ကစားသမား ေခၚယူမႈတစ္ခု အျပီးသတ္ဖို႔ စပို႔တင္းကို သြားရန္ အာဆင္နယ္ တာ၀န္ရွိသူေတြ ျပင္ဆင္

အာဆင္နယ္ အသင္း တာဝန္ရွိသူေတြဟာ စပို႔တင္းလူငယ္ကစားသမား ဂ်ိဳရယ္ဆင္ ဖာနန္ဒက္စ္အေျပာင္းအေ႐ႊ႕အၿပီးသတ္ဖို႔ စပို႔တင္းၿမိဳ႕ကို သြားေရာက္ဖြယ္ရွိေနပါတယ္။ အာဆင္နယ္ ဟာ ေႏြရာသီမွာ ေငြေၾကး အေျမာက္အျမား အသုံးမျပဳႏိုင္တာေၾကာင့္ လူငယ္ေျခတက္ေတြကိုသာ ပစ္မွတ္ထားေနတယ္လို႔ အာတီတာကိုယ္တိုင္က ဝန္ခံထားခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ ဒီရာသီမွာေတာ့ အာဆင္နယ္အသင္းဟာ စိတ္ပ်က္ဖြယ္ရာ ရာသီကိုရင္ဆိုင္ခဲ့ရၿပီးေနာက္ ေႏြရာသီမွာ လူအင္အားျဖည့္တင္းဖို႔ စီစဥ္ေနပါတယ္။ ဖာနန္ဒက္စ္ဟာ စပို႔တင္းအသင္းမွာ အသက္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ကစားခြင့္ရခဲ့တာျဖစ္ၿပီး ထြန္းေတာက္လာမယ့္ၾကယ္ပြင့္ကစားသမားအျဖစ္ သတ္မွတ္ျခင္းခံထားရပါတယ္။

ေပၚတူဂီ သတင္းဌာနေတြကေတာ့ ဖာနန္ဒက္စ္ဟာ တနဂၤေႏြေန႔မွာ ကစားမယ့္ ဘင္ဖီကာအသင္းနဲ႔ပြဲမွာ အသင္းရဲ႕လူစာရင္းကေန ႏႈတ္ထြက္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒါေၾကာင့္ ေပၚတူဂီသား ကစားသမားေလးဟာ အာဆင္နယ္အသင္းနဲ႔ အေျပာင္းအေ႐ႊ႕အတြက္ ညႇိႏႈိင္းဖြယ္ရွိေနပါတယ္။

အာဆင္နယ္ အသင္း တာဝန္ရွိသူေတြကလည္း လာမယ့္အပတ္ထဲမွာ စပို႔တင္းၿမိဳ႕ကို သြားေရာက္ၿပီး ဖာနန္ဒက္စ္အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ဖြယ္ ရွိေနတယ္လို႔ သတင္း ထြက္ေပၚေနပါတယ္။

ဖာနန္ဒက္စ္ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ ၄၀ သန္းရွိေနေပမယ့္ သတင္းေတြအရ အာဆင္နယ္အသင္းရဲ႕ေပါင္ ၁၃.၆ သန္းနဲ႔ကမ္းလွမ္းမႈကို စပို႔တင္းဘက္က လက္ခံဖြယ္ရွိေနတာျဖစ္ပါတယ္။
ဖာနန္ဒက္စ္ရဲ႕ ေအးဂ်င့္ကလည္း အေျပာင္းအေ႐ႊ႕အၿပီးသတ္ႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။ စပို႔တင္းကေတာ့ ဖာနန္ဒက္စ္ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုခ်င္ေနေပမယ့္ ကစားသမားကေတာ့ စိန္ေခၚမႈ အသစ္ေတြ ရင္ဆိုင္လိုေနပါတယ္။

