုက သူမတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ “အိမ်ထောင်သက်(၃)နှစ်… ရှင့်မှာပိုင်ဆိုင်မှုဆိုလို့ ကျွန်မပဲရှိတော့တယ်… ကျွန်မမှာလည်း ပိုင်ဆိုင်မှုဆိုလို့ရှင်ပဲရှိတော့တယ်… ဒီလောက်ပိုင်ဆိုင်ထားရရင်တော်ပါပြီ…ကြင်စိုးတို့တစ်သိုက် extinctမဖြစ်မချင်း ကြုံလာသမျှလောကဓံ တစ်ရက်ချင်းရင်ဆိုင်ကြတာပေါ့ ..” ဆိုပြီး ရင်ဖွင့်လာပါတယ်။

ပိုင်ဖြိုးသုဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း မိဘတွေဆီက အမွေပြတ်စွန့်လွှတ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဏကြီးကလည်း နေအိမ်ကနေ တိမ်းရှောင်နေစဉ်ကာလအတွင်းမှာပဲ သူ့ရဲ့မိခင်ကြီးကို ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။

Zawgyi version





Credit to original