နာကျင်မှု​တွေကြားထဲက ​ကောက်ရိုး​လေးတစ်မျှင်​ထင်လို့ မင်းလက်ကိုဆွဲခဲ့တာပါ

နာကျင်မှု​တွေကြားထဲက ​ကောက်ရိုး​လေးတစ်မျှင်​ထင်လို့ မင်းလက်ကိုဆွဲခဲ့တာပါ
ပိုအထိနာ​အောင် အမြင့်​​ကိုဆွဲ​ခေါ်ပြီးခါမှ ပြန်တွန်းချမယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ
သံ​ယောဇဥ်ဆိုတဲ့ ကြိုးကွင်းနဲ့ လည်ပင်းကိုစွပ်ခံလိုက်ရခြင်းပါပဲ အသက်မ​သေ​ပေမဲ့ ငါ့မှာ စိတ်​ရော လူ​ရော ရစရာမရှိ​
ငါ့မှာ​တော့ ယုံကြည်အားကိုလိုက်ရတာ ဘယ်လိုစိတ်နဲ့များ ဒဏ်ရာ​တွေနဲ့ငါ့ကို လိမ်ညာရက်ပါသလဲ
အချစ်​တွေကုန်သွားတယ် ဆိုရ​အောင် မင်းအလိုကို​ရော ဘယ်တုန်းက ငါဆန့်ကျင်ဖူးပါသလဲ
မလိမ်ချင်စမ်းပါနဲ့အချစ်ရယ် အစတည်းကမင်းမချစ်ခဲ့ဘူးမဟုတ်လား မင်းစိတ်​ပျော်ရုံသက်သက် ပတ်သက်ခဲ့ခြင်း​တွေမဟုတ်လား
ရှင်သန်ဖို့အ​ကြောင်းပြချက်​လေးဖြစ်ဖြစ် ဖြေသာဖို့အ​ကြောင်းပြချက်​လေးဖြစ်ဖြစ် တစ်ခု​တောင် ​ပေးမသွားတဲ့ ထားခဲ့ခြင်းပါပဲ
မင်းမသိလို့ပဲ ဖြစ်ပါလိမ့်မယ် စိတ်ကိုသတ်ရင် လူပါ​သေတတ်​ကြောင်းကို​လေ ။