“ကြၽန္ေတာ့္ အလုပ္ကိုပဲ အာ႐ုံစိုက္ေနပါတယ္။ ကြၽန္ေတာ္ျပင္ပသတင္းေတြကို စိတ္မဝင္စားပါဘူး။ ေအာင္ျမင္ေတြကို ျမတ္ႏိုးပါတယ္။ စာခ်ဳပ္ သက္တမ္းတိုးဖို႔ေတာ့ ဘယ္သူကမွ မကမ္းလွမ္းေသးပါဘူး”လို႔ ဖာနန္ဒက္စ္က ေျပာၾကားခဲ့ပါတယ္။

Uni – အာဆင်နယ် အသင်း တာဝန်ရှိသူတွေဟာ စပို့တင်းလူငယ်ကစားသမား ဂျိုရယ်ဆင် ဖာနန်ဒက်စ်အပြောင်းအရွှေ့အပြီးသတ်ဖို့ စပို့တင်းမြို့ကို သွားရောက်ဖွယ်ရှိနေပါတယ်။ အာဆင်နယ် ဟာ နွေရာသီမှာ ငွေကြေး အမြောက်အမြား အသုံးမပြုနိုင်တာကြောင့် လူငယ်ခြေတက်တွေကိုသာ ပစ်မှတ်ထားနေတယ်လို့ အာတီတာကိုယ်တိုင်က ဝန်ခံထားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီရာသီမှာတော့ အာဆင်နယ်အသင်းဟာ စိတ်ပျက်ဖွယ်ရာ ရာသီကိုရင်ဆိုင်ခဲ့ရပြီးနောက် နွေရာသီမှာ လူအင်အားဖြည့်တင်းဖို့ စီစဉ်နေပါတယ်။ ဖာနန်ဒက်စ်ဟာ စပို့တင်းအသင်းမှာ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကစားခွင့်ရခဲ့တာဖြစ်ပြီး ထွန်းတောက်လာမယ့်ကြယ်ပွင့်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

ပေါ်တူဂီ သတင်းဌာနတွေကတော့ ဖာနန်ဒက်စ်ဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် ဘင်ဖီကာအသင်းနဲ့ပွဲမှာ အသင်းရဲ့လူစာရင်းကနေ နှုတ်ထွက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ပေါ်တူဂီသား ကစားသမားလေးဟာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့အတွက် ညှိနှိုင်းဖွယ်ရှိနေပါတယ်။

အာဆင်နယ် အသင်း တာဝန်ရှိသူတွေကလည်း လာမယ့်အပတ်ထဲမှာ စပို့တင်းမြို့ကို သွားရောက်ပြီး ဖာနန်ဒက်စ်အပြောင်းအရွှေ့ကို အပြီးသတ်ဖွယ် ရှိနေတယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။

ဖာနန်ဒက်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၄၀ သန်းရှိနေပေမယ့် သတင်းတွေအရ အာဆင်နယ်အသင်းရဲ့ပေါင် ၁၃.၆ သန်းနဲ့ကမ်းလှမ်းမှုကို စပို့တင်းဘက်က လက်ခံဖွယ်ရှိနေတာဖြစ်ပါတယ်။
ဖာနန်ဒက်စ်ရဲ့ အေးဂျင့်ကလည်း အပြောင်းအရွှေ့အပြီးသတ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ စပို့တင်းကတော့ ဖာနန်ဒက်စ်ကိုစာချုပ်သစ်ချုပ်ဆိုချင်နေပေမယ့် ကစားသမားကတော့ စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်လိုနေပါတယ်။

“ကျွန်တော့် အလုပ်ကိုပဲ အာရုံစိုက်နေပါတယ်။ ကျွန်တော်ပြင်ပသတင်းတွေကို စိတ်မဝင်စားပါဘူး။ အောင်မြင်တွေကို မြတ်နိုးပါတယ်။ စာချုပ် သက်တမ်းတိုးဖို့တော့ ဘယ်သူကမှ မကမ်းလှမ်းသေးပါဘူး”လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။