ဘာစီလိုနာရဲ႕ ဒုတိယ ဦးစားေပးပစ္မွတ္သာ ျဖစ္ေပမယ့္ နူးကမ့္သြားခ်င္ေနဆဲ အူဘာမီးယန္း

အာဆင္နယ္ တိုက္စစ္မွဴး အူဘာမီးယန္းဟာ ေႏြရာသီမွာ ဘာစီလိုနာကို ေျပာင္းရန္ ေမွ်ာ္လင့္ေနေသးတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အာဆင္နယ္အသင္းအတြက္ ဒီရာသီမွာ ျပိဳင္ပြဲစံု (၂၅) ဂိုးသြင္းေပးထားတဲ့ ဂါဘြန္လက္ေရြးစင္တုိက္စစ္ကစားသမားဟာ ပရီးမီးယားလိဂ္ကလပ္အသင္းမွာ ဆက္ရွိမယ္ဆိုတာ မေသခ်ာေသးဘူး ျဖစ္ပါတယ္။

စပိန္သတင္းစာ Diario Sport က အဆိုအရ အသက္ ၃၁ ႏွစ္အရြယ္ အူဘာမီးယန္းဟာ ႏူးကမ့္ကို ေျပာင္းေရႊ႕ရန္ စိတ္၀င္စားေနေသးတယ္လို႔ သိရပါတယ္။ ဗုဒၶဟူးေန႔က အဆုိပါသတင္းစာမွာ အူဘာမီးယန္းဟာ ဘာစီလိုနာကို ေျပာင္းကစားရန္ ေမွ်ာ္လင့္ေနေသးတယ္လို႔ မ်က္ႏွာဖုံးမွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း အူဘာမီးယန္းဟာ ဘာစီလိုနာအသင္းရဲ႕ ဒုတိယဦးစားေပး ျဖစ္တယ္လို႔ သိရပါတယ္။ ဘာစီလိုနာအသင္းဟာ ဒီေႏြရာသီမွာ အင္တာမီလန္တိုက္စစ္မွဴး ေလာ္တရိုမာတီနက္ဇ္ကို မရရွိမွသာ အူဘာမီးယန္းကို ေခၚယူရန္ ၾကိဳးစားသြားမွာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္ရဲ႕ အမ္းမရိတ္ကြင္းမွာရွိတဲ့ အနာဂတ္ဟာ ေနာက္ေႏြရာသီမွာ ကုန္ဆံုးမွာျဖစ္လို႔ အာဆင္နယ္အသင္းကလည္း စာခ်ဳပ္မခ်ဳပ္ႏိုင္ခဲ့ရင္ ေရာင္းခ်သြားမွာပါ။ အူဘာမီးယန္းဟာ အာဆင္နယ္အသင္းရဲ႕ ဥေရာပ၀င္ခြင့္အေနအထားကို ေစာင့္ၾကည့္ေနတယ္လု႔ိသိရပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာလည္း အဆင့္ (၁၀) ကို ေရာက္ေနလို႔ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးကို အႏိုင္ကစားမွသာ ယူရိုပါလိဂ္၀င္ခြင့္ရမွာ ျဖစ္ပါတယ္။

ေလာ္တရိုမာတီနက္ဇ္ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္သန္း ၁၀၀ ျဖစ္လို႔ ကိုဗစ္-၁၉ ေၾကာင့္ အထိနာေနတဲ့ အသင္းေတြထဲမွာ ပါ၀င္တဲ့ ဘာစီလိုနာဟာ ေခၚယူရန္ စဥ္းစားေနတာ ျဖစ္ပါတယ္။ ဘာစီလိုနာ အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းကိုလည္း လာလီဂါသရဖူ လြဲေျပာင္းေပးလိုက္ရပါျပီ။ အာဆင္နယ္နည္းျပ အာတီတာကေတာ့ အူဘာမီးယန္းရဲ႕ အနာဂတ္နဲ႔ ပတ္သက္ျပီး ျမန္ျမန္ေျဖရွင္းခ်င္တယ္ လို႔ ေျပာသြားခဲ့ပါတယ္။

Uni – အာဆင်နယ် တိုက်စစ်မှူး အူဘာမီးယန်းဟာ နွေရာသီမှာ ဘာစီလိုနာကို ပြောင်းရန် မျှော်လင့်နေသေးတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အာဆင်နယ်အသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ (၂၅) ဂိုးသွင်းပေးထားတဲ့ ဂါဘွန်လက်ရွေးစင်တိုက်စစ်ကစားသမားဟာ ပရီးမီးယားလိဂ်ကလပ်အသင်းမှာ ဆက်ရှိမယ်ဆိုတာ မသေချာသေးဘူး ဖြစ်ပါတယ်။

စပိန်သတင်းစာ Diario Sport က အဆိုအရ အသက် ၃၁ နှစ်အရွယ် အူဘာမီးယန်းဟာ နူးကမ့်ကို ပြောင်းရွှေ့ရန် စိတ်ဝင်စားနေသေးတယ်လို့ သိရပါတယ်။ ဗုဒ္ဓဟူးနေ့က အဆိုပါသတင်းစာမှာ အူဘာမီးယန်းဟာ ဘာစီလိုနာကို ပြောင်းကစားရန် မျှော်လင့်နေသေးတယ်လို့ မျက်နှာဖုံးမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း အူဘာမီးယန်းဟာ ဘာစီလိုနာအသင်းရဲ့ ဒုတိယဦးစားပေး ဖြစ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီနွေရာသီမှာ အင်တာမီလန်တိုက်စစ်မှူး လော်တရိုမာတီနက်ဇ်ကို မရရှိမှသာ အူဘာမီးယန်းကို ခေါ်ယူရန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်ရဲ့ အမ်းမရိတ်ကွင်းမှာရှိတဲ့ အနာဂတ်ဟာ နောက်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်လို့ အာဆင်နယ်အသင်းကလည်း စာချုပ်မချုပ်နိုင်ခဲ့ရင် ရောင်းချသွားမှာပါ။ အူဘာမီးယန်းဟာ အာဆင်နယ်အသင်းရဲ့ ဥရောပဝင်ခွင့်အနေအထားကို စောင့်ကြည့်နေတယ်လု့ိသိရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာလည်း အဆင့် (၁၀) ကို ရောက်နေလို့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးကို အနိုင်ကစားမှသာ ယူရိုပါလိဂ်ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

လော်တရိုမာတီနက်ဇ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင်သန်း ၁၀၀ ဖြစ်လို့ ကိုဗစ်-၁၉ ကြောင့် အထိနာနေတဲ့ အသင်းတွေထဲမှာ ပါဝင်တဲ့ ဘာစီလိုနာဟာ ခေါ်ယူရန် စဉ်းစားနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကိုလည်း လာလီဂါသရဖူ လွဲပြောင်းပေးလိုက်ရပါပြီ။ အာဆင်နယ်နည်းပြ အာတီတာကတော့ အူဘာမီးယန်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မြန်မြန်ဖြေရှင်းချင်တယ်လို့ ပြောသွားခဲ့ပါတယ်။