နှစ်သစ်ဆုတောင်းအဖြစ် တော်လှန်ရေးမှာ ကိုယ်နိုင်တဲ့နေရာကပါဝင်ရင်း အာမချောင်ခြင်းဖြင့် ကူညီပါဆိုတဲ့ မြနှင်းရည်လွင်

သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ ရဲရင့်ပြတ်သားနဲ့ မျက်လုံးတွေနဲ့ ချောမောလှပတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ပြတ်သားရဲရင့်တဲ့စိတ်ထားရှိသူပီပီ လက်ရှိနွေဦးတော်လှန်ရေးမှာလည်း အမျိုးသားတွေရဲ့ ရင်ဘောင်တန်းပြီး တက်ကြွစွာပါဝင်နေတဲ့ မြနှင်းရည်လွင်ဟာ ပရိသတ်တွေကတောင် သူရဲကောင်းမင်းသမီးအဖြစ် တင်စားခေါ်ဝေါ်ကြရသူတစ်ယောက်ပဲဖြစ်ပါတယ်။

ဒီကနေ့ (၂၀၂၂) နှစ်သစ်ကူးနေ့မှာလည်း မြနှင်းရည်လွင်က “ကျွန်မအနေနဲ့ နှစ်သစ်အတွက်ဆုတောင်းစကားဆိုရင်သိပ်ထွေထွေထူးထူးမရှိပါဘူး။ ဒီတော်လှန်ရေးမှာ ကိုယ်နိုင်တဲ့နေရာကပါဝင်ရင်း -င်မယားအာမချောင်ခြင်းဖြင့်ကူညီပါလို့ပဲပြောချင်ပါတယ်။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်မ မြနှင်းရည်လွင်ပါ”ဆိုပြီး ပြတ်သားစွာ တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။

မြနှင်းရည်လွင်ကတော့ နှစ်တစ်နှစ်ကနေ နောက်တစ်နှစ်ကို ကူးပြောင်းသွားတဲ့အချိန်မှာ ဘာကိုမှထွေထွေထူးထူးတောင်းဆုပြုမနေပဲ တော်လှန်ရေးကြီးအောင်မြင်ဖို့ ာ ကိုယ်နိုင်တဲ့နေရာကပါဝင်ရင်း အာမချောင်ခြင်းဖြင့်ကူညီပါဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Zawgyi version




Credit to original