လမ်းလျှောက်ထွက်ရင်း ချစ်ဖေဖေကို အာဘွားတွေပေးကာ ကပ်ချွဲနေတဲ့ ထရက်ရှာလေးရဲ့ အသည်းယားစရာ ပုံတွေကို ဝေမျှလာတဲ့ စန္ဒီမြင့်လွင်

ဂီတလောကမှာ Rap သီချင်းတွေသီဆိုရင်း ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာတဲ့သူကတော့ အဆိုတော် စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်လောကတွင် နေရာတစ်နေရာ ရရှိထားရုံသာမက ဂီတလောကမှာပါအောင်မြင်မှုတွေ ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်ကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ်။ Treasure လေးဟာ အသက်ငယ်သေးပေမယ့်လည်း မေမေနဲ့အတူ ကြော်ငြာများမှာပါ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။

သမီးလေးရဲ့လှုပ်ရှားမှုတွေတိုင်းကိုလည်း ဒီးဒီတို့ ဇနီးမောင်နှံက ဗီဒီယိုနဲ့ ဓာတ်ပုံတွေ အမြဲမှတ်တမ်းတင်ရိုက်ပေးထားကြတာ ဖြစ်ပါတယ်။ အခုလည်း လမ်းလျှောက်ထွက်ရင်း ချစ်ဖေဖေကို အာဘွားတွေပေးကာ ကပ်ချွဲနေတဲ့ ထရက်ရှာလေးရဲ့ အသည်းယားစရာ ပုံတွေကို ဝေမျှလာပါတယ် ။ ထရက်ရှာလေးတစ်ယောက် ချစ်စရာကောင်းလွန်းလို့ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှ ပေးလိုက်ပါတယ် ။

Zawgyi version


