သူများတွေ အမေများနေ့မှာ ပုံတွေတင်နေကြပေမယ့် သူ့မှာ တင်စရာအမေ့ပုံတောင် မရှိပါဘူးဆိုပြီး ၀မ်းနည်းစွာပြောလာတဲ့ ပိုးလေး

ဟာသ လူရွှင်တော် ပိုးလေးကတော့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ တောထဲတွင် စစ်သင်တန်းတက်ရောက်နေတာ ဖြစ်ပါတယ်။ တောထဲမှာ အနေအထိုင် ဆင်းရဲပေမယ့်လည်း မညည်းမညူဘဲ အဆင်ပြေအောင် နေထိုင်ကြတဲ့ ရဲဘော်တွေအားလုံးက လေးစား ဂုဏ်ယူစရာ ကောင်းလှပါတယ်။

အမှန်တရားဘက်ကနေရပ်တည်ပေးခဲ့တဲ့ ပိုးလေးကတော့ လွတ်မြောက်နယ်မြေရောက်ရှိနေစဉ်အတွင်း သူ့ရဲ့ နေထိုင်လှုပ်ရှားမှုတွေကို ပြည် သူတွေကို မကြာခဏ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့က ပြာသိုလပြည့်နေ့ “အမေများနေ့”မှာလည်း ပိုလေးက အမေနဲ့ တူတူမရှိနိုင်တဲ့ အကြောင်းလေးကို ” အမေများနေ့မှာ တင်စရာအမေ့ပုံတောင် မရှိပါဘူးဗျာ။ အဝေးကနေပဲ ကန်တော့လိုက်ပါတယ် အမေ🙏🙏🙏 ” ဆိုပြီး သူ့ခံစားချက်လေးကို ရေးသားထားတာပဲ ဖြစ်ပါတယ်။

ပြည်သူတွေအတွက် တောထဲတောင်ထဲမှာ ဒုက္ခတွေခါးစည်းခံနေရတဲ့ သူတွေလည်း ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ ပရိသတ်တွေကလည်း အမြဲလိုလို ဆုတောင်းမေတ္တာပို့သပေးနေကြတာဖြစ်ပါတယ်။

Zawgyi version

ဟာသ လူ႐ႊင္ေတာ္ ပိုးေလးကေတာ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႕အတူ တက္ႂကြစြာ ပူးေပါင္းပါဝင္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ေတာထဲတြင္ စစ္သင္တန္းတက္ေရာက္ေနတာ ျဖစ္ပါတယ္။ ေတာထဲမွာ အေနအထိုင္ ဆင္းရဲေပမယ့္လည္း မညည္းမၫူဘဲ အဆင္ေျပေအာင္ ေနထိုင္ၾကတဲ့ ရဲေဘာ္ေတြအားလုံးက ေလးစား ဂုဏ္ယူစရာ ေကာင္းလွပါတယ္။

အမွန္တရားဘက္ကေနရပ္တည္ေပးခဲ့တဲ့ ပိုးေလးကေတာ့ လြတ္ေျမာက္နယ္ေျမေရာက္ရွိေနစဥ္အတြင္း သူ႕ရဲ႕ ေနထိုင္လႈပ္ရွားမႈေတြကို ျပည္ သူေတြကို မၾကာခဏ ေဝမွ်ေပးေနတာလည္း ျဖစ္ပါတယ္။ မေန႕က ျပာသိုလျပည့္ေန႕ “အေမမ်ားေန႕”မွာလည္း ပိုေလးက အေမနဲ႕ တူတူမရွိနိုင္တဲ့ အေၾကာင္းေလးကို ” အေမမ်ားေန႕မွာ တင္စရာအေမ့ပုံေတာင္ မရွိပါဘူးဗ်ာ။ အေဝးကေနပဲ ကန္ေတာ့လိုက္ပါတယ္ အေမ🙏🙏🙏 ” ဆိုၿပီး သူ႕ခံစားခ်က္ေလးကို ေရးသားထားတာပဲ ျဖစ္ပါတယ္။

ျပည္သူေတြအတြက္ ေတာထဲေတာင္ထဲမွာ ဒုကၡေတြခါးစည္းခံေနရတဲ့ သူေတြလည္း ေဘးအႏၲရာယ္ကင္းရွင္းၾကပါေစလို႔ ပရိသတ္ေတြကလည္း အၿမဲလိုလို ဆုေတာင္းေမတၱာပို႔သေပးေနၾကတာျဖစ္ပါတယ္။