အိမ်ထောင်သက်တမ်း (၆)လပြည့်မှာ ငယ်ရည်းစားမိန်းမဖြစ်သူကို အရမ်းချစ်တဲ့အကြောင်းတွေပြောလာတဲ့ ဂျိုကာ

အဆိုတော်ရဲလေးရဲ့ ညီအရင်းဖြစ်သူ ဂျိုကာကတော့ နာမည်နဲ့လိုက်အောင် ပျော်ပျော်ရွှင်ရွှင်စစနောက်နောက်နေတတ်သူတစ်ယောက်ဖြစ်ပါတယ်။ ဂျိုကာက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက လက်ထပ်ခဲ့ပြီး အိမ်ထောင်တစ်ခုကို တည်ထောင်နေပြီဖြစ်တဲ့ ဂျိုကာဟာ ဒီကနေ့မှာတော့ သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း(၆) လပြည့်အနေနဲ့ အခုလိုပဲ ချစ်စကားတွေပြောလာတာကို တွေ့ရပါတယ်။

“🤡❤️ “Happy 12th Year Anniversay … Chayy ❤️👽 ချစ်သူသက်တမ်း ၁၂ နှစ် ၊ အိမ်ထောင်သက်တမ်း၆လကျော်ဆိုတဲ့ ချစ်ခြင်းမေတ္တာတွေ၊သံယောဇဉ်ဆိုတာကြီးတွေနဲ့အတူရှေ့ဆက်ပြီးကိုတို့တတွေနားလည်မှုတွေနဲ့ဆက်သွားကြမယ်… “ ယောကျာ်း မိန်းမကို အရမ်းချစ်တယ် “ 🤡❤️👽” ဆိုပြီး ဇနီးဖြစ်သူကို အရမ်းချစ်ကြောင်း ပြောလာတာပဲဖြစ်ပါတယ်။

ဂျိုကာကတော့ လွန်ခဲ့တဲ့ (၁၂) နှစ်ကတည်းက ချစ်ခဲ့ရတဲ့ ချစ်သူလေးကို အိမ်ထောင်သက်တမ်း (၆)လပြည့်မှာ အရမ်းချစ်တဲ့အကြောင်းတွေပြောလာခဲ့တာပဲဖြစ်ပါတယ်။ ဂျိုကာတို့ဇနီးမောင်နှံနှစ်ယောက် မင်္ဂလာသက်တမ်း (၆) လပြည့်မှသည် နောက်နှစ်ပေါင်းများစွာအထိ ချစ်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Zawgyi version




Credit to original