ချစ်ရတဲ့ဖေဖေ အာဘွိုင်းရဲ့မွေးနေ့လေးမှာ အမှတ်တရပုံလေးတွေနဲ့အတူ ချစ်စရာမွေးနေ့ဆုတောင်းလေး တောင်းပေးလိုက်တဲ့ Scarlett

ချစ်စရာကောင်းပြီး အသည်းယားစရာကောင်းလှတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ရဲ့သမီးလေး Scarlett Phyo Tunကိုသိကြမယ်ထင်ပါတယ်‌နော် ။ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံကလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုကိုယ်စီရရှိ ထားတဲ့သူ‌တွေဖြစ်ပါတယ်။

Scarlettလေးက မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေးနဲ့ ဖြူဖွေးဝင်းဥနေပြီး ဘာဘီရုပ်မလေးလို အရမ်းအသည်းယားစရာကောင်းတဲ့ ကလေးလေးပါနော်။ ပရိသတ်တွေကလည်း Scarlett လေးကို ချစ်ကြလို့ သူရဲ့ လှုပ်ရှားမှု ပုံတိုင်းကို အမြဲ စောင့်ကြည့် အားပေးနေကြတာ လည်းဖြစ်ပါတယ် ။

အခုလည်း ယနေ့မှာ ကျရောက်တဲ့ ချစ်ရတဲ့ ဖေဖေ အာဘွိုင်းရဲ့ မွေးနေ့လေး အမှတ်တရ ပုံလေးတွေနဲ့ အတူ ” Happy Birthday ဖေဖေ🎂💙 Kyaw Phyo Tun I love uuuuu 😚 ” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြလာပါတယ် ။ ပုံတိုင်းမှာ သားအဖနှစ်ယောက်လုံး အရမ်း ချစ်စရာကောင်းလွန်းလို့ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Zawgyi version


