ဖခင်ကြီး ကွယ်လွန်ခြင်း (၂၁)နှစ်ပြည့်နေ့လေးမှာ ကောင်းမှုတွေပြုလုပ်ပေးခဲ့တဲ့ အိုင်ရင်းဇင်မာမြင့်

အိုင်ရင်းဇင်မာမြင့်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ချိုသာပြီး ဆွဲဆောင်မှုပြည့်ဝတဲ့ အသံကြောင့် ထိပ်တန်းအဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်အခိုင်အမာရရှိထားခဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

အိုင်ဇင်းဇင်မာမြင့်ကတော့ မနေ့က သူ့ရဲ့ဖခင်ကြီးအတွက် ရည်စူးပြီးကောင်မှုကုသိုလ်တွေပြုလုပ်ခဲ့ပါတယ်။ မနေ့က ဇန်နဝါရီလ (၁၅)ရက်နေ့ကတော့ အိုင်ရင်းဇင်မာမြင့်ရဲ့ ဖခင်ကြီး ကွယ်လွန်သွားတာ (၂၁)နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည်နေ့ရက်လေးပဲဖြစ်ပါတယ်။ အိုင်ရင်းကတော့ ဖခင်ကြီးအတွက် ရည်စူးပြီး အာဟာရဒါနအလှူလေးပြုလုပ်ခဲ့တာပါ။

အိုင်ရင်းဇင်မာမြင့်က M.Y.C ကလေးများဂေဟာမှာရှိတဲ့ကလေးတွေအတွက် ကြက်ဥ အာလူးဟင်းနဲ့ ငပိတို့စရာ အစုံအလင်နဲ့ မနက်စာအာဟာရဒါနအလှူလေးပြုလုပ်ခဲ့တာပါ။ ပရိသတ်ကြီးရေ ဖခင်ကြီးအတွက် ရည်စူးပြုလုပ်တဲ့ အိုင်ရင်းရဲ့ ကျေးဇူးတော်ချီးမွမ်းခြင်းအလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Zawgyi version