ခွဲစိတ်မှုပြုလုပ်ထားတဲ့ ချစ်ခင်ပွန်းဖြစ်သူ ငှက်ပျောကြော်အတွက် ချစ်စရာကောင်းတဲ့ ယတြာတစ်ခုပြုလုပ်ပေးနေတဲ့ ငှက်ပျောကြော်ရဲ့ဇနီး

ပရိသတ်ကြီးတို့ရဲ့ ငယ်စဉ်ထဲကအားပေးလာခဲ့ရတဲ့ ဟာသလူရွှင်တော်ကြီး ဦးငှက်ပျောကြော် ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ်ထင်ပါတယ်နော်။ လူရွှင်တော်ကြီး ဦးငှက်ပျောကြော် ရဲ့ ပြက်လုံးတွေဟာ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေပြီး ပရိသတ်ကို မပျင်းရလေအောင် ဖျော်ဖြေနိုင်တာပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကြာ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ဟာသသရုပ်ဆောင်အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့အပြင် ကာရိုက်တာမျိုးစုံကိုလဲ မင်းသားတွေနဲ့အတူ တွဲဖက်သရုပ်ဆောင်နိုင်တဲ့ ဟာသသရုပ်ဆောင်ကြီးတစ်ဦးလဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ပရိသတ်ကြီးချစ်တဲ့ လူရွှင်တော် ဦးငှက်ပျောကြော် ဟာ အသေးစားခွဲစိတ်မှု့တစ်ခုပြုလုပ်ခဲ့ရပါတယ်။လူရွှင်တော်ကြီး ဦးငှက်ပျောကြော် ဟာ အမျိုးသားနဲ့ပတ်သတ်တဲ့ ခန္ဓာကိုယ်ရဲ့အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုကို ဆေးရုံတတ်ပြီး ခွဲစိတ်ကုသမှု့ခံယူခဲ့ရပါတယ်။ စိုးရိမ်စရာမရှိတော့ပေမယ့် ပရိသတ်တွေဟာ ဦးငှက်ပျောကြော် အတွက် ဆုတောင်းမေတ္တာပို့သနေကြတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဦးငှက် ဟာ နေကောင်းကျန်းမာလာပြီဖြစ်ကြောင်း သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားလာခဲ့တာကြောင့် ပရိသတ်တွေ စိတ်အေးခဲ့ရပါတယ်။ ဒီကနေ့မှာတော့ ဦးငှက်ပျောကြော် ရဲ့ဇနီးဖြစ်သူ နေခြည် (တား‌ရော့) ဟာ ခင်ပွန်းဖြစ်သူအတွက် ထူးထူးဆန်းဆန်း ချစ်ဖို့ကောင်းတဲ့ ယတြာလေးတစ်ခု ချေပေးခဲ့ပါတယ်။ ” ဟိုငှက်က ခွဲစိတ်ခံထားရတော့ ဒီငှက်ကို တစ်ကောင် ၇၀၀ နဲ့ ၉ ကောင်တိတိ လွှတ် ” လို့ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာမှာ ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်နော်။

ပရိသတ်ကြီးရေ လူရွှင်တော်ကြီး ဦးငှက်ပျောကြော် အတွက် ဇနီးဖြစ်သူကတော့ ငှက် ၉ ကောင်ရဲ့အသက်ကို လွတ်မြောက်ခွင့်ပေးပြီး ကူညီကယ်တင်ခဲ့တာ ကြည်နူးစရာကောင်းပါတယ်။ ဦးငှက်ပျောကြော် လဲ နေကောင်းကျန်းမာပြီး ဇနီးဖြစ်သူနဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi version

