“ ကိုယ့်ရဲ့အသက်က မင်းပါ ” လို့ မပြောရရုံတမယ်ပါပဲ….. မေ

“ ကိုယ့်ရဲ့အသက်က မင်းပါ ” လို့
မပြောရရုံတမယ်ပါပဲ…..မေ ။

တစ်ဖက်သတ်ကြီးချစ်ရတာလည်း
နေ့စဉ်ရက်ဆက် အသက်တမျှ….. ။
တစ်ဖက်သတ်ကြီးလွမ်းနေရတာလည်း
နေ့စဉ်ရက်ဆက် အသက်တမျှ….. ။

မင်းနဲ့ယှဥ်လာရင်လေ
ကိုယ့် ဝင်သက် ထွက်သက်ကိုတောင်
မေ့မတတ်ဖြစ်ရလောက်တဲ့အထိ
အသက်တမျှ မြတ်နိုးခဲ့ရ
အသက်တမျှ ချစ်ခဲ့ရသူပါ….. ။

“မင်းက ကိုယ့်အတွက်
တကယ်ကို အသက်တမျှပါ ” လို့
မပြောရရုံတမယ်ပါပဲ…..မေ ။