(၁၀) နှစ်လုံးလုံး မွေးနေ့အမှန်ကို မပြောခဲ့တဲ့ ခင်ပွန်းဖြစ်သူအပေါ် နားလည်ခွင့်လွှတ်ကြောင်းပြောလာတဲ့ ငွေတီဦး

သရုပ်ဆောင် ပြေတီဦးရဲ့ညီမဖြစ်သူ ငွေတီဦးကတော့ (၁၀)နှစ်ကြာပေါင်းသင်းခဲ့တဲ့ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခဲ့တာကြောင့် နေ့စဉ်နေ့တိုင်း ခံစားဝမ်းနည်းနေရတာပဲဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ (၃၁) ရက်နေ့ကတော့ ငွေတီဦးရဲ့ခင်ပွန်း ဒေါက်တာဉာဏ်လင်းဦးရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ငွေတီဦးက ဒီဇင်ဘာလ (၃၁) ရက်နေ့မှာကျရောက်တဲ့ မွေးနေ့ရှင်အတွက် အခုလိုပဲ သတိရတမ်းတကြောင်းရေးသားလာတာကို တွေ့ရပါတယ်။ “December 31.. Happy Birthday ကိုကွီးရေ။ ဒီနေ့က ကိုကို့ မွေးနေ့မဟုတ်တဲ့ ကိုကို့မွေးနေ့ပေါ့။ နှစ်တိုင်း ဒီနေ့ဆို New Year နဲ့ အတူတွဲပြီး Birthday ပါတီလုပ်ကြ ပျော်ကြနဲ့ နှစ်များစွာပေါ့။ ရည်းစားဘဝတုန်းက မေမေက အင်္ဂါသားနဲ့ သဘောမတူဘူးလို့ အမှတ်တမဲ့ ပြောခဲ့ဘူးတယ်။ ဗုဒ္ဓဟူးသားက ကိုယ့်အတွက်ကောင်းတယ်လို့လဲ ပြောမိဘူးတယ်။ ကို့မွေးနေ့က ဘာနေ့လဲလို့ မေးတော့ Dec 31 တဲ့။ ယုံအောင် ဇာတ်လမ်းကို အတိအကျဆင်ပြီး လိမ်ခဲ့တယ်။

“ကို့ကိုမွေးတာ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက် ည ၁၁နာရီ ၄၅မိနစ်လေ.. အဲဒီ့နှစ်ရဲ့ အမှောင်ဆုံးည..အမှောင်ဆုံးအချိန်၊ ကို့အမတုန်းက ဗေဒင်က သေချာတွက်ပြီး မွေးခိုင်းတဲ့ရက်ထက်စောမွေးခဲ့လို့ အမက လူကောင်းအတိုင်း မဖြစ်ခဲ့ဘူး။ ကို့အလှည့်ကျတော့လဲ အဲလိုဘဲ မွေးရမယ့်ရက်မှာ မမွေးတော့ ကို့မေမေက ကို့အမလိုဖြစ်မှာစိုးလို့ ဗေဒင်အရ ယတြာချေပြီး မွေးနေ့ကို ပြောင်းခဲ့တာ။ မှတ်ပုံတင်ထဲက Oct 14 က မွေးနေ့ အစစ်မဟုတ်ဘူး။ ဒါပေမယ့် အဲဒီ့ကိစ္စ ကို့အိမ်ကို လုံးဝသွားမမေးနဲ့နော်။ အိမ်က လုံးဝမကြိုက်ဘူး” ကိုယ့်မှာ ဇဝေဇဝါနဲ့ သူပြောတာယုံပြီး Dec 31 တိုင်း သူ့မွေးနေ့ကို ကျင်းပပေးခဲ့တယ်။ သူကလဲ ခပ်တည်တည်ဘဲ သူ့ကိုသူ ဗုဒ္ဓဟူး(ရာဟု)သားဆိုပီး မွေးနေ့အစစ်မှာ ဘယ်လိုမှမနေဘဲ Dec 31 တိုင်း သူ့မွေးနေ့လို့ ခံယူပြီး ၁၀ နှစ်လုံးလုံးဖြတ်သန်းခဲ့တယ်။ မွေးနေ့မှမဟုတ်ပါဘူး။ ဖြစ်တည်မှု တော်တော်များများကို ကိုယ့်အတွက်ပဲစဉ်းစားပြီး ကိုယ်ကြိုက်ရင်ပြီးရောဆိုပြီး နေပေးခဲ့တယ်။”

