အရွယ်နဲ့မလိုက်အောင် အမေ့အပေါ်နားလည်ပြီး သိတတ်လွန်းတဲ့သားကြီး ဂျက်ဂျက်အကြောင်းကို ပြောလာတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင်၊ အဆိုတော် နန်းမြတ်ဖြိုးသင်းကတော့ သာယာတဲ့အိမ်ထောင်ရေးတစ်ခုကို တည်ထောင်ထားနိုင်ပေမယ့် ကံမကောင်းစွာနဲ့ပဲ သူမရဲ့ခင်ပွန်းကို စောစောစီးစီး လက်လွှတ်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းဟာ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားပေမယ့် သူမရဲ့ သားနဲ့သမီးအတွက် ကြံ့ကြံ့ခံရင်း ခင်ပွန်းဖြစ်သူကို သတိရနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း နန်းမြတ်ဖြိုးသင်းက သူမရဲ့ဘဝထဲက နှုတ်ဆက်ထွက်ခွာသွားတာ နှစ်လပြည့်သွားပြီဖြစ်တဲ့ခင်ပွန်းအတွက် အလှူဒါနတွေပြုလုပ်ပေးခဲ့ကြောင်း ပြောပြလာပါတယ်။ ခင်ပွန်းဖြစ်သူမရှိတော့တဲ့နောက်ပိုင်း သားနဲ့သမီးကို ပိုပြီး အချိန်ပေးရင်း အဖော်ပြုနေတဲ့ နန်းမြတ်ဖြိုးသင်းဟာ ဒီကနေ့မှာလည်း သူမအပေါ် သိတတ်လွန်းတဲ့ သားကြီးဂျက်ဂျက်အကြောင်းကို အခုလိုပဲပြောလာပါတယ်။

နန်းမြတ်ဖြိုးသင်းက “အမောကိုပြေသွားတာပဲ 🥰…” ဆိုပြီး လက်သေးသေးလေးတွေနဲ့ အမေ့ကိုနှိပ်နယ်ပေးနေတဲ့ သားကြီးဂျက်ဂျက်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းကတော့ အားကိုးစရာခင်ပွန်းသည်မရှိတော့ပေမယ့် သူမအပေါ် သိတတ်လိမ္မာတဲ့ သားသမီးတွေကို ပိုင်ဆိုင်ထားတာမို့ အားငယ်နေစရာလိုမယ်မထင်ပါဘူးနော်။

Zawgyi version




Credit to original