Kids Art Contest ပန်းချီပြိုင်ပွဲလေးမှာ အကောင်းဆုံးဆုလေးတစ်ဆုကို ရရှိခဲ့လို့ အတိုင်းမသိပျော်နေတဲ့ ထိပ်ထားသခင်

အရွယ်လေးနဲ့ မလိုက်အောင် အသည်းယားစရာ အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူကတော့ ထိပ်ထားသခင်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအပြင် အနုပညာရှင်တွေကလည်း ချစ်နေရတာဖြစ်ပြီး ယခုဆိုရင် ထိပ်ထားလေးက အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးလာတာ တွေ့ရပါတယ်။

ထိပ်ထားသခင်က လူကြီးတွေပြောတဲ့အတိုင်း ချစ်စရာ အမူအရာလေးတွေနဲ့ မကြောက်မရွံပဲ ကလေးပီပီ ပွင့်ပွင့်လင်းလင်း ပြောဆိုလုပ်ပြတတ်ကာ အနုပညာသွေးပါတဲ့ သူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ထိပ်ထားသဇင် ရဲ့ နေ့စဉ်လှုပ်ရှားမှုလေးတွေနဲ့ ချစ်စရာပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးပါတယ်။

အခုလည်း Kids Art Contest ပန်းချီပြိုင်ပွဲလေးမှာ တတိယဆုလေူကို ရရှိခဲ့လို့ ပျော်ရွှင်နေကြောင်းကို ” နှစ်သစ်မှာ မြန်မာပြည်သူများအားလုံး ကျန်းမာ ချမ်းသာ၍ ဘေးအန္တရာယ်များကင်းရှင်းကြပြီး ရည်မှန်းချက်ပန်းတိုင်ကိုအမြန်ဆုံး‌လျှောက်လှမ်းနိုင်ကြပါစေ….လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏

ထိပ်ထားကတော့နှစ်သစ်မှာ SCIS – Stanford Canadian International School – Dagon Campus ရဲ့ Kids Art Contest ပန်းချီပြိုင်ပွဲလေးမှာ Third Prize 🏆 ဆုလေးရခဲ့လို့ အရမ်းပျော်ပါတယ် 😍😍” ဆိုတဲ့စာလေးနဲ့ ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Zawgyi version





Credit to original