“ICU ထဲရောက်တော့ ဘုန်းဘုန်းတွေကို ဆေးဝါးတွေလှူဒါန်းပေးတော့ ဆရာတော်က ဖုန်းထဲကနေ Speaker ဖွင့်ပီးလှမ်းပြီး မေတ္တာပို့ ဆုတောင်းပေးတယ်။ ဒကာကြီး ဘာနေ့သားလဲ ဆိုတော့ အင်္ဂါသားပါဘုရားတဲ့။ ကိုယ်က သူ့ကို ICU ထဲမှာ မနက်နိုးလာတိုင်း ငါးပါးသီလခံယူဖို့ ညအိပ်ယာဝင်ရင် သီလကိုပြန်ဆင်ခြင်ပြီး ဆုတောင်းဖို့ ပြောတော့ သူကလဲ လိုက်နာပြီး လုပ်ရှာပါတယ်။ နောက်နေ့ကျတော့ ကိုကို ဒီနေ့ သီလယူဖြစ်လားဟင်လို့မေးတော့ ယူဖြစ်တယ်တဲ့။ ဒါဆို ကို လိမ်ပြောလို့ မရဘူးပေါ့ဆိုတော့ အင်း တဲ့။ အဲဒါဆို ကို့မွေးနေ့က ဘယ်နေ့က အမှန်လဲဆိုမှ Oct 14 တဲ့။ ၁၀ နှစ်လုံးလုံး လိမ်နိုင်သူကြီးကို စိတ်တောင်မဆိုးရက်ခဲ့ပါဘူး။ စိတ်မကောင်းပဲ ဖြစ်ခဲ့ရတယ်။ ဗုဒ္ဓဟူး(ရာဟု) သား Drဉာဏ်လင်းဦးအတွက်ဆိုပြီး ဆုတွေတောင်း ယတြာတွေချေပေးကြတဲ့ သူတွေကလဲ စိတ်မကောင်းဘူးပေါ့.. “ချစ်ရယ် အရင်က သီလငါးပါးလုံး မလုံခဲ့ရင်တောင် တစ်ပါးတော့ သေချာလုံခဲ့ပါတယ်တဲ့။ ချစ်ကိုယူပြီးကတည်းက ကိုဘယ်သူ့ကိုမှ စိတ်နဲ့တောင်မဖောက်ပြန်ခဲ့ပါဘူးတဲ့။ ကို သစ္စာဆိုရဲပါတယ်တဲ့..””

