သူမကိုခေါ်လိုက်တဲ့ သားလေးရဲ့ အခေါ်အဝေါ်လေးတစ်ခုကြောင့် သဘောတွေ ကျနေတဲ့ မေမေ နန်းမြတ်ဖြိုးသင်း

နန်းမြတ်ဖြိုးသင်းက သူမရဲ့ ချစ်စဖွယ်ကောင်းတဲ့ အမူအရာများနဲ့ ပရိတ်သတ်ကို ညှို့ယူဖမ်းစားထားသူတစ်ဦးဖြစ်ပါတယ်။သူမက အနုပညာလှုပ်ရှားမှုများစွာကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေအနေနဲ့လည်း သူမကို အိမ်ထောင်ကျသွားသည့်တိုင် အဆက်မပြတ် ချစ်ခင်အားပေးခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် သားနဲ့ သမီးရဲ့ ချစ်စရာ လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း အမြဲလိုလို မှတ်တမ်း တင်လေ့ရှိပါတယ် ။ အခုလည်း သူမကို ခေါ်လိုက်တဲ့ သားလေးရဲ့ အခေါ်အဝေါ်လေး တစ်ခုကြောင့် သဘောတွေ ကျမိနေကြောင်းကို ” ခေါ်တာက “မေမေဒေါ်နန်းမြတ်” တဲ့ ဘာစိတ်ကူးပေါက်လဲမသိ 😅” ရေးသားဖော်ပြထားရာ ချစ်စရာကောင်းလွန်းလို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Zawgyi version

