နှစ်သစ်မှာ သမီးလေး မြမိုးဂင်္ဂါအတွက် အကောင်းဆုံးဖြစ်မယ့်ဘဝလေးကို မရရအောင်လုပ်ပေးဖို့ ကတိပေးခဲ့တဲ့ ချမ်းချမ်း
အဆိုတော် ချမ်းချမ်းကတော့ ချစ်စရာကောင်းတဲ့ သမီးကြီးမြမိုးဂင်္ဂါနဲ့ အခုဆိုရင် ဒုတိယမြောက်သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ချမ်းချမ်းဟာ လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူနေထိုင်ရာ နိုင်ငံရပ်ခြားကိုရောက်ရှိနေတာဖြစ်ပြီး မြမိုးဂင်္ဂါလေးနဲ့ တစ်မြေစီဝေးကွာနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချမ်းချမ်းက သူမအတွက်ရော အားလုံးအတွက်ပါ နှစ်သစ်ဆုတောင်းလေးတွေတောင်းပေးလာတာကို အခုလိုပဲ တွေ့ရပါတယ်။ “Happy new year 🙏🙏🙏ဒီနေ့ဟာ ၂၀၂၁ ရဲ့နောက်ဆုံးနေ့ဖြစ်သလို အဆိုးတွေကုန်ပြီးအကောင်းတွေပဲဖြစ်မယ့်၂၀၂၂ကိုကြိုဆိုကြမယ်။ ပျော်ရွှင်စရာထက်ပိုအရေးကြီးတဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကိုရွေးချယ်ခဲ့ပြီးတဲ့နောက်ပိုင်း ဘဝကိုနေတတ်လာခဲ့ပြီ။
ဒီနေ့ တော်လှန်ရေးအတွက်ကိုယ်တတ်နိုင်တဲ့ဘက်ကနေပါဝင်ပေးဖြစ်ခဲ့တဲ့ပွဲလေးရဲ့မှတ်တမ်းလေးရလို့ပျော်တယ်။ အဖေ အမေတို့နဲ့ ဖုန်းပြောခွင့်ရလို့ပျော်တယ် သူတို့မြေးမလေးတောင် မနက်ဖြန်ဆို ၉လ ပြည့်ပြီ။ ” “သမီးကြီးကိုလဲ နှစ်သစ်အတွက် အဝတ်စားတွေဝယ်ပို့ပေးတာ တော်မတော်ဝတ်ကြည့်ကြတယ် သူလေး ပျော်နေတာတွေ့ရတော့ စိတ်ချမ်းပါတယ်။ နှစ်သစ်ကို ကျမ အဖေအမေတွေ မောင်နှမ မိသားစု မနေနေ တို့နဲ့ မေမေတို့ အတူတူ အိမ်မှာရှိနေကြမယ်ဆိုတော့ အမေ့သမီး ဂဂ်ါလေး အတိုင်းထက်လွန်ပျော်နေရှာပြီ။ သမီးလေးရေ ပျော်ရာမှာမနေရတဲ့ အမေနဲ့သမီး တော်ရာမှာနေရင်း အမေ့ကိုစောင့်ပေးနော်။ အမေကတိပေးတယ်။
အမေ့သမီးလေးကို အကောင်းဆုံးဖြစ်မယ့်ဘဝလေးကိုမရရအောင်လုပ်ပေးမယ်။ အမြန်ဆုံးသမီးဆုတောင်းလေးတွေ အမေ့ဆုတောင်းလေးတွေပြည့်ပါရစေ”“နှစ်သစ်မှာ အားလုံးကိုယ်ရောစိတ်ပါကျန်းမာပါစေ။ စစ်ဘေး ရောဂါဘေးမှ အမြန်ဆုံးသက်သာလွတ်မြောက်ကြပါစေ။ 🙏🙏🙏အထူးသဖြင့် ထောင်ထဲမှာ ဖမ်းချုပ်ခံထားရတဲ့ နိုင်ငံခေါင်းဆာင်တွေ အပြစ်မဲ့ ပြည်သူတွေ အနုပညာရှင် တွေ တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ပြည်သူ့သူရဲကောင်းတွေ အမြန်ဆုံးအမှန်တရားက အနိုင်ရပီးမတရားမှုကနေ လွတ်မြောက်ကြပါစေ။ စက္ကန့်နဲ့ အမျှ ဆုတောင်းပေးနေပါတယ်”ဆိုပြီး ဆုတောင်းပေးလာခဲ့တာပဲဖြစ်ပါတယ်။ ချမ်းချမ်းလည်း သူမတောင်းတဲ့ဆုတွေနဲ့ ပြည့်ဝပြီး သမီးတွေအတွက် မိခင်ကောင်းတစ်ယောက်ဖြစ်လာပါစေလို့ တောင်းဆုပြုလိုက်ပါတယ်။
Zawgyi version
Credit to original