“သစ္စာမဆိုလည်း ယုံပါတယ်ကိုရယ်။ ကိုယ့်ယောက်ျားအကြောင်း ကိုယ်သိတာပေါ့။ ကိုကိုဟာ အားလုံးအပေါ်တာဝန်ကျေခဲ့တယ်။ ဆေးရုံပေါ်မှာ ဖုန်းစသုံးနိုင်တော့ ပျင်းတဲ့အချိန်သုံးလို့ရအောင် ဖုန်းလေးလက်ထဲထည့်ပေးကတည်းက အားတဲ့အချိန် ရရင်ရသလို Donate ဖို့ Click တာ မပျက်ကွက်ခဲ့ဘူး။ အရမ်းတာဝန်ကျေပါတယ်။ ဒီဘဝမှာ ကောင်းမှုကုသိုလ်တွေတူတူပြုကြ ရေစက်တွေ အကြိမ်ကြိမ် အတူတူချခဲ့ကြတော့ သံသရာခရီးမှာ ပြန်ဆုံကြဦးမယ်ဆိုတာ ယုံပါတယ်။ နောက်ဘဝတွေကြရင်လည်း ဒီဘဝမှာလိုပဲ တစ်ဦးအပေါ်တစ်ဦး ကျေးဇူးပြုနိုင်သော ကောင်းသောဆုံတွေ့ခြင်းမျိုး၊ရေစက်ကောင်းမျိုးနဲ့ ပြန်ဆုံကြရပြီး တစ်ဦးကိုတစ်ဦး ပါရမီဖြည့်ခွင့်ရပါစေလို့ ဆုတောင်းပါတယ်။” “ချစ်ကို ယူခဲ့မိတာ ကို့ဘဝအတွက် အမှန်ဆုံး ဆုံးဖြတ်ချက် လို့ ကိုပြောခဲ့တဲ့အချိန်က ကို့ကိုယူခဲ့မိလို့လဲ သေးသေးလေးတောင် နောင်တမရခဲ့ဘူးဆိုတာ ကို့ကို ပြန်မပြောလိုက်ရလို့ အဲဒါလေးလဲသိစေချင်မိတယ်။ ကိုယ့်အပေါ်ဒီလောက်ကောင်းတဲ့ ယောက်ျားကို အင်္ဂါသားဆိုလည်း ယူမှာပါလို့ ပြန်မပြောဖြစ်ခဲ့တာလေးလည်း စိတ်မကောင်းဘူး။ ရောက်တဲ့အရပ်ကနေ ခံစားသိရှိနိုင်ပါစေ။ ကိုချစ်တဲ့ ကို့ရဲ့အကိုကြီးအတွက်လည်း စိတ်မကောင်းမဖြစ်ဘဲ ဂုဏ်ယူနိုင်ပါစေ…” ဆိုပြီး ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

Zawgyi version

သ႐ုပ္ေဆာင္ ေျပတီဦးရဲ႕ညီမျဖစ္သူ ေငြတီဦးကေတာ့ (၁၀)ႏွစ္ၾကာေပါင္းသင္းခဲ့တဲ့ ခင္ပြန္းျဖစ္သူ ကြယ္လြန္သြားခဲ့တာေၾကာင့္ ေန႕စဥ္ေန႕တိုင္း ခံစားဝမ္းနည္းေနရတာပဲျဖစ္ပါတယ္။ မေန႕က ဒီဇင္ဘာလ (၃၁) ရက္ေန႕ကေတာ့ ေငြတီဦးရဲ႕ခင္ပြန္း ေဒါက္တာဉာဏ္လင္းဦးရဲ႕ ေမြးေန႕ေလးပဲျဖစ္ပါတယ္။ ေငြတီဦးက ဒီဇင္ဘာလ (၃၁) ရက္ေန႕မွာက်ေရာက္တဲ့ ေမြးေန႕ရွင္အတြက္ အခုလိုပဲ သတိရတမ္းတေၾကာင္းေရးသားလာတာကို ေတြ႕ရပါတယ္။ “December 31.. Happy Birthday ကိုကြီးေရ။ ဒီေန႕က ကိုကို႔ ေမြးေန႕မဟုတ္တဲ့ ကိုကို႔ေမြးေန႕ေပါ့။ ႏွစ္တိုင္း ဒီေန႕ဆို New Year နဲ႕ အတူတြဲၿပီး Birthday ပါတီလုပ္ၾက ေပ်ာ္ၾကနဲ႕ ႏွစ္မ်ားစြာေပါ့။ ရည္းစားဘဝတုန္းက ေမေမက အဂၤါသားနဲ႕ သေဘာမတူဘူးလို႔ အမွတ္တမဲ့ ေျပာခဲ့ဘူးတယ္။ ဗုဒၶဟူးသားက ကိုယ့္အတြက္ေကာင္းတယ္လို႔လဲ ေျပာမိဘူးတယ္။ ကို႔ေမြးေန႕က ဘာေန႕လဲလို႔ ေမးေတာ့ Dec 31 တဲ့။ ယုံေအာင္ ဇာတ္လမ္းကို အတိအက်ဆင္ၿပီး လိမ္ခဲ့တယ္။

