နှစ်သစ်ရဲ့ မနက်သစ်မှာ ကုသိုလ်တွေပြုလုပ်ရင်း ချစ်ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်းစကားလေးပြောလာတဲ့ ထက်ထက်မိုးဦး

အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချော ထက်ထက်မိုးဦးကတော့ အနုပညာလောကမှာ နှစ်ပေါင်း (၃၀) ကျော်တိုင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကတော့ အနုပညာအလုပ်တွေနဲ့ ဘယ်လောက်ပဲ အဆက်အသွယ်ပြတ်ပြီး ဘယ်အချိန်ပဲ ဝင်ရောက်လာလာ ပရိသတ်တွေရဲ့ အားပေးမှုကို မလျော့စတမ်းရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထက်ထက်ကလည်း သူမရဲ့ဘဝမှာ ဘယ်လောက်ပဲ စိတ်ဓာတ်ကျကျ ပရိသတ်တွေပေးတဲ့ အင်အားနဲ့ ပြည်လည်ပြီး အလုပ်တွေလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၁) ရက်နေ့မှာတော့ ထက်ထက်မိုးဦးဟာ သူမရဲ့ နှစ်သစ်အစကို သံဃာတော်တွေကို ဆွမ်းလောင်းကုသိုလ်ယူရင်း သူမရဲ့ချစ်ပရိသတ်တွေကို “နှစ်သစ်မှာ အားလုံးကျန်းမာပါစေ။ ကျန်းမာမှကိုယ်ဖြစ်ချင်တာတွေ လုပ်ချင်တာတွေအားလုံးလုပ်နိုင်မှာဆိုတော့ ထက်ကိုယ်တိုင်လည်း ကျန်းမာဖို့ပဲဆုတောင်းဖြစ်ပါတယ်။ ထက်လည်း ဒီထပ်ပိုပြီးကြိုးစားဦးမယ် ချစ်ရသူတွေအတွက်လည်း ကုသိုလ်တွေ အတူတူပြုနိုင်အောင် ကြိုးစားပါ့မယ်။” ဆိုပြီး တောင်းဆုပြုပေးခဲ့တာကို တွေ့ရပါတယ်။

ထက်ထက်မိုးဦးကတော့ သူမကလည်းချစ်တဲ့ သူမကိုယ်လည်းချစ်တဲ့ ပရိသတ်တွေအားလုံးကို ကျန်းမာစေဖို့ ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ထက်ထက်အတွက် နှစ်သစ်ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။

Zawgyi version

အကယ္ဒမီ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ ထက္ထက္မိုးဦးကေတာ့ အႏုပညာေလာကမွာ ႏွစ္ေပါင္း (၃၀) ေက်ာ္တိုင္ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည့္အဝ ရရွိထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ထက္ထက္မိုးဦးကေတာ့ အႏုပညာအလုပ္ေတြနဲ႕ ဘယ္ေလာက္ပဲ အဆက္အသြယ္ျပတ္ၿပီး ဘယ္အခ်ိန္ပဲ ဝင္ေရာက္လာလာ ပရိသတ္ေတြရဲ႕ အားေပးမႈကို မေလ်ာ့စတမ္းရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ထက္ထက္ကလည္း သူမရဲ႕ဘဝမွာ ဘယ္ေလာက္ပဲ စိတ္ဓာတ္က်က် ပရိသတ္ေတြေပးတဲ့ အင္အားနဲ႕ ျပည္လည္ၿပီး အလုပ္ေတြလုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

ဒီကေန႕ ဇန္နဝါရီလ (၁) ရက္ေန႕မွာေတာ့ ထက္ထက္မိုးဦးဟာ သူမရဲ႕ ႏွစ္သစ္အစကို သံဃာေတာ္ေတြကို ဆြမ္းေလာင္းကုသိုလ္ယူရင္း သူမရဲ႕ခ်စ္ပရိသတ္ေတြကို “ႏွစ္သစ္မွာ အားလုံးက်န္းမာပါေစ။ က်န္းမာမွကိုယ္ျဖစ္ခ်င္တာေတြ လုပ္ခ်င္တာေတြအားလုံးလုပ္နိုင္မွာဆိုေတာ့ ထက္ကိုယ္တိုင္လည္း က်န္းမာဖို႔ပဲဆုေတာင္းျဖစ္ပါတယ္။ ထက္လည္း ဒီထပ္ပိုၿပီးႀကိဳးစားဦးမယ္ ခ်စ္ရသူေတြအတြက္လည္း ကုသိုလ္ေတြ အတူတူျပဳနိုင္ေအာင္ ႀကိဳးစားပါ့မယ္။” ဆိုၿပီး ေတာင္းဆုျပဳေပးခဲ့တာကို ေတြ႕ရပါတယ္။

ထက္ထက္မိုးဦးကေတာ့ သူမကလည္းခ်စ္တဲ့ သူမကိုယ္လည္းခ်စ္တဲ့ ပရိသတ္ေတြအားလုံးကို က်န္းမာေစဖို႔ ဆုေတာင္းေပးခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးကလည္း ထက္ထက္အတြက္ ႏွစ္သစ္ဆုေတာင္းစကားေလးေတြ ေျပာခဲ့ၾကပါဦးေနာ္။

Credit to original