အက္ဖ္ေအဖလား ဗိုလ္လုပြဲကို ဒုတိယအၾကိမ္မွာလည္း ထပ္လြဲဦးမယ့္ မူစတာဖီ

အာဆင္နယ္အသင္းရဲ႕ ခံစစ္မႉး မူစတာဖီဟာ ၾသဂုတ္လ ၁ ရက္ေန႔မွာ ကစားရမယ္ ခ်ဲလ္ဆီးအသင္းနဲ႔ FA ဖလား ဗိုလ္လုပြဲစဥ္မွာ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ လြဲေခ်ာ္သြားမွာ ျဖစ္ေၾကာင္း ပရီးမီးယားလိဂ္ ကလပ္ဘက္က အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ မူစတာဖီဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္က မန္ခ်က္စတာစီးတီးအသင္းကို ဝင္ဘေလမွာ ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ဒဏ္ရာရသြားခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္က “ ဒီရာသီ ကစားဖို႔ရွိတဲ့ ပြဲေတြကို သူ(မူစတာဖီ)လြဲေခ်ာ္မွာပါ။ ဒဏ္ရာအေျခအေန အေသးစိတ္နဲ႔ ျပန္သက္သာလာႏိုင္တဲ့ အခ်ိန္ကိုေတာ့ လာမယ့္ ရက္ေတြအတြင္းမွာ အတည္ျပဳေပးပါမယ္ ” ဆိုၿပီး ထုတ္ျပန္သြားခဲ့ပါတယ္။

၂၀၁၆ တုန္းက ဗလင္စီယာကေန ေျမာက္လန္ဒန္ကလပ္ကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ေျခစြမ္းမတည္မၿငိမ္ျဖစ္ေနတဲ့ ဂ်ာမန္သား ခံစစ္မႉးဟာ ေဝဖန္မႈေတြ ဆက္တိုက္ခံစားေနရသူလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ နည္းျပ မီေခးလ္အာတီတာရဲ႕ လက္ထက္မွာေတာ့ ပုံစံေကာင္း ျပန္ျပကာ ပရီးမီးယားလိဂ္ ေနာက္ဆုံး ၁၅ ပြဲမွာ ၁၂ ပြဲ ကစားခြင့္ရရွိခဲ့ပါတယ္။

မူစတာဖီဟာ ၂၀၁၇ တုန္းက ခ်ဲလ္ဆီးကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ FA ဖလား ဖိုင္နယ္ ပြဲစဥ္ကိုလည္း အဖ်ားေဝဒနာေၾကာင့္ လြဲေခ်ာ္ခဲ့ဖူးသူ ျဖစ္ပါတယ္။

Uni – အာဆင်နယ်အသင်းရဲ့ ခံစစ်မှူး မူစတာဖီဟာ သြဂုတ်လ ၁ ရက်နေ့မှာ ကစားရမယ် ချဲလ်ဆီးအသင်းနဲ့ FA ဖလား ဗိုလ်လုပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် လွဲချော်သွားမှာ ဖြစ်ကြောင်း ပရီးမီးယားလိဂ် ကလပ်ဘက်က အတည်ပြု ပြောကြားခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မူစတာဖီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က မန်ချက်စတာစီးတီးအသင်းကို ဝင်ဘလေမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်က “ ဒီရာသီ ကစားဖို့ရှိတဲ့ ပွဲတွေကို သူ(မူစတာဖီ)လွဲချော်မှာပါ။ ဒဏ်ရာအခြေအနေ အသေးစိတ်နဲ့ ပြန်သက်သာလာနိုင်တဲ့ အချိန်ကိုတော့ လာမယ့် ရက်တွေအတွင်းမှာ အတည်ပြုပေးပါမယ် ” ဆိုပြီး ထုတ်ပြန်သွားခဲ့ပါတယ်။

၂၀၁၆ တုန်းက ဗလင်စီယာကနေ မြောက်လန်ဒန်ကလပ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ခြေစွမ်းမတည်မငြိမ်ဖြစ်နေတဲ့ ဂျာမန်သား ခံစစ်မှူးဟာ ဝေဖန်မှုတွေ ဆက်တိုက်ခံစားနေရသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပြ မီခေးလ်အာတီတာရဲ့ လက်ထက်မှာတော့ ပုံစံကောင်း ပြန်ပြကာ ပရီးမီးယားလိဂ် နောက်ဆုံး ၁၅ ပွဲမှာ ၁၂ ပွဲ ကစားခွင့်ရရှိခဲ့ပါတယ်။

မူစတာဖီဟာ ၂၀၁၇ တုန်းက ချဲလ်ဆီးကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ FA ဖလား ဖိုင်နယ် ပွဲစဉ်ကိုလည်း အဖျားဝေဒနာကြောင့် လွဲချော်ခဲ့ဖူးသူ ဖြစ်ပါတယ်။