၀ီလီယံ ကို ေခၚယူဖို႔ အာဆင္နယ္အသင္း အေျခအေနေကာင္းေၾကာင္း အဂၤလန္သတင္းဌာနေတြ ဆို

အာဆင္နယ္အသင္း ကေတာ့ သူတို႔အသင္းရဲ႕ အဓိက ၿမိဳ႕ခံၿပိဳင္ဘက္ ျဖစ္တဲ့ ခ်ယ္လ္ဆီး အသင္းရဲ႕ ေတာင္ပံတိုက္စစ္ ကစားသမား ဝီလီယံကို ေခၚယူဖို႔အတြက္ ယုံၾကည္မႈ အျပည့္ရွိေနတယ္လို႔ လန္ဒန္ၿမိဳ႕ အေျခစိုက္ သတင္းဌာန အမ်ားစုက ေဖာ္ျပသြားခဲ့ၾကပါတယ္။

အသက္ ၃၁ႏွစ္အ႐ြယ္ ဘရာဇီးလ္ ေတာင္ပံတိုက္စစ္ ကစားသမား ဝီလီယံဟာ လက္ရွိမွာ ခ်ယ္လ္ဆီး အသင္းနဲ႔ ရာသီကုန္ဆုံးခ်ိန္အထိသာ စာခ်ဳပ္ သက္တမ္း က်န္ရွိေတာ့သူ ျဖစ္ၿပီး ခ်ယ္လ္ဆီး အသင္းနဲ႔အတူ စာခ်ဳပ္သစ္ ထပ္မံ မခ်ဳပ္ဆိုႏိုင္ခဲ့ပါက ရာသီကုန္မွာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ ရရွိမယ့္သူလည္း ျဖစ္ပါတယ္။

ဝီလီယံဟာ အသက္၃၁ႏွစ္အ႐ြယ္ ရွိေနၿပီ ျဖစ္ေပမယ့္ လက္ရွိအခ်ိန္အထိ သူ႔ရဲ႕ အေကာင္းဆုံးပုံစံကို ထိန္းသိမ္းထားႏိုင္ဆဲ ျဖစ္ၿပီး လက္ရွိ ေဘာလုံးရာသီမွာဆိုရင္ ပရီးမီးယားလိဂ္ပြဲစဥ္ ၃၆ပြဲအထိ ပါဝင္ ကစားေပးထားကာ ၉ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ၇ဂိုးအထိ ဖန္တီးေပးထားႏိုင္သူပါ။

ဝီလီယံဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ ကနဦး ခ်ဳပ္ဆို ထားတဲ့ စာခ်ဳပ္အရ ဇူလိုင္လ ၁ရက္ေန႔မွာပဲ အသင္းကေန ထြက္ခြာခြင့္ ရွိခဲ့ေပမယ့္ အသင္းနဲ႔အတူ ယာယီစာခ်ဳပ္တစ္ခု ခ်ဳပ္ဆိုခဲ့ၿပီး ေဘာလုံးရာသီ ၿပီးဆုံးသည္အခ်ိန္အထိ အသင္းမွာ ဆက္လက္ ရွိေနခဲ့တာပါ။

လက္ရွိမွာေတာ့ ဝီလီယံကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ ဥေရာပရဲ႕ အသင္းႀကီး အမ်ားစုက ႀကိဳးစားေနၾကေပမယ့္ ဝီလီယံဟာ လန္ဒန္ၿမိဳ႕မွာပဲ ဆက္ၿပီး ရွိခ်င္တာေၾကာင့္ အာဆင္နယ္အသင္းနဲ႔ စပါးအသင္းတို႔ဟာ ဝီလီယံကို ေခၚယူႏိုင္ဖို႔ အေျခအေန ေကာင္းေနပါတယ္။

အာဆင္နယ္အသင္းဟာ ဝီလီယံကို သူ အလိုရွိတဲ့ ၃ႏွစ္သက္တမ္း ရွိတဲ့ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ထားသလို တစ္ပတ္လုပ္ခ ေပါင္ ၁သိန္းခြဲ ဝန္းက်င္အထိ ေပးေခ်မယ္လို႔ ကမ္းလွမ္းထားေၾကာင္း အဂၤလန္ သတင္းဌာနေတြ အဆို အရ သိရပါတယ္။ ဒါ့အျပင္ အာဆင္နယ္ အသင္းရဲ႕ တာဝန္ရွိသူေတြဟာ ဝီလီယံအေနနဲ႔ အျခားအသင္းေတြကို ျငင္းပယ္ကာ သူတို႔ဆီ ေရာက္လာလိမ့္မယ္လို႔ ယုံၾကည္ထားၾကၿပီး ဝီလီယံ ၊ အူဘာမီယန္း ၊ လာကာဇက္တို႔ရဲ႕ သုံးဦးတြဲ တိုက္စစ္ကို အသုံးခ်ဖို႔ ျပင္ဆင္ေနပါတယ္။

