စိတ်ရောကိုယ်ပါ မကျန်းမာပေမယ့် စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့အစားအစာ၊ ဆေးဝါးတွေကို လှူဒါန်းပေးခဲ့တယ်ဆိုတဲ့ မအေးသောင်း

မအေးသောင်းကတော့ လူလေးလှသလို စိတ်ထားလေးလည်း လှပသူတစ်ယောက်အဖြစ် ပရိသတ်တွေကြားထဲမှာ ထင်ရှားသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာလည်း ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့ပြီး (၅၀၅) က နဲ့တရားစွဲဆိုခံခဲ့ရတဲ့ မအေးသောင်းက လက်တလောမှာတော့ ဘေးလွတ်ရာကိုတိမ်းရှောင်နေရသူတစ်ယောက်ပါ။ ကိုယ်တိုင်လည်း အိမ်နဲ့အဝေးတစ်နေရာကိုရောက်ရှိနေတဲ့ မအေးသောင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးဖြစ်နေတဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“ကျမကိုယ်တိုင်တော့ ဒီရက်ပိုင်းနေလို့သိပ်မကောင်းပါဘူးPhysically ရော Mentally ရောပေါ့။ ထားပါတော့ ကိုယ်ရေးကိုယ်တာကိစ္စဘာညာပေါ့။ တကယ်က ဘဝမှာအရေးကြီးတဲ့အရာတွေ ဦးစားပေးသင့်တဲ့အရာတွေက အသက်ပေါ်မူတည်ပြီးပြောင်းလဲတတ်ကြတာ ဒီရက်ပိုင်းပိုသတိထားမိလာတယ်။ သိတဲ့အတိုင်းပဲ ဒီရက်စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေအတွက်လည်းစိတ်မကောင်းဘူး။ သူတို့နေတဲ့မြို့လေးကနေ တခြားတနယ်တကျေးပြောင်းရတာ ဘယ်လွယ်ပါ့မလဲ။ ရိုးရိုးပြောင်းရွေ့ရတာလည်းမဟုတ်တော့ အေးအေးဆေးဆေးလိုတာလေးတွေစဉ်းစားပြီးကောက်ထည့်လို့ရတာလဲမဟုတ်တော့ လိုအပ်တာတွေအများကြီးရှိနေကြမှာပါပဲ။ ”

“လက်ခံပေးကြတဲ့မြို့ရွာ အသီးသီးကလည်း ကူညီကြတယ်လို့သိရတော့ပီတိဖြစ်ရတယ်။ ကျမကတော့ ကျန်းမာရေးလည်းဂရုစိုက်စေချင်တာရယ်ကြောင့် Covid Test Kit တွေရယ် အစားအစာအတွက်အဓိကဖြစ်တဲ့ ဆန် ဆီ ဆား အာလူး ပေါ့။ လှူနိုင်သလောက်လှူဖြစ်တယ်။ ပုံတွေဘာတွေကတော့လည်းတင်စရာမလိုပါဘူးလေ။ စစ်ဘေးရှောင်တဲ့အထဲမှာ ကိုယ့်ထက်ချမ်းသာတဲ့သူတွေတောင်အများကြီးပါပါတယ်။ ကိုယ့်ထက်ပညာတတ်တဲ့သူ အသက်အရွယ်ကြီးတဲ့သူ။ ဘာပဲဖြစ်ဖြစ် ယဉ်ကျေးတဲ့လူ့ဘောင်အဖွဲ့အစည်းမှာ ကျမတို့တွေနေထိုင်တယ်။ အဓိကက တကယ်လိုအပ်တဲ့နေရာမှာ ကျမလှူခွင့်ရချင်တယ် ဘဝက ခဏလေးပါ ပေးသောလက်ပဲ အမြဲဖြစ်ရပါလို၏ 🙏🙏🙏 ” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ မအေးသောင်းကတော့ လူဖြစ်ရတဲ့ဘဝခဏတာမှာ အများကောင်းကျိုးကိုသာ ဖန်တီးပေးလိုပြီး ပေးသက်လေပဲ အမြဲဖြစ်ချင်တဲ့အကြောင်းကို ပြောလာတာပဲဖြစ်ပါတယ်။ မအေးသောင်းတစ်ယောက် တောင်းနဲ့ဆုနဲ့ တစ်လုံးတစ်ဝကြီးပြည့်စုံပါစေနော်။

