အလုပ်တွေလုပ်ရင်း ရုတ်တရက် နာမကျန်းဖြစ်ကာ အရေးပေါ်ဆေးရုံတက်ခဲ့ရတဲ့ ဖခင်ဖြစ်သူ စင်ရော်မောင်မောင်အကြောင်း အသိပေးခဲ့တဲ့ မင်းသန့်မောင်မောင်

ဒါရိုက်တာ စင်ရောင်မောင်မောင်ကတော့ အကယ်ဒမီဆုတွေများစွာကို လက်ဝယ်ပိုင်ဆိုင်ထားပြီး ရုပ်ရှင်အနုပညာလောကမှာ အောင်မြင်မှုတွေများစွာကို ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဒါရိုက်တာ စင်ရော်မောင်မောင်က သူ့ရဲ့ အနုပညာအမွေတွေကို သားဖြစ်သူ မင်းသန့်မောင်မောင်ဆီ လက်လွှဲပေးနိုင်ခဲ့ပြီး

မင်းသန့်မောင်မောင်ကလည်း ဒါရိုက်တာပညာရပ်ကို အမေရိကန်နိုင်ငံအထိ သွားရောက်သင်ယူခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသန့်မောင်မောင်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး ဖခင်ကြီး စင်ရော်မောင်မောင်နဲ့ မိခင်ကြီး မေသန်းနုတို့ကို လိုလေသေးမရှိ ပြုစုစောင့်ရှောက်နေလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၃) ရက်နေ့မှာတော့ စင်ရော်မောင်မောင်ဟာ အလုပ်တွေလုပ်ရင်း ရုတ်တရက်နာမကျန်းဖြစ်ကာ အရေးပေါ်ဆေးရုံတက်ခဲ့ရတဲ့ ဖခင်ဖြစ်သူ စင်ရော်မောင်မောင်အကြောင်းကို သားဖြစ်သူ မင်းသန့်မောင်မောင်က “ဖေဖေ .ယနေ့နံနက်ဆရာကန်တော့ပွဲ/ကျန်းမာစောင့် ရှောက်ဆိုင်ရာငွေစာရင်းများ KBZ ဘဏ်တွင်ရှင်းလင်းဆောင်ရွက်ပေးရင်း ရုတ်တရက် မူးဝေ နာမကျန်းဖြစ်သဖြင့် သုခကမ္ဘာဆေးရုံ Emergency သို့ တက်ရောက်ကုသမှုခံယူနေရပါသည်။” ဆိုပြီး အသိပေးးခဲ့ပါတယ်။

စင်ရော်မောင်မောင်ကလည်း သုခကမ္ဘာဆေးရုံမှာ တစ်ရက်တာဆေးကုသမှုခံယူပြီးနောက် နေကောင်းသက်သာလာခဲ့ပြီလို့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာပြောထားပါတယ်။ ပရိသတ်ကြီးကလည်း စင်ရော်မောင်မော်တစ်ယောက် ကျန်းမာစေဖို့ ဆုတောင်းစကားတွေပြောခဲ့ကြပါဦးနော်။

Zawgyi version

ဒါရိုက္တာ စင္ေရာင္ေမာင္ေမာင္ကေတာ့ အကယ္ဒမီဆုေတြမ်ားစြာကို လက္ဝယ္ပိုင္ဆိုင္ထားၿပီး ႐ုပ္ရွင္အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြမ်ားစြာကို ဆြတ္ခူးနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ ဒါရိုက္တာ စင္ေရာ္ေမာင္ေမာင္က သူ႕ရဲ႕ အႏုပညာအေမြေတြကို သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္ဆီ လက္လႊဲေပးနိုင္ခဲ့ၿပီး

မင္းသန႔္ေမာင္ေမာင္ကလည္း ဒါရိုက္တာပညာရပ္ကို အေမရိကန္နိုင္ငံအထိ သြားေရာက္သင္ယူခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ မင္းသန႔္ေမာင္ေမာင္က ျမန္မာနိုင္ငံကို ျပန္လည္ေရာက္ရွိေနၿပီး ဖခင္ႀကီး စင္ေရာ္ေမာင္ေမာင္နဲ႕ မိခင္ႀကီး ေမသန္းႏုတို႔ကို လိုေလေသးမရွိ ျပဳစုေစာင့္ေရွာက္ေနလ်က္ရွိပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ (၁၃) ရက္ေန႕မွာေတာ့ စင္ေရာ္ေမာင္ေမာင္ဟာ အလုပ္ေတြလုပ္ရင္း ႐ုတ္တရက္နာမက်န္းျဖစ္ကာ အေရးေပၚေဆး႐ုံတက္ခဲ့ရတဲ့ ဖခင္ျဖစ္သူ စင္ေရာ္ေမာင္ေမာင္အေၾကာင္းကို သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္က “ေဖေဖ .ယေန႕နံနက္ဆရာကန္ေတာ့ပြဲ/က်န္းမာေစာင့္ ေရွာက္ဆိုင္ရာေငြစာရင္းမ်ား KBZ ဘဏ္တြင္ရွင္းလင္းေဆာင္႐ြက္ေပးရင္း ႐ုတ္တရက္ မူးေဝ နာမက်န္းျဖစ္သျဖင့္ သုခကမာၻေဆး႐ုံ Emergency သို႔ တက္ေရာက္ကုသမႈခံယူေနရပါသည္။” ဆိုၿပီး အသိေပးးခဲ့ပါတယ္။

စင္ေရာ္ေမာင္ေမာင္ကလည္း သုခကမာၻေဆး႐ုံမွာ တစ္ရက္တာေဆးကုသမႈခံယူၿပီးေနာက္ ေနေကာင္းသက္သာလာခဲ့ၿပီလို႔ သူ႕ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာေျပာထားပါတယ္။ ပရိသတ္ႀကီးကလည္း စင္ေရာ္ေမာင္ေမာ္တစ္ေယာက္ က်န္းမာေစဖို႔ ဆုေတာင္းစကားေတြေျပာခဲ့ၾကပါဦးေနာ္။