“ကို႔ကိုေမြးတာ ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆုံးရက္ ည ၁၁နာရီ ၄၅မိနစ္ေလ.. အဲဒီ့ႏွစ္ရဲ႕ အေမွာင္ဆုံးည..အေမွာင္ဆုံးအခ်ိန္၊ ကို႔အမတုန္းက ေဗဒင္က ေသခ်ာတြက္ၿပီး ေမြးခိုင္းတဲ့ရက္ထက္ေစာေမြးခဲ့လို႔ အမက လူေကာင္းအတိုင္း မျဖစ္ခဲ့ဘူး။ ကို႔အလွည့္က်ေတာ့လဲ အဲလိုဘဲ ေမြးရမယ့္ရက္မွာ မေမြးေတာ့ ကို႔ေမေမက ကို႔အမလိုျဖစ္မွာစိုးလို႔ ေဗဒင္အရ ယၾတာေခ်ၿပီး ေမြးေန႕ကို ေျပာင္းခဲ့တာ။ မွတ္ပုံတင္ထဲက Oct 14 က ေမြးေန႕ အစစ္မဟုတ္ဘူး။ ဒါေပမယ့္ အဲဒီ့ကိစၥ ကို႔အိမ္ကို လုံးဝသြားမေမးနဲ႕ေနာ္။ အိမ္က လုံးဝမႀကိဳက္ဘူး” ကိုယ့္မွာ ဇေဝဇဝါနဲ႕ သူေျပာတာယုံၿပီး Dec 31 တိုင္း သူ႕ေမြးေန႕ကို က်င္းပေပးခဲ့တယ္။ သူကလဲ ခပ္တည္တည္ဘဲ သူ႕ကိုသူ ဗုဒၶဟူး(ရာဟု)သားဆိုပီး ေမြးေန႕အစစ္မွာ ဘယ္လိုမွမေနဘဲ Dec 31 တိုင္း သူ႕ေမြးေန႕လို႔ ခံယူၿပီး ၁၀ ႏွစ္လုံးလုံးျဖတ္သန္းခဲ့တယ္။ ေမြးေန႕မွမဟုတ္ပါဘူး။ ျဖစ္တည္မႈ ေတာ္ေတာ္မ်ားမ်ားကို ကိုယ့္အတြက္ပဲစဥ္းစားၿပီး ကိုယ္ႀကိဳက္ရင္ၿပီးေရာဆိုၿပီး ေနေပးခဲ့တယ္။”

“ICU ထဲေရာက္ေတာ့ ဘုန္းဘုန္းေတြကို ေဆးဝါးေတြလႉဒါန္းေပးေတာ့ ဆရာေတာ္က ဖုန္းထဲကေန Speaker ဖြင့္ပီးလွမ္းၿပီး ေမတၱာပို႔ ဆုေတာင္းေပးတယ္။ ဒကာႀကီး ဘာေန႕သားလဲ ဆိုေတာ့ အဂၤါသားပါဘုရားတဲ့။ ကိုယ္က သူ႕ကို ICU ထဲမွာ မနက္နိုးလာတိုင္း ငါးပါးသီလခံယူဖို႔ ညအိပ္ယာဝင္ရင္ သီလကိုျပန္ဆင္ျခင္ၿပီး ဆုေတာင္းဖို႔ ေျပာေတာ့ သူကလဲ လိုက္နာၿပီး လုပ္ရွာပါတယ္။ ေနာက္ေန႕က်ေတာ့ ကိုကို ဒီေန႕ သီလယူျဖစ္လားဟင္လို႔ေမးေတာ့ ယူျဖစ္တယ္တဲ့။ ဒါဆို ကို လိမ္ေျပာလို႔ မရဘူးေပါ့ဆိုေတာ့ အင္း တဲ့။ အဲဒါဆို ကို႔ေမြးေန႕က ဘယ္ေန႕က အမွန္လဲဆိုမွ Oct 14 တဲ့။ ၁၀ ႏွစ္လုံးလုံး လိမ္နိုင္သူႀကီးကို စိတ္ေတာင္မဆိုးရက္ခဲ့ပါဘူး။ စိတ္မေကာင္းပဲ ျဖစ္ခဲ့ရတယ္။ ဗုဒၶဟူး(ရာဟု) သား Drဉာဏ္လင္းဦးအတြက္ဆိုၿပီး ဆုေတြေတာင္း ယၾတာေတြေခ်ေပးၾကတဲ့ သူေတြကလဲ စိတ္မေကာင္းဘူးေပါ့.. “ခ်စ္ရယ္ အရင္က သီလငါးပါးလုံး မလုံခဲ့ရင္ေတာင္ တစ္ပါးေတာ့ ေသခ်ာလုံခဲ့ပါတယ္တဲ့။ ခ်စ္ကိုယူၿပီးကတည္းက ကိုဘယ္သူ႕ကိုမွ စိတ္နဲ႕ေတာင္မေဖာက္ျပန္ခဲ့ပါဘူးတဲ့။ ကို သစၥာဆိုရဲပါတယ္တဲ့..””