ပရိသတ္ႀကီးတို႔ရဲ႕ ငယ္စဥ္ထဲကအားေပးလာခဲ့ရတဲ့ ဟာသလူ႐ႊင္ေတာ္ႀကီး ဦးငွက္ေပ်ာေၾကာ္ ကိုေတာ့ အားလုံးပဲ မွတ္မိၾကအုန္းမယ္ထင္ပါတယ္ေနာ္။ လူ႐ႊင္ေတာ္ႀကီး ဦးငွက္ေပ်ာေၾကာ္ ရဲ႕ ျပက္လုံးေတြဟာ ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ႊင္ေစၿပီး ပရိသတ္ကို မပ်င္းရေလေအာင္ ေဖ်ာ္ေျဖနိုင္တာပဲ ျဖစ္ပါတယ္။ ဆယ္စုႏွစ္တစ္ခုၾကာ ႐ုပ္ရွင္ဇာတ္လမ္းေတြထဲမွာ ဟာသသ႐ုပ္ေဆာင္အျဖစ္ ပီပီျပင္ျပင္ သ႐ုပ္ေဆာင္နိုင္ခဲ့တဲ့အျပင္ ကာရိုက္တာမ်ိဳးစုံကိုလဲ မင္းသားေတြနဲ႕အတူ တြဲဖက္သ႐ုပ္ေဆာင္နိုင္တဲ့ ဟာသသ႐ုပ္ေဆာင္ႀကီးတစ္ဦးလဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ရက္ပိုင္းေလာက္က ပရိသတ္ႀကီးခ်စ္တဲ့ လူ႐ႊင္ေတာ္ ဦးငွက္ေပ်ာေၾကာ္ ဟာ အေသးစားခြဲစိတ္မႈ႕တစ္ခုျပဳလုပ္ခဲ့ရပါတယ္။လူ႐ႊင္ေတာ္ႀကီး ဦးငွက္ေပ်ာေၾကာ္ ဟာ အမ်ိဳးသားနဲ႕ပတ္သတ္တဲ့ ခႏၶာကိုယ္ရဲ႕အေရးပါတဲ့ အစိတ္အပိုင္းတစ္ခုကို ေဆး႐ုံတတ္ၿပီး ခြဲစိတ္ကုသမႈ႕ခံယူခဲ့ရပါတယ္။ စိုးရိမ္စရာမရွိေတာ့ေပမယ့္ ပရိသတ္ေတြဟာ ဦးငွက္ေပ်ာေၾကာ္ အတြက္ ဆုေတာင္းေမတၱာပို႔သေနၾကတာပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဦးငွက္ ဟာ ေနေကာင္းက်န္းမာလာၿပီျဖစ္ေၾကာင္း သူ႕ရဲ႕ ေဖ့ဘြတ္စာမ်က္ႏွာမွာ ေရးသားလာခဲ့တာေၾကာင့္ ပရိသတ္ေတြ စိတ္ေအးခဲ့ရပါတယ္။ ဒီကေန႕မွာေတာ့ ဦးငွက္ေပ်ာေၾကာ္ ရဲ႕ဇနီးျဖစ္သူ ေနျခည္ (တား‌ေရာ့) ဟာ ခင္ပြန္းျဖစ္သူအတြက္ ထူးထူးဆန္းဆန္း ခ်စ္ဖို႔ေကာင္းတဲ့ ယၾတာေလးတစ္ခု ေခ်ေပးခဲ့ပါတယ္။ ” ဟိုငွက္က ခြဲစိတ္ခံထားရေတာ့ ဒီငွက္ကို တစ္ေကာင္ ၇၀၀ နဲ႕ ၉ ေကာင္တိတိ လႊတ္ ” လို႔ သူမရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာမွာ ေရးသားထားတဲ့ သတင္းေလးကို ျပန္လည္မွ်ေဝ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

ပရိသတ္ႀကီးေရ လူ႐ႊင္ေတာ္ႀကီး ဦးငွက္ေပ်ာေၾကာ္ အတြက္ ဇနီးျဖစ္သူကေတာ့ ငွက္ ၉ ေကာင္ရဲ႕အသက္ကို လြတ္ေျမာက္ခြင့္ေပးၿပီး ကူညီကယ္တင္ခဲ့တာ ၾကည္ႏူးစရာေကာင္းပါတယ္။ ဦးငွက္ေပ်ာေၾကာ္ လဲ ေနေကာင္းက်န္းမာၿပီး ဇနီးျဖစ္သူနဲ႕ သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ အိမ္ေထာင္ေရးခရီးလမ္းကို ေလွ်ာက္လွမ္းနိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။