ေနာက္ဆုံး ရရွိထားတဲ့ သတင္းေတြအရလည္း ဝီလီယံရဲ႕ ကိုယ္စားလွယ္အဖြဲ႕နဲ႔ ကလပ္ အသင္းေတြရဲ႕ ၾကားမွာ ေဆြးေႏြးညႇိႏႈိင္းမႈေတြအရ အာဆင္နယ္အသင္းနဲ႔ ကိုယ္စားလွယ္အဖြဲ႕ရဲ႕ ေဆြးေႏြးမႈဟာ အေတာ္ေလး အေျခအေန ေကာင္းေနတယ္လို႔ သိရပါတယ္။

Uni – အာဆင်နယ်အသင်း ကတော့ သူတို့အသင်းရဲ့ အဓိက မြို့ခံပြိုင်ဘက် ဖြစ်တဲ့ ချယ်လ်ဆီး အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဝီလီယံကို ခေါ်ယူဖို့အတွက် ယုံကြည်မှု အပြည့်ရှိနေတယ်လို့ လန်ဒန်မြို့ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားခဲ့ကြပါတယ်။

အသက် ၃၁နှစ်အရွယ် ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ဝီလီယံဟာ လက်ရှိမှာ ချယ်လ်ဆီး အသင်းနဲ့ ရာသီကုန်ဆုံးချိန်အထိသာ စာချုပ် သက်တမ်း ကျန်ရှိတော့သူ ဖြစ်ပြီး ချယ်လ်ဆီး အသင်းနဲ့အတူ စာချုပ်သစ် ထပ်မံ မချုပ်ဆိုနိုင်ခဲ့ပါက ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိမယ့်သူလည်း ဖြစ်ပါတယ်။

ဝီလီယံဟာ အသက်၃၁နှစ်အရွယ် ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ သူ့ရဲ့ အကောင်းဆုံးပုံစံကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာဆိုရင် ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ပွဲအထိ ပါဝင် ကစားပေးထားကာ ၉ဂိုး သွင်းယူနိုင်ခဲ့ပြီး ၇ဂိုးအထိ ဖန်တီးပေးထားနိုင်သူပါ။

ဝီလီယံဟာ ချယ်လ်ဆီးအသင်းနဲ့ ကနဦး ချုပ်ဆို ထားတဲ့ စာချုပ်အရ ဇူလိုင်လ ၁ရက်နေ့မှာပဲ အသင်းကနေ ထွက်ခွာခွင့် ရှိခဲ့ပေမယ့် အသင်းနဲ့အတူ ယာယီစာချုပ်တစ်ခု ချုပ်ဆိုခဲ့ပြီး ဘောလုံးရာသီ ပြီးဆုံးသည်အချိန်အထိ အသင်းမှာ ဆက်လက် ရှိနေခဲ့တာပါ။

လက်ရှိမှာတော့ ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဥရောပရဲ့ အသင်းကြီး အများစုက ကြိုးစားနေကြပေမယ့် ဝီလီယံဟာ လန်ဒန်မြို့မှာပဲ ဆက်ပြီး ရှိချင်တာကြောင့် အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ဟာ ဝီလီယံကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။

အာဆင်နယ်အသင်းဟာ ဝီလီယံကို သူ အလိုရှိတဲ့ ၃နှစ်သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်ထားသလို တစ်ပတ်လုပ်ခ ပေါင် ၁သိန်းခွဲ ဝန်းကျင်အထိ ပေးချေမယ်လို့ ကမ်းလှမ်းထားကြောင်း အင်္ဂလန် သတင်းဌာနတွေ အဆို အရ သိရပါတယ်။ ဒါ့အပြင် အာဆင်နယ် အသင်းရဲ့ တာဝန်ရှိသူတွေဟာ ဝီလီယံအနေနဲ့ အခြားအသင်းတွေကို ငြင်းပယ်ကာ သူတို့ဆီ ရောက်လာလိမ့်မယ်လို့ ယုံကြည်ထားကြပြီး ဝီလီယံ ၊ အူဘာမီယန်း ၊ လာကာဇက်တို့ရဲ့ သုံးဦးတွဲ တိုက်စစ်ကို အသုံးချဖို့ ပြင်ဆင်နေပါတယ်။

နောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရလည်း ဝီလီယံရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကလပ် အသင်းတွေရဲ့ ကြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေအရ အာဆင်နယ်အသင်းနဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ဆွေးနွေးမှုဟာ အတော်လေး အခြေအနေ ကောင်းနေတယ်လို့ သိရပါတယ်။