ဆံပင္ကို ဘယ္ေတာ့ ေသေသသပ္သပ္ ညႇပ္မလဲ စီစဥ္ထားတဲ့ ဂန္းနားခံစစ္ ေဒးဗစ္လူး၀စ္

အာဆင္နယ္ ခံစစ္မွဴး ေဒးဗစ္လူး၀စ္ ကေတာ့ သူ႔အေနနဲ႔ နည္းျပေလာကထဲဝင္ရင္ ဆံပင္ညႇပ္မယ္လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့ေပမယ့္ ၎ရဲ႕လက္ရွိ အသင္းေဖာ္မ်ားစြာကေတာ့ သူ႔ကတိကို တည္မွာမဟုတ္ဘူးလို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

အသက္ ၃၃ႏွစ္အ႐ြယ္ ဗဟိုခံစစ္ကစားသမားဟာ သူ႔ကစားသမားဘဝ အနားယူတ့ဲ အခ်ိန္ေရာက္လာရင္ လုပ္ေဆာင္မယ့္ အစီအစဥ္ေတြကို စတင္စဥ္းစားေနၿပီလဲ ျဖစ္ပါတယ္။ ေတာင္ အေမရိကသားရဲ႕ ေျခစြမ္းတည္ၿငိမ္မႈ မထိန္းသိမ္းႏိုင္တဲ့အေပၚ ေမးခြန္းထုတ္ေနေပမယ့္လဲ အာတီတာက သူ႔ကို စာခ်ဳပ္တစ္ႏွစ္တိုးခဲ့တာနဲ႔အတူ ေဒးဗစ္ လူး၀စ္ အေနနဲ႔ အမ္းမရိတ္စ္ကြင္းမွာ ေနာက္ထပ္ ၁၂လ ထပ္ ရွိေနႏိုင္ခဲ့တာပါ။

လူး၀စ္က တခ်ိန္မွာေတာ့ ႏွစ္မ်ားစြာ စုေဆာင္းထားခဲ့တဲ့မ်ားျပားတဲ့အေတြ႕အႀကဳံေတြကို ျဖန႔္ေဝႏိုင္ဖို႔ နည္းျပေလာကထဲ ဝင္မွာျဖစ္ေၾကာင္း ေျပာဆိုထားျပီး ဒါေပမယ့္ သူ႔အေနနဲ႔ အဲ့ဒီ့အေျပာင္းအလဲကို လုပ္ေဆာင္ဖို႔အတြက္ သူ႔ရဲ႕ပုံစံကို စမတ္က်က် ျမႇင့္တင္ဖို႔ လိုအပ္လာမွာျဖစ္ပါတယ္။ သူ႔ရဲ႕ အမွတ္အသားျဖစ္တဲ့ ဆံပင္ပြပြ ေကာက္ေကာက္ကို ညႇပ္ပစ္ရမွာျဖစ္သလို လုဇ္က ဒါကိုလုပ္ဖို႔ ဆႏၵရွိမွာျဖစ္ေၾကာင္း ဆိုေပမယ့္ အသင္းေဖာ္ေတြျဖစ္တဲ့ လာကာဇက္၊ ကိုလာစီနက္နဲ႔ ဟက္တာ ဘယ္လာရင္တို႔က သူ႔စကားကို မယုံၾကည္ေနပါဘူး။

တခ်ိန္ နည္းျပ ေလာကထဲ ဝင္ရင္ ဘာလုပ္မွာလဲလို႔ ေမးျမန္းခဲ့ရာ လူး၀စ္ က “ကြၽန္ေတာ္ ဝတ္စုံျပည့္ဝတ္ၿပီး ဆံပင္ညႇပ္မွာပါ၊ ဒီဆံပင္ပုံစံနဲ႔ေတာ့ နည္းျပလုပ္လို႔မရဘူေလ၊ ဘယ္သူကမွ ကြၽန္ေတာ့္ကို ေလးစားမွာ မဟုတ္ဘူး” လို႔ ေျဖၾကားခဲ့ပါတယ္။

အဲ့ဒီ့အခါ လာကာဇက္က “မင္း ဆံပင္ညႇပ္မို႔လား?”လို႔ တုံ႔ျပန္ေျပာခဲ့ၿပီး ကိုလာစီနက္က “ထရပ္ဆု (အားကစားဝတ္စုံ) ဝတ္မွာေပါ့၊ ေဒးဗစ္က ဒီဆံပင္ကို တကယ္ညႇပ္မယ္လို႔ ငါမထင္ဘူး၊ သူမလုပ္ႏိုင္ပါဘူးကြာ၊ သူက ေဒးဗစ္ပဲေလ၊ ဒီေကနဲ႔သူပိုၾကည့္ေကာင္းတယ္လို႔ ငါထင္တယ္”လို႔ ေျပာခဲ့ပါတယ္။

ထပ္မံၿပီး ဘယ္လာရင္ကလဲ “မျဖစ္ႏိုင္တာ၊ ဆံပင္ညႇပ္လိုက္ရင္ သူက ေဒးဗစ္လုဇ္ ဘယ္ဟုတ္ေတာ့မလဲ၊ သူက တျခားလူတစ္ေယာက္ ျဖစ္သြားမွာေပါ့”လို႔ ေျပာဆိုခဲ့ပါတယ္။

