ဖခင်ကြီးတစ်ယောက်လို ချစ်ခင်ရတဲ့ ဦးမိုးဒီရဲ့မွေးနေ့ကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မိုးစက်

ပရိသတ်ကြီးရေ ဦးမိုးဒီကတော့ ပရိသတ်တွေရဲ့ ရင်ထဲအသဲထဲမှာ နေရာယူနိုင်ထားတဲ့ ဝါရင့်သဘာရင့် ပရိသတ်အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် လူရွှင်တော် ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်အဖြစ်အနုပညာလောကမှာရပ်တည်နေတဲ့သူတစ်ယောက်ပါ။ မနေ့က ဇန်နဝါရီလ (၁၆)ရက်နေ့လေးကတော့ ဦးမိုးဒီရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

ဦးမိုးဒီကတော့ မနေ့ကမွေးနေ့ရက်မြတ်လေးမှာ အသက် (၇၄)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ ဦးမိုးဒီရဲ့ မွေးနေ့ရက်မြတ်လေးအတွက်ကို သားတစ်ယောက်လိုချစ်ခင်ရတဲ့ မိုးစက်ကလည်း ချစ်ခြင်းမေတ္တာအပြည့်နဲ့ အခုလိုပဲသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွေးနေ့ဆုတောင်းပေးထားခဲ့ပါတယ်။ “Happy Birthday ပါ ဖေကြီးရေ။ ဒီနေ့ သားအဖနှစ်ယောက် Live Sale လက်ခံထားတာ သူ့မွေးနေ့ဆိုတာ လုံးဝပြောဘူး။ အလုပ်သာ ပြီးသွားတယ်။ လုံးဝ (လုံးဝ) မသိလိုက်ဘူး ။ ငါ့သား အလုပ်ဖြတ်ပြီး သူ့အတွက်စီစဉ်နေမှာ စိုးလို့တဲ့။

ဖေကြီးရေ မွေးနေ့ရက်မြတ်မှ စ၍ သက်ရှည်ကျန်းမာ စွာနဲ့ သားနဲ့အတူ အနုပညာတွေဆက်လက်လုပ်ကိုင်နိုင်ပြီး ပေး၍မကုန် ၊ လှူ၍ မခမ်းသော လက်တစ်စုံ ကို ပိုင်ဆိုင်နိုင်ပါစေ ။ဘာသာ ၊ သာသနာအကျိုးကိုလည်း ဆထပ်တပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့။ ပရိတ်သတ်များနဲ့ထပ်တူ ဆုတောင်းပေးလိုက်ပါတယ် ဖေကြီး ။” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာပါ။ ပရိသတ်ကြီးရေ မနေ့က မွေးနေ့ကျရောက်ခဲ့တဲ့ ဦးမိုးဒီရဲ့မွေးနေ့ကို မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Zawgyi version

ပရိသတ္ႀကီးေရ ဦးမိုးဒီကေတာ့ ပရိသတ္ေတြရဲ႕ ရင္ထဲအသဲထဲမွာ ေနရာယူနိုင္ထားတဲ့ ဝါရင့္သဘာရင့္ ပရိသတ္အခ်စ္ေတာ္ ႐ုပ္ရွင္နဲ႕ ဗီဒီယိုသ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ ပရိသတ္အခ်စ္ေတာ္ အႏုပညာရွင္တစ္ေယာက္အျဖစ္အႏုပညာေလာကမွာရပ္တည္ေနတဲ့သူတစ္ေယာက္ပါ။ မေန႕က ဇန္နဝါရီလ (၁၆)ရက္ေန႕ေလးကေတာ့ ဦးမိုးဒီရဲ႕ ေမြးေန႕ရက္ျမတ္က်ေရာက္တဲ့ ေန႕ရက္ေလးပဲျဖစ္ပါတယ္။

ဦးမိုးဒီကေတာ့ မေန႕ကေမြးေန႕ရက္ျမတ္ေလးမွာ အသက္ (၇၄)ႏွစ္ျပည့္ေျမာက္သြားခဲ့တာပဲျဖစ္ပါတယ္။ ဦးမိုးဒီရဲ႕ ေမြးေန႕ရက္ျမတ္ေလးအတြက္ကို သားတစ္ေယာက္လိုခ်စ္ခင္ရတဲ့ မိုးစက္ကလည္း ခ်စ္ျခင္းေမတၱာအျပည့္နဲ႕ အခုလိုပဲသူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေမြးေန႕ဆုေတာင္းေပးထားခဲ့ပါတယ္။ “Happy Birthday ပါ ေဖႀကီးေရ။ ဒီေန႕ သားအဖႏွစ္ေယာက္ Live Sale လက္ခံထားတာ သူ႕ေမြးေန႕ဆိုတာ လုံးဝေျပာဘူး။ အလုပ္သာ ၿပီးသြားတယ္။ လုံးဝ (လုံးဝ) မသိလိုက္ဘူး ။ ငါ့သား အလုပ္ျဖတ္ၿပီး သူ႕အတြက္စီစဥ္ေနမွာ စိုးလို႔တဲ့။

ေဖႀကီးေရ ေမြးေန႕ရက္ျမတ္မွ စ၍ သက္ရွည္က်န္းမာ စြာနဲ႕ သားနဲ႕အတူ အႏုပညာေတြဆက္လက္လုပ္ကိုင္နိုင္ၿပီး ေပး၍မကုန္ ၊ လႉ၍ မခမ္းေသာ လက္တစ္စုံ ကို ပိုင္ဆိုင္နိုင္ပါေစ ။ဘာသာ ၊ သာသနာအက်ိဳးကိုလည္း ဆထပ္တပိုး သယ္ပိုးေဆာင္႐ြက္နိုင္ပါေစလို႔။ ပရိတ္သတ္မ်ားနဲ႕ထပ္တူ ဆုေတာင္းေပးလိုက္ပါတယ္ ေဖႀကီး ။” ဆိုၿပီး ေမြးေန႕ဆုေတာင္းေပးခဲ့တာပါ။ ပရိသတ္ႀကီးေရ မေန႕က ေမြးေန႕က်ေရာက္ခဲ့တဲ့ ဦးမိုးဒီရဲ႕ေမြးေန႕ကို ေမြးေန႕ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။