အာဆင္နယ္ရဲ႕ အေျပာင္းအေရႊ႕ အစီအမံေတြက အမွားမခံနုိင္တဲ့ အေနအထား ရွိတယ္လို႔ အာတီတာ ဆို

အာဆင္နယ္နည္းျပ မီေကလ္အာတီတာကေတာ့ လာမဲ့ေႏြေဈးကြက္ အေျပာင္းအေ႐ႊ႕အစီအစဥ္ေတြကို လုံးဝအမွားမခံႏိုင္ဘူးလို႔ ျပတ္ျပတ္သားသားပဲ ေျပာၾကားလာခဲ့ပါတယ္။ ဂန္းနားတို႔ဟာ တနဂၤေႏြေန႔မွာ ဝက္ဒ္ဖို႔ဒ္အသင္းနဲ႔ ရာသီပိတ္ပြဲစည္ကစားရမွာျဖစ္ၿပီး အဆိုပါပြဲကို အႏိုင္ရခဲ့မွသာ ဒီရာသီ ပရီးမီးယားလိဂ္အမွတ္ေပးဖယားကို အဆင့္ ၈ နဲ႔ ပိတ္သိမ္းႏိုင္ဖို႔ ေမွ်ာ္လင့္ခြင့္ရမွာ ျဖစ္ပါတယ္။

၁၉၉၅ခုႏွစ္ကတည္းက ၾကည့္မယ္ဆိုရင္ ဒီရာသီအမွတ္ေပးဇယားရပ္တည္မႈဟာ အာဆင္နယ္အသင္းအတြက္ အနိမ့္ဆုံးရပ္တည္မႈျဖစ္လာခဲ့ၿပီး အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးအသင္းကို အႏိုင္ယူႏိုင္မွလည္း ယူ႐ိုပါလိဂ္ဝင္ခြင့္ရကာ ဥေရာပပြဲစဥ္ေတြ ကစားခြင့္ရွိလာမွာပါ။

လူအင္အားက အားရစရာမလိုေသးသလို လိုအပ္ခ်က္ေတြကို အေကာင္းဆုံးဖာေထးရမယ္လို႔ နည္းျပအာေတတာက ယုံၾကည္ေနၿပီး အဲဒီအတြက္လည္း လာမဲ့ေႏြေဈးကြက္အတြင္း ကစားသမားသစ္ေတြ ေခၚယူရာမွာ အမွားမခံႏိုင္ဘူးလို႔ ဆိုလာခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔အေနနဲ႔ေတာ့ အေသအခ်ာကို အစီအစဥ္ေတြ ေရးဆြဲထားပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ လုံးဝအမွားမခံႏိုင္တဲ့ အေနအထားတစ္ခုကို ေရာက္ေနတယ္ဆိုတာလည္း နားလည္ထားပါတယ္။ လက္ရွိအခ်ိန္မွာ အသင္းပိုင္ရွင္နဲ႔ ဘုတ္အဖြဲ႕ဟာ ကြၽန္ေတာ္တို႔နဲ႔ တစ္သားတည္းအတူရွိေနတယ္လို႔ ေျပာပါရေစ။ ရွိေနတယ္လို႔လည္း ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ေနာက္ထပ္လယ္ဗယ္တစ္ခုဆီ အသင္းကို ပို႔ေဆာင္ေပးႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ လ်င္လ်င္ျမန္ျမန္ ႀကိဳးစားရမွာလည္း ျဖစ္ပါတယ္။”

နည္းျပအာတီတာက “ကြၽန္ေတာ္ လက္ရွိအခ်ိန္မွာ ရထားတဲ့ သတင္းအခ်က္အလက္ေတြထက္ ပိုသိခြင့္ရတဲ့အခ်ိန္က်ရင္ ဒီဆုံးျဖတ္ခ်က္ေတြ ခ်ရတာ ပိုၿပီးလြယ္ကူသြားပါလိမ့္မယ္။ ကြၽန္ေတာ္ ဒီကို ေရာက္လာခဲ့ကတည္းက ဒီလိုစိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ရမယ္ဆိုတာ သိထားၿပီးသားပါ။

ကြၽန္ေတာ့္အေနနဲ႔ အသင္းဟာ လမ္းေၾကာင္းမွန္တစ္ခုေပၚကို ေရာက္ကာနီးၿပီလို႔ ယုံၾကည္ပါတယ္။ ဒါေပမဲ့ အခ်ိန္အနည္းငယ္ေတာ့ လိုအပ္ပါတယ္။ ပရိသတ္ေတြ စိတ္ပ်က္ေနၾကတယ္ဆိုတာလည္း နားလည္ပါတယ္။ ေအာင္ျမင္မႈ၊ ေပ်ာ္႐ႊင္မႈနဲ႔ ဆုဖလားေတြကိုပဲ အားလုံးက လိုခ်င္ၾကတာကိုး။ ကြၽန္ေတာ္တို႔အသင္းအေနနဲ႔ကလည္း အဲဒါေတြကို လက္လွမ္းမမီေသးတဲ့ အေနအထားကို ေရာက္ေနခဲ့တာပါ။ ကြၽန္ေတာ္တို႔ ေျပာင္းလဲႏိုင္ဖို႔ ႀကိဳးစားသြားမွာ ျဖစ္ပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။

