မြန်မာနိုင်ငံမှာ အချမ်းသာဆုံးစာရင်းဝင်ရုံတင်မကပဲ အမေရိကားမှာပါ အိမ်အကောင်းစားကြီးကို ပိုင်ဆိုင်ထားကြောင်း ပုံနဲ့တကွ ပြသလာခဲ့တဲ့ စမိုင်းလ်

ပရိသတ်ကြီးရေ စမိုင်းလ်တို့ မိသားစုကတော့ နွေဦးတော်လှန်ရေးဖြစ်သွားပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ စွန့်ခွာပြီး ပြည်ပနိုင်ငံသို့ ပြောင်းရွှေ့သွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာလည်း နိုင်ငံရေးနဲ့ ပတ်သက်တာတွေ ဘာမှ မတင်တော့ဘဲ ရေငုံနှုတ်ပိတ် နေထိုင်လျက် ရှိနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေ ကတော့ တစ်ချိန်ကရဲရဲတောက်ခဲ့တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံကို ဝေဖန်နေကြတာ ဖြစ်ပါတယ်။


မကြာသေးခင်က စမိုင်းလ်ခင်ပွန်းရဲ့ Instagram လူမှုကွန်ရက်တွင် ဓာတ်ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ဒါကတော့ အမေရိကားမှာရှိတဲ့ သူမတို့ ပိုင်ဆိုင်သော အမိုက်စား အိမ်ကြီးကို ဓာတ်ပုံလေးရိုက်ပြီး ပြသလိုက်တာဖြစ်ပါတယ်။ သူမတို့ အိမ်ရှေ့တွင်လည်း အမိုက်စား ကားကြီးနှစ်စီးကိုလည်း ရပ်ထားတာ ဖြစ်ပါတယ်။


သူတို့ ဇနီးမောင်နှံဟာ မြန်မာနိုင်ငံတွင် အချမ်းသာဆုံး စာရင်းဝင်တွေဖြစ်ပြီး စီးပွားရေးလုပ်ငန်းများစွာကိုလည်းပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း သူတို့ရဲ့ အိမ်လေးကို ကြည့်ရှုပြီး စိတ်ကူးယဉ်နိုင်စေရန်အတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Zawgyi version




