အေးချမ်းလှတဲ့ဆောင်းရာသီနံနက်ခင်းမှာ အအေးဒဏ်ကိုအံတုရင်း ဖြစ်သလိုနေနေရတဲ့ပုံစံလေးကို ချပြလာတဲ့ ဦးကျော်သက်လင်း

ဦးကျော်သက်လင်းဟာဆိုရင် ရရှိထားတဲ့ ရာထူးတွေကို စွန့်လွှတ်ပြီး MRTV ကနေ အစောဆုံး CDM လုပ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်ပါတယ်။ ဦးကျော်သက်လင်းဟာ လက်ရှိမှာ တောခိုကာ တော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ကြိုးစားနေတဲ့ သူဖြစ်ပါတယ်။

အနေဆင်းရဲ အစားဆင်းရဲတောတောင်ရေမြေတွေကြားမှာ ဦးကျော်သက်လင်းတစ်ယောက် ဖြစ်သလိုနေ ဖြစ်သလိုစားကာ တိုင်းပြည်အတွက်စွန့်လွှတ်အနစ်နာခံပေးနေတာ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဦးကျော်သက်လင်းဟာ ချမ်းအေးလှတဲ့ဆောင်းရာသီ မှာ စမ်းချောင်းဘေးနားမှာထိုင်ပြီး စမ်းချောင်းရေနဲ့ မျက်နှာသစ်ရတဲ့ ပုံလေးကို ဝေမျှပေးလာခဲ့ပါတယ်။ တောထဲတောင်ထဲက အအေးဓာတ်က ဘာနဲ့မှကို မတူပါဘူး။ ဆောင်းရာသီဆို ပိုပြီးဆိုးပါတယ်။

မျက်နှာသစ်ဖို့ခွက်မရှိ ချောင်းရေကို လက်ဖြင့်ခပ်ကာ ကြုံသလို နေထိုင်နေရတဲ့ ပုံစံလေးကို ဦးကျော်သက်လင်းမှ “အေးတဲ့ည ချမ်းတဲ့ မနက်လွမ်းတဲ့ရက် ဖြတ်ကျော်လျက်” ဆိုတဲ့ စာသားလေးနဲ့တင်ပေးလာတာပဲဖြစ်ပါတယ်။ ဦးကျော်သက်လင်းတစ်ယောက် နေကောင်းကျန်းမာပြီး အရာအားလုံးကို အဆင်ပြေပြေ ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်။

Zawgyi version

ဦးေက်ာ္သက္လင္းဟာဆိုရင္ ရရွိထားတဲ့ ရာထူးေတြကို စြန႔္လႊတ္ၿပီး MRTV ကေန အေစာဆုံး CDM လုပ္ခဲ့တဲ့ အစီအစဥ္တင္ဆက္သူ တစ္ေယာက္ျဖစ္ပါတယ္။ ဦးေက်ာ္သက္လင္းဟာ လက္ရွိမွာ ေတာခိုကာ ေတာ္လွန္ေရးအတြက္ တစ္ဖက္တစ္လမ္းကေန ႀကိဳးစားေနတဲ့ သူျဖစ္ပါတယ္။

အေနဆင္းရဲ အစားဆင္းရဲေတာေတာင္ေရေျမေတြၾကားမွာ ဦးေက်ာ္သက္လင္းတစ္ေယာက္ ျဖစ္သလိုေန ျဖစ္သလိုစားကာ တိုင္းျပည္အတြက္စြန႔္လႊတ္အနစ္နာခံေပးေနတာ ျဖစ္ပါတယ္။ ဒီကေန႕မွာလည္း ဦးေက်ာ္သက္လင္းဟာ ခ်မ္းေအးလွတဲ့ေဆာင္းရာသီ မွာ စမ္းေခ်ာင္းေဘးနားမွာထိုင္ၿပီး စမ္းေခ်ာင္းေရနဲ႕ မ်က္ႏွာသစ္ရတဲ့ ပုံေလးကို ေဝမွ်ေပးလာခဲ့ပါတယ္။ ေတာထဲေတာင္ထဲက အေအးဓာတ္က ဘာနဲ႕မွကို မတူပါဘူး။ ေဆာင္းရာသီဆို ပိုၿပီးဆိုးပါတယ္။

မ်က္ႏွာသစ္ဖို႔ခြက္မရွိ ေခ်ာင္းေရကို လက္ျဖင့္ခပ္ကာ ႀကဳံသလို ေနထိုင္ေနရတဲ့ ပုံစံေလးကို ဦးေက်ာ္သက္လင္းမွ “ေအးတဲ့ည ခ်မ္းတဲ့ မနက္လြမ္းတဲ့ရက္ ျဖတ္ေက်ာ္လ်က္” ဆိုတဲ့ စာသားေလးနဲ႕တင္ေပးလာတာပဲျဖစ္ပါတယ္။ ဦးေက်ာ္သက္လင္းတစ္ေယာက္ ေနေကာင္းက်န္းမာၿပီး အရာအားလုံးကို အဆင္ေျပေျပ ေဆာင္႐ြက္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါ တယ္။