မွေးနေ့မှာ အချစ်တွေအပြည့်နဲ့ ကိုယ်တိုင်မွေးနေ့ကိတ်လေးဖန်တီးပေးခဲ့တဲ့ ဇနီးသည် မြတ်ရတနာကျော်ရဲ့မေတ္တာကို ပြောပြလာတဲ့ Ah Boy

အဆိုတော် Ah Boy နဲ့ သရုပ်ဆောင် မြတ်ရတနာကျော်ကတော့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို အတူတူထုဆစ်ပုံဖော်ထားကြတဲ့ ဇနီးမောင်နှံတွေပဲ ဖြစ်ပါတယ်။ Ah Boy ကလည်း ချစ်ဇနီးနဲ့ သမီးသုံးယောက်အတွက် အလုပ်တွေကြိုးစားနေတဲ့ အိမ်ထောင်ဦးစီး အမျိုးသားတစ်ယောက်ဖြစ်သလို မြတ်ရတနာကျော်ကလည်း သူမအလုပ်သူမလုပ်ကိုင်ပြီး ခင်ပွန်းနဲ့ သမီးတွေအပေါ် တာဝန်ကျေတဲ့ မိခင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ချစ်စရာကောင်းပြီး နားလည်မှုတွေနဲ့ တည်ဆောက်ထားကြတဲ့ Ah Boy တို့ မိသားစုလေးကို ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၃) ရက်နေ့ကတော့ Ah Boy ရဲ့ (၃၆) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ Ah Boy ကသူ့ရဲ့မွေးနေ့မှာ ချစ်ရတဲ့မိသားစုနဲ့ ပျော်ရွှင်တဲ့အချိန်တွေဖန်တီးနိုင်ခဲ့သလို

ဇနီးဖြစ်သူ မြတ်ရတနာကျော်ဆီကလည်း ချစ်ခြင်းမေတ္တာတွေအပြည့်အဝရရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ Ah Boy က သူ့ရဲ့ မွေးနေ့မှာ မေတ္တာတွေအပြည့်နဲ့ မွေးနေ့ကိတ်လေးဖန်တီးပေးခဲ့တဲ့ ဇနီးသည်မြတ်ရတနာကျော်ကို “မွေးနေ့မှာ သူမကိုယ်တိုင်လုပ် မွေးနေ့ကိတ်လေး ပေးခဲ့သော အရမ်းချစ်ဖို့ကောင်းတဲ့ မိန်းမ ❤️” ဆိုပြီး ပြောလာခဲ့ပါတယ်။

Ah Boy တို့ မိသားစုကတော့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြင်နာရင်း မိသားစုဘဝလေးကို အတူတူထုဆစ်ပုံဖော်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Ah Boyတို့ မိသားစုဘဝလေးကိုကြည့်ပြီး အားကျနေလောက်ပြီထင်ပါတယ်နော်။

Zawgyi version