“သစၥာမဆိုလည္း ယုံပါတယ္ကိုရယ္။ ကိုယ့္ေယာက္်ားအေၾကာင္း ကိုယ္သိတာေပါ့။ ကိုကိုဟာ အားလုံးအေပၚတာဝန္ေက်ခဲ့တယ္။ ေဆး႐ုံေပၚမွာ ဖုန္းစသုံးနိုင္ေတာ့ ပ်င္းတဲ့အခ်ိန္သုံးလို႔ရေအာင္ ဖုန္းေလးလက္ထဲထည့္ေပးကတည္းက အားတဲ့အခ်ိန္ ရရင္ရသလို Donate ဖို႔ Click တာ မပ်က္ကြက္ခဲ့ဘူး။ အရမ္းတာဝန္ေက်ပါတယ္။ ဒီဘဝမွာ ေကာင္းမႈကုသိုလ္ေတြတူတူျပဳၾက ေရစက္ေတြ အႀကိမ္ႀကိမ္ အတူတူခ်ခဲ့ၾကေတာ့ သံသရာခရီးမွာ ျပန္ဆုံၾကဦးမယ္ဆိုတာ ယုံပါတယ္။ ေနာက္ဘဝေတြၾကရင္လည္း ဒီဘဝမွာလိုပဲ တစ္ဦးအေပၚတစ္ဦး ေက်းဇူးျပဳနိုင္ေသာ ေကာင္းေသာဆုံေတြ႕ျခင္းမ်ိဳး၊ေရစက္ေကာင္းမ်ိဳးနဲ႕ ျပန္ဆုံၾကရၿပီး တစ္ဦးကိုတစ္ဦး ပါရမီျဖည့္ခြင့္ရပါေစလို႔ ဆုေတာင္းပါတယ္။” “ခ်စ္ကို ယူခဲ့မိတာ ကို႔ဘဝအတြက္ အမွန္ဆုံး ဆုံးျဖတ္ခ်က္ လို႔ ကိုေျပာခဲ့တဲ့အခ်ိန္က ကို႔ကိုယူခဲ့မိလို႔လဲ ေသးေသးေလးေတာင္ ေနာင္တမရခဲ့ဘူးဆိုတာ ကို႔ကို ျပန္မေျပာလိုက္ရလို႔ အဲဒါေလးလဲသိေစခ်င္မိတယ္။ ကိုယ့္အေပၚဒီေလာက္ေကာင္းတဲ့ ေယာက္်ားကို အဂၤါသားဆိုလည္း ယူမွာပါလို႔ ျပန္မေျပာျဖစ္ခဲ့တာေလးလည္း စိတ္မေကာင္းဘူး။ ေရာက္တဲ့အရပ္ကေန ခံစားသိရွိနိုင္ပါေစ။ ကိုခ်စ္တဲ့ ကို႔ရဲ႕အကိုႀကီးအတြက္လည္း စိတ္မေကာင္းမျဖစ္ဘဲ ဂုဏ္ယူနိုင္ပါေစ…” ဆိုၿပီး ရင္ဖြင့္လာခဲ့တာပဲျဖစ္ပါတယ္။

Credit to original