Uni – အာဆင်နယ်နည်းပြ မီကေလ်အာတီတာကတော့ လာမဲ့နွေဈေးကွက် အပြောင်းအရွှေ့အစီအစဉ်တွေကို လုံးဝအမှားမခံနိုင်ဘူးလို့ ပြတ်ပြတ်သားသားပဲ ပြောကြားလာခဲ့ပါတယ်။ ဂန်းနားတို့ဟာ တနင်္ဂနွေနေ့မှာ ဝက်ဒ်ဖို့ဒ်အသင်းနဲ့ ရာသီပိတ်ပွဲစည်ကစားရမှာဖြစ်ပြီး အဆိုပါပွဲကို အနိုင်ရခဲ့မှသာ ဒီရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဖယားကို အဆင့် ၈ နဲ့ ပိတ်သိမ်းနိုင်ဖို့ မျှော်လင့်ခွင့်ရမှာ ဖြစ်ပါတယ်။

၁၉၉၅ခုနှစ်ကတည်းက ကြည့်မယ်ဆိုရင် ဒီရာသီအမှတ်ပေးဇယားရပ်တည်မှုဟာ အာဆင်နယ်အသင်းအတွက် အနိမ့်ဆုံးရပ်တည်မှုဖြစ်လာခဲ့ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းကို အနိုင်ယူနိုင်မှလည်း ယူရိုပါလိဂ်ဝင်ခွင့်ရကာ ဥရောပပွဲစဉ်တွေ ကစားခွင့်ရှိလာမှာပါ။

လူအင်အားက အားရစရာမလိုသေးသလို လိုအပ်ချက်တွေကို အကောင်းဆုံးဖာထေးရမယ်လို့ နည်းပြအာတေတာက ယုံကြည်နေပြီး အဲဒီအတွက်လည်း လာမဲ့နွေဈေးကွက်အတွင်း ကစားသမားသစ်တွေ ခေါ်ယူရာမှာ အမှားမခံနိုင်ဘူးလို့ ဆိုလာခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့တော့ အသေအချာကို အစီအစဉ်တွေ ရေးဆွဲထားပါတယ်။ ကျွန်တော်တို့အနေနဲ့ လုံးဝအမှားမခံနိုင်တဲ့ အနေအထားတစ်ခုကို ရောက်နေတယ်ဆိုတာလည်း နားလည်ထားပါတယ်။ လက်ရှိအချိန်မှာ အသင်းပိုင်ရှင်နဲ့ ဘုတ်အဖွဲ့ဟာ ကျွန်တော်တို့နဲ့ တစ်သားတည်းအတူရှိနေတယ်လို့ ပြောပါရစေ။ ရှိနေတယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ နောက်ထပ်လယ်ဗယ်တစ်ခုဆီ အသင်းကို ပို့ဆောင်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ လျင်လျင်မြန်မြန် ကြိုးစားရမှာလည်း ဖြစ်ပါတယ်။”

နည်းပြအာတီတာက “ကျွန်တော် လက်ရှိအချိန်မှာ ရထားတဲ့ သတင်းအချက်အလက်တွေထက် ပိုသိခွင့်ရတဲ့အချိန်ကျရင် ဒီဆုံးဖြတ်ချက်တွေ ချရတာ ပိုပြီးလွယ်ကူသွားပါလိမ့်မယ်။ ကျွန်တော် ဒီကို ရောက်လာခဲ့ကတည်းက ဒီလိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိထားပြီးသားပါ။

ကျွန်တော့်အနေနဲ့ အသင်းဟာ လမ်းကြောင်းမှန်တစ်ခုပေါ်ကို ရောက်ကာနီးပြီလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အချိန်အနည်းငယ်တော့ လိုအပ်ပါတယ်။ ပရိသတ်တွေ စိတ်ပျက်နေကြတယ်ဆိုတာလည်း နားလည်ပါတယ်။ အောင်မြင်မှု၊ ပျော်ရွှင်မှုနဲ့ ဆုဖလားတွေကိုပဲ အားလုံးက လိုချင်ကြတာကိုး။ ကျွန်တော်တို့အသင်းအနေနဲ့ကလည်း အဲဒါတွေကို လက်လှမ်းမမီသေးတဲ့ အနေအထားကို ရောက်နေခဲ့တာပါ။ ကျွန်တော်တို့ ပြောင်းလဲနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။