လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စာသားလေးတွေတင်ပြီး ပြန်လည်ပေါ်လာခဲ့တဲ့ ယွန်းယွန်း

အနုပညာလမ်းကြောင်းပေါ်မှာ ငယ်စဉ်ကတည်းကနေ အသက်အရွယ်ရောက်တဲ့အထိအောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်သူလေးကတော့ အကယ်ဒမီယွန်းယွန်းပဲဖြစ်ပါတယ်နော်…ပရိသတ်တွေကလည်း သူမကို ငယ်ငယ်လေးကတည်းကနေ ချစ်လာခဲ့ကြပြီး ခုချိန်ထိကိုဆက်တိုက်အားပေးပြီးချစ်နေကြတာဖြစ်ပါတယ်။ ယွန်းယွန်းက ပညာရေးကြောင့်အနုပညာအလုပ်တွေကို ခဏတာကင်းကွာခဲ့ပေမဲ့ သူမကအနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်ပြန်တော့လည်း သူမကိုမေ့မသွားကြပဲ အရင်ကထက်ပိုပြီးချစ်ပေးနေတဲ့ ပရိသတ်ရှိနေတာလည်း သူမရဲ့ကံကောင်းခြင်းတစ်မျိုးပဲပေါ့နော်..

ဆံပင်ရှည်ရှည်လေးနဲ့ မြန်မာဝတ်စုံလေးဝတ်ထားတော့လည်း မြန်မာဆန်ဆန်လေးလှပနေသလို လူငယ်လေးလိုဝတ်ထားတော့လည်း အားလုံးကဝိုင်းချစ်နေကြတာပါနော်..မကြာခင်တုန်းကတော့ သရုပ်ဆောင် ယွန်းယွန်းဟာ လူမှုရေးဖောက်ပြန်မှုကိစ္စကြောင့် လူမှုကွန်ရက်ပေါ်ကနေ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် စည်သူဝင်းနဲ့ ချစ်သူတွေ အဖြစ် အချိန်အတော်ကြာလက်တွဲခဲ့တာ ဖြစ်ပါတယ်။ ပြသနာတွေ တက်ပြီးချိန်မှာတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေများစွာ ခံခဲ့ ရတာ ဖြစ်ပါတယ်။ မနေ့ညက ယွန်းယွန်းရဲ့ Instagram Story တွင် ပို့စ်တစ်ခု ရေးသားထားတာ ဖြစ်ပါတယ်။

ဒါကတော့ လူမှုရေးဖောက်ပြန်မှုကြောင့် လူမှုကွန်ရက်ကနေ အကြာကြီးပျောက်သွားပြီး အခုမှ စာတစ်ကြောင်းရေးသားကာ ပြန်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ “ i am eternally grateful for all the kindness and support i have received from you in the past yearmay this year brings prosperity and freedom for all of us” ဆိုပြီး နှစ်သစ်ဆုတောင်းစကားလေးတွေရေးသားထားတာ ဖြစ်ပါတယ်။ လူမှုရေးဖောက်ပြန်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြန်လည်ဖြေရှင်းထားခြင်းတော့ မရှိသေးပါဘူး။ ပရိသတ်ကြီးလည်း ယွန်းယွန်းရဲ့ ဆုတောင်းစကားလေးဖတ်ပြီး အားပေးစကားလေး ပြန်လည်ရေးသားခဲ့ကြပါအုံးနော်..

Zawgyi version




Credit to original