သူမရဲ့live sale က အမာခံပရိတ်သတ်တစ်ဦးဆီမှ မွေးနေ့အကြိုလက်ဆောင်အဖြစ် တန်ဖိုးကြီးရတနာပစ္စည်းတစ်ခုကို Surprise လက်ဆောင်ရရှိခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်
ပရိသတ်ကြီးရေနှိုင်းယှဉ်မြင့်မိုရ်ကတော့ မြန်မာ ရုပ်ရှင်ဇာတ်ကား ပရိသတ်တွေမသိသူမရှိလောက်တဲ့ ဇာတ်ပို့ဇာတ်ရန်တစ်ယောက်ပါပဲနော်။ အနုပညာနယ်ပယ်မှာကျင်လည်နေတာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပြီး ကျရာဇာတ်ကောင်ေတွကို ကျွမ်းကျင်ပိုင်နိူင်လွန်းတဲ့သူတစ်ယောက်ပါ။
နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဇာတ်ပို့တစ်လက်ဖြစ်တဲ့ကိုဘင်းနဲ့ အိမ်ထောင်ကျကာ သားလေးနှစ်ဦးကိုပိုင်ဆိုင်ထားတာပါ။ Live saleဘုရင်မလို့တောင်တင်စားရတဲ့နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဒီနေ့မှာ” နှိုင်းရှင်စိန် live တွေမှာ အမြဲအားပေးနေတဲ့ အမတစ်ယောက် ညက live ထဲမှာ မွေးနေ့ဘယ်နေ ့လည်းဝင်မေးပီး ဆုတောင်းစကားပြောပေးတယ် ။ Live ပီးလို့ အိမ်ပြန်တော့မယ်ဆိုတော့မှ သူဝယ်ပေးထားတာ ပေးလိုက်ပါဆိုပီးနှိုင်းရှင်အတွက် ဘူဂါးရီးစိန်နားကွင်း ဝယ်ပေးထားတာတဲ့❤️❤️❤️ကျေးဇူးပါ မကြီး🙏🙏🙏”ဆိုတဲ့စာလေးနဲ့ မွေးနေ့လက်ဆောင်လေး surprise အဖြစ်ရရှိခဲ့ကြောင်းပြောပြခဲ့တာပါ။
live saleတွေဆက်တိုက်ပြည့်နေတဲ့နှိုင်းယှဉ်ကတော့ အမာခံပရိသတ်မိတ်ဆွေတွေရဲ့ ချစ်ခင်မှူကိုအများနဲ့မတူအောင်ရရှိထားသူဆိုတာ တကယ်ပါပဲနော်။ပရိသတ်တွေလည်း နှိုင်းယှဉ်မွေးနေ့အတွက်ဂုဏ်ပြုစကားပြောခဲ့ပါဦးနော်။
Zawgyi version