ငယ်ငယ်ကတည်းကချစ်ရတဲ့ အချစ်ဆုံးသူငယ်ချင်း အေးမြတ်သူနဲ့ အမိုက်စားရိုက်ကူးရေးတစ်ခုပြုလုပ်နေပုံကို ပြသလာတဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် အေးမြတ်သူနဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်တို့ကတော့ မော်ဒယ်လ်တွေအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန်မှစပြီး ယနေ့အချိန်ထိ ခင်မင်ရင်းနှီးနေကြတဲ့ သူငယ်ချင်းအနုပညာညီအစ်မတွေပဲဖြစ်ပါတယ်။

အသက်အရွယ်မတိမ်းမယိမ်းရှိကြသလို လှပနုပျိုပုံမှာလည်း ငယ်ရွယ်သူတွေတောင် လိုက်မမှီနိုင်တဲ့ အေးမြတ်သူနဲ့ သင်ဇာဝင့်ကျော်တို့ကို ပရိသတ်တွေကလည်း ဆယ်စုနှစ်တစ်ခုတိုင်တိုင် အားပေးခဲ့ရတာပဲဖြစ်ပါတယ်။ အပြင်မှာလည်း ခင်မင်ရင်းနှီးကြသလို အလုပ်တွေကိုလည်း မကြာခဏဆိုသလို အတူတူတွဲဖက်လုပ်ကိုင်လေ့ရှိတဲ့

သင်ဇာဝင့်ကျော်နဲ့ အေးမြတ်သူဟာ ဒီကနေ့မှာလည်း ရိုက်ကူးရေးတစ်ခုကို ပြုလုပ်နေကြလျက်ရှိပါတယ်။ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း အေးမြတ်သူနဲ့ ရိုက်ကွင်းပေါ်က အမှတ်တရတွေကို ဝေမျှထားတာမို့ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။

အေးမြတ်သူနဲ့ သင်ဇာဝင့်ကျော်တို့ကတော့ ခန္ဓာကိုယ်အလှပေါ်လွင်စေတဲ့ ဝတ်စုံလေးတွေနဲ့ အရမ်းပဲလှနေကြတာပဲနော်။ ပရိသတ်ကြီးလည်း အေးမြတ်သူနဲ့ သင်ဇာဝင့်ကျော်တို့နှစ်ယောက်ထဲမှာ ဘယ်သူ့ကိုပိုချစ်လဲပြောပြပေးခဲ့ကြပါဦးနော်။

Zawgyi version