လူး၀စ္က အနားမယူခင္ ေပၚတူဂီထိပ္သီး ဘင္ဖီကာမွာ ဒုတိယအႀကိမ္ ျပန္ကစားဖို႔ ဆႏၵရွိေနတဲ့အေၾကာင္းကိုလဲ ေဖာ္ျပခဲ့ပါတယ္။ ဒီစကားအရေတာ့ သူဟာ ကစားသမားဘဝ အနားမယူခင္ အနည္းဆုံး ေနာက္ထပ္ ႏွစ္ရာသီေလာက္ေတာ့ ရွိေနဦးမယ္လို႔ ထင္ရပါတယ္။

Uni – အာဆင်နယ် ခံစစ်မှူး ဒေးဗစ်လူးဝစ် ကတော့ သူ့အနေနဲ့ နည်းပြလောကထဲဝင်ရင် ဆံပင်ညှပ်မယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပေမယ့် ၎င်းရဲ့လက်ရှိ အသင်းဖော်များစွာကတော့ သူ့ကတိကို တည်မှာမဟုတ်ဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

အသက် ၃၃နှစ်အရွယ် ဗဟိုခံစစ်ကစားသမားဟာ သူ့ကစားသမားဘဝ အနားယူတဲ့ အချိန်ရောက်လာရင် လုပ်ဆောင်မယ့် အစီအစဉ်တွေကို စတင်စဉ်းစားနေပြီလဲ ဖြစ်ပါတယ်။ တောင် အမေရိကသားရဲ့ ခြေစွမ်းတည်ငြိမ်မှု မထိန်းသိမ်းနိုင်တဲ့အပေါ် မေးခွန်းထုတ်နေပေမယ့်လဲ အာတီတာက သူ့ကို စာချုပ်တစ်နှစ်တိုးခဲ့တာနဲ့အတူ ဒေးဗစ် လူးဝစ် အနေနဲ့ အမ်းမရိတ်စ်ကွင်းမှာ နောက်ထပ် ၁၂လ ထပ် ရှိနေနိုင်ခဲ့တာပါ။

လူးဝစ်က တချိန်မှာတော့ နှစ်များစွာ စုဆောင်းထားခဲ့တဲ့များပြားတဲ့အတွေ့အကြုံတွေကို ဖြန့်ဝေနိုင်ဖို့ နည်းပြလောကထဲ ဝင်မှာဖြစ်ကြောင်း ပြောဆိုထားပြီး ဒါပေမယ့် သူ့အနေနဲ့ အဲ့ဒီ့အပြောင်းအလဲကို လုပ်ဆောင်ဖို့အတွက် သူ့ရဲ့ပုံစံကို စမတ်ကျကျ မြှင့်တင်ဖို့ လိုအပ်လာမှာဖြစ်ပါတယ်။ သူ့ရဲ့ အမှတ်အသားဖြစ်တဲ့ ဆံပင်ပွပွ ကောက်ကောက်ကို ညှပ်ပစ်ရမှာဖြစ်သလို လုဇ်က ဒါကိုလုပ်ဖို့ ဆန္ဒရှိမှာဖြစ်ကြောင်း ဆိုပေမယ့် အသင်းဖော်တွေဖြစ်တဲ့ လာကာဇက်၊ ကိုလာစီနက်နဲ့ ဟက်တာ ဘယ်လာရင်တို့က သူ့စကားကို မယုံကြည်နေပါဘူး။

တချိန် နည်းပြ လောကထဲ ဝင်ရင် ဘာလုပ်မှာလဲလို့ မေးမြန်းခဲ့ရာ လူးဝစ် က “ကျွန်တော် ဝတ်စုံပြည့်ဝတ်ပြီး ဆံပင်ညှပ်မှာပါ၊ ဒီဆံပင်ပုံစံနဲ့တော့ နည်းပြလုပ်လို့မရဘူလေ၊ ဘယ်သူကမှ ကျွန်တော့်ကို လေးစားမှာ မဟုတ်ဘူး” လို့ ဖြေကြားခဲ့ပါတယ်။

အဲ့ဒီ့အခါ လာကာဇက်က “မင်း ဆံပင်ညှပ်မို့လား?”လို့ တုံ့ပြန်ပြောခဲ့ပြီး ကိုလာစီနက်က “ထရပ်ဆု (အားကစားဝတ်စုံ) ဝတ်မှာပေါ့၊ ဒေးဗစ်က ဒီဆံပင်ကို တကယ်ညှပ်မယ်လို့ ငါမထင်ဘူး၊ သူမလုပ်နိုင်ပါဘူးကွာ၊ သူက ဒေးဗစ်ပဲလေ၊ ဒီကေနဲ့သူပိုကြည့်ကောင်းတယ်လို့ ငါထင်တယ်”လို့ ပြောခဲ့ပါတယ်။

ထပ်မံပြီး ဘယ်လာရင်ကလဲ “မဖြစ်နိုင်တာ၊ ဆံပင်ညှပ်လိုက်ရင် သူက ဒေးဗစ်လုဇ် ဘယ်ဟုတ်တော့မလဲ၊ သူက တခြားလူတစ်ယောက် ဖြစ်သွားမှာပေါ့”လို့ ပြောဆိုခဲ့ပါတယ်။

လူးဝစ်က အနားမယူခင် ပေါ်တူဂီထိပ်သီး ဘင်ဖီကာမှာ ဒုတိယအကြိမ် ပြန်ကစားဖို့ ဆန္ဒရှိနေတဲ့အကြောင်းကိုလဲ ဖော်ပြခဲ့ပါတယ်။ ဒီစကားအရတော့ သူဟာ ကစားသမားဘဝ အနားမယူခင် အနည်းဆုံး နောက်ထပ် နှစ်ရာသီလောက်တော့ ရှိနေဦးမယ်လို့ထင်ရပါတယ်။