လုယက်သူနှစ်ဦးကို ခုခံကာကွယ်ခဲ့တဲ့ ကိုမျိုးသက်လွင်ကို (၂၁၅) သိန်းတန် တိုက်ခန်း ချီးမြှင့်‌ခဲ့တဲ့ FAME မိသားစု

လုယက်သူနှစ်ဦးကို ခုခံကာကွယ်ခဲ့တဲ့ ကိုမျိုးသက်လွင်ကို ကျပ် ၂၁၅ သိန်း တန်ဖိုးရှိ တိုက်ခန်းချီးမြှင့်‌ခဲ့ကြောင်း ဒေါက်တာခင်မောင်လွင်က ၎င်းရဲ့ လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ လုယက်သူနှစ်ဦးကို ခုခံကာကွယ်ရင်း အကျဉ်းထောင်မှာ အမှုရင်ဆိုင်ချိန် ၁ နှစ်နဲ့ ၈ လနီးပါး အကြာမှာ

ကွင်းလုံးကျွတ် လွတ်မြောက်လာခဲ့တဲ့ FAME ဝန်ထမ်းဖြစ်သူမောင်မျိုးသက်လွင်၏ရဲစွမ်းသတ္တိရှိမှုအား ချီးမြှင့်တဲ့အနေနဲ့ တိုက်ခန်းအသစ်တစ်ခုကို ဝယ်ယူကာ တိုက်ခန်းစာ ချုပ်နှင့် အခန်းသော့ကို ပေးအပ်ခဲ့ပါတယ်။ FAME က ဝန်ထမ်းများနဲ့မြန်မာပြည်အနှံ့မှအလှူရှင်များရဲ့ ထည့်ဝင်လှူဒါန်းငွေ ၈၄ သိန်း ကျန်ငွေကို ကျွန်တော်တို့မိသားစုရဲ့ ဂုဏ်ပြုငွေအဖြစ်စုပေါင်းပြီး ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

မောင်မျိုးသက်လွင် အမှုရင်ဆိုင်နေချိန်ကာလတစ်လျှောက်လုံး အစစ အရာရာ အဆင်ပြေစေဖို့အတွက်ကျွန်တော့်အနေနဲ့ အကုန်အကျခံကာကူညီဆောင်ရွက်ပေးခဲ့တဲ့အပြင်မောင်မျိုးသက်လွင် လွတ် မြောက်လာချိန်မှာလည်း ဥယျာဉ်မှူးဝန်ထမ်းကနေစက်ရုံလုံခြုံရေးဝန်ထမ်း အဖြစ်သို့ ရာထူးတိုး ချီးမြှင့်ပေးခဲ့ပါတယ်။

Zawgyi version




Credit to original