Zawgyi version

မေအးေသာင္းကေတာ့ လူေလးလွသလို စိတ္ထားေလးလည္း လွပသူတစ္ေယာက္အျဖစ္ ပရိသတ္ေတြၾကားထဲမွာ ထင္ရွားသူတစ္ေယာက္ျဖစ္ပါတယ္။ လက္ရွိေႏြဦးေတာ္လွန္ေရးမွာလည္း ျပည္သူေတြနဲ႕ တစ္သားတည္းရပ္တည္ခဲ့ၿပီး (၅၀၅) က နဲ႕တရားစြဲဆိုခံခဲ့ရတဲ့ မေအးေသာင္းက လက္တေလာမွာေတာ့ ေဘးလြတ္ရာကိုတိမ္းေရွာင္ေနရသူတစ္ေယာက္ပါ။ ကိုယ္တိုင္လည္း အိမ္နဲ႕အေဝးတစ္ေနရာကိုေရာက္ရွိေနတဲ့ မေအးေသာင္းက စစ္ေဘးေရွာင္ျပည္သူေတြအတြက္လည္း တတ္နိုင္သေလာက္ ကူညီေစာင့္ေရွာက္ေပးျဖစ္ေနတဲ့အေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။

“က်မကိုယ္တိုင္ေတာ့ ဒီရက္ပိုင္းေနလို႔သိပ္မေကာင္းပါဘူးPhysically ေရာ Mentally ေရာေပါ့။ ထားပါေတာ့ ကိုယ္ေရးကိုယ္တာကိစၥဘာညာေပါ့။ တကယ္က ဘဝမွာအေရးႀကီးတဲ့အရာေတြ ဦးစားေပးသင့္တဲ့အရာေတြက အသက္ေပၚမူတည္ၿပီးေျပာင္းလဲတတ္ၾကတာ ဒီရက္ပိုင္းပိုသတိထားမိလာတယ္။ သိတဲ့အတိုင္းပဲ ဒီရက္စစ္ေဘးေရွာင္ေနရတဲ့ျပည္သူေတြအတြက္လည္းစိတ္မေကာင္းဘူး။ သူတို႔ေနတဲ့ၿမိဳ႕ေလးကေန တျခားတနယ္တေက်းေျပာင္းရတာ ဘယ္လြယ္ပါ့မလဲ။ ရိုးရိုးေျပာင္းေ႐ြ႕ရတာလည္းမဟုတ္ေတာ့ ေအးေအးေဆးေဆးလိုတာေလးေတြစဥ္းစားၿပီးေကာက္ထည့္လို႔ရတာလဲမဟုတ္ေတာ့ လိုအပ္တာေတြအမ်ားႀကီးရွိေနၾကမွာပါပဲ။ ”

“လက္ခံေပးၾကတဲ့ၿမိဳ႕႐ြာ အသီးသီးကလည္း ကူညီၾကတယ္လို႔သိရေတာ့ပီတိျဖစ္ရတယ္။ က်မကေတာ့ က်န္းမာေရးလည္းဂ႐ုစိုက္ေစခ်င္တာရယ္ေၾကာင့္ Covid Test Kit ေတြရယ္ အစားအစာအတြက္အဓိကျဖစ္တဲ့ ဆန္ ဆီ ဆား အာလူး ေပါ့။ လႉနိုင္သေလာက္လႉျဖစ္တယ္။ ပုံေတြဘာေတြကေတာ့လည္းတင္စရာမလိုပါဘူးေလ။ စစ္ေဘးေရွာင္တဲ့အထဲမွာ ကိုယ့္ထက္ခ်မ္းသာတဲ့သူေတြေတာင္အမ်ားႀကီးပါပါတယ္။ ကိုယ့္ထက္ပညာတတ္တဲ့သူ အသက္အ႐ြယ္ႀကီးတဲ့သူ။ ဘာပဲျဖစ္ျဖစ္ ယဥ္ေက်းတဲ့လူ႕ေဘာင္အဖြဲ႕အစည္းမွာ က်မတို႔ေတြေနထိုင္တယ္။ အဓိကက တကယ္လိုအပ္တဲ့ေနရာမွာ က်မလႉခြင့္ရခ်င္တယ္ ဘဝက ခဏေလးပါ ေပးေသာလက္ပဲ အၿမဲျဖစ္ရပါလို၏ 🙏🙏🙏 ” ဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္။ မေအးေသာင္းကေတာ့ လူျဖစ္ရတဲ့ဘဝခဏတာမွာ အမ်ားေကာင္းက်ိဳးကိုသာ ဖန္တီးေပးလိုၿပီး ေပးသက္ေလပဲ အၿမဲျဖစ္ခ်င္တဲ့အေၾကာင္းကို ေျပာလာတာပဲျဖစ္ပါတယ္။ မေအးေသာင္းတစ္ေယာက္ ေတာင္းနဲ႕ဆုနဲ႕ တစ္လုံးတစ္ဝႀကီးျပည့္စုံပါေစေနာ္။