ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ ကလေးတွေအတွက် အလှူငွေ (၅)သိန်း လှူဒါန်းပေးခဲ့တဲ့ နေမျိုးအောင်တို့ဇနီးမောင်နှံ

ပရိသတ်ကြီးရေ နေမျိုးအောင်ကတော့ တစ်ခေတ်တစ်ခါက မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာ ထိပ်တန်းမင်းသားတစ်ယောက်အနေနဲ့ကို အောင်မြင်မှုတွေရရှိခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုလည်း အပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။ လက်ရှိမှာတော့ မိသားစုနဲ့အတူ ဘဝကိုပျော်ရွှင်အေးချမ်းစွာဖြတ်သန်းနေပါတယ်။

အနုပညာအလုပ်တွေလုပ်ကိုင်ခြင်းမရှိတော့ဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလုပ်ကိုင်နေပြီး သာမာန်လူတစ်ယောက်အနေနဲ့ပဲ ဘဝကိုဆက်လက်ရပ်တည်နေခဲ့ပါတယ်။ မနေ့က ဇန်နဝါရီလ (၁၇)ရက်နေ့မှာတော့ နေမျိုးအောင်တို့ မိသားစုက ခိုင်နှင်းဝေရဲ့ ရင်သွေလေးမှားဂေဟာအသစ်တက်ပွဲကို တက်ရောက်ခဲ့ပြီး ဂေဟာကကလေးတွေအတွက်လည်း အလှူငွေတွေ လှူဒါန်းပေးခဲ့ပါသေးတယ်။

နေမျိုးအောင်နဲ့သူ့ရဲ့ဇနီးဖြစ်သူမသန္တာဝင်းတို့ကတော့ ကလေးတွေအတွက် လိုအပ်တဲ့နေရာမှာအသုံးပြုနိုင်ဖို့ အလှူငွေ (၅)သိန်းကျပ်ကို စေတနာထက်သန်စွာနဲ့ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ပရိသတ်ကြီးတွေလည်း နေမျိုးအောင်တို့ မိသားစုရဲ့ မွန်မြတ်လှတဲ့ အလှူဒါနလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Zawgyi version


