အဂၤလန္နဲ႕ ႏိုင္ဂ်ီးရီယား အသင္းေတြၾကား ဗ်ာမ်ားေနတဲ့ ဆာကာ ကို အာတီတာ အၾကံျပဳ

အာဆင္နယ္ အသင္း နည္းျပ အာတီတာက ဆာကာအေနနဲ႔ လက္ေရြးစင္ကစားသမား ဘ၀အတြက္ ႏိုင္ဂ်ီးရီယားကို ပယ္ျပီး အဂၤလန္အတြက္ပဲ ကစားေပးသင့္တယ္လို႔ အားေပးစကားေျပာသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ဆယ္ေက်ာ္သက္အရြယ္ကစားသမားဟာ အဂၤလန္ယူ ၁၉ လက္ေရြးစင္အသင္းအတြက္ ကိုယ္စားျပဳကစားခဲ့ေပမယ့္ သူ႔မိဘေတြရွိရာ ႏိုင္ဂ်ီးရီးယားကလည္း ကစားရန္ ဖိတ္ေခၚျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

“ကၽြန္ေတာ့္ကို ေမးမယ္ဆိုရင္ ကၽြန္ေတာ့္အျမင္ကို ေပးႏိုင္ပါတယ္။ သူက ကၽြန္ေတာ္နဲ႔ အခုရွိေနေပမယ့္ သူနဲ႔ေရာ သူ႔မိသားစုနဲ႔ ပါ မဆိုင္ပဲ ကၽြန္ေတာ့္ သာမန္အျမင္ကို ေျပာေပးပါမယ္။ သူတို႔ ရဲ႕ ယဥ္ေက်းမႈ အေမြအႏွစ္ေတြ ကိုလည္း ကၽြန္ေတာ္ေသခ်ာမသိပါဘူး။ ကၽြန္ေတာ္ကေတာ့ အဲ့ဒီမွာ မကစားခ်င္ပါဘူး။ ေသခ်ာတာကေတာ့ သူဟာ အဂၤလန္အတြက္ပဲ ကစားသင့္ပါတယ္။ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ကို သူေကာင္းေကာင္းၾကီး ခ်ႏိုင္မွာပါ” လို႔ အာတီတာက ေျပာသြားခဲ့ပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ ဆာကာကေတာ့ “ဒါဟာ ခက္ခဲတဲ့ ေရြးခ်ယ္စရာပါ။ ကၽြန္ေတာ္ဟာ အဂၤလန္ လူငယ္အသင္းမွာတုန္းက ကိုယ္စားျပဳကစားရတာ အရမ္းေပ်ာ္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ မိဘေတြ ရွိရာ ႏိုင္ဂ်ီးရီးယား အတြက္ကစားေပးရမွာကိုလည္း ဂုဏ္ယူမိပါတယ္။ အခု ေလာေလာဆယ္ေတာ့ ဘယ္အသင္းကိုမွ မေရြးခ်ယ္ရေသးပါဘူး။ အခ်ိန္က်ရင္ေတာ့ ဆံုးျဖတ္ခ်က္ခ်မွာပါ” လို႔ စကိုင္းစေပါ့ သတင္းဌာနကို ေျပာၾကား ထားခဲ့ပါတယ္။

ဆာကာ ဟာ ဒီရာသီ ဂန္းနားေတြနဲ႕ အတူ ေတာက္ပစြာ ေျခစြမ္းျပထားနုိင္ျပီး အလားအလာေကာင္းေတြ ရွိေနတဲ့ လူငယ္ေလး ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အဂၤလန္နဲ႕ နုိင္ဂ်ီးရီးယား နွစ္သင္းလံုးက အလိုရွိေနၾကပါတယ္။

Uni – အာဆင်နယ် အသင်း နည်းပြ အာတီတာက ဆာကာအနေနဲ့ လက်ရွေးစင်ကစားသမား ဘဝအတွက် နိုင်ဂျီးရီယားကို ပယ်ပြီး အင်္ဂလန်အတွက်ပဲ ကစားပေးသင့်တယ်လို့ အားပေးစကားပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဆယ်ကျော်သက်အရွယ်ကစားသမားဟာ အင်္ဂလန်ယူ ၁၉ လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားခဲ့ပေမယ့် သူ့မိဘတွေရှိရာ နိုင်ဂျီးရီးယားကလည်း ကစားရန် ဖိတ်ခေါ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော့်ကို မေးမယ်ဆိုရင် ကျွန်တော့်အမြင်ကို ပေးနိုင်ပါတယ်။ သူက ကျွန်တော်နဲ့ အခုရှိနေပေမယ့် သူနဲ့ရော သူ့မိသားစုနဲ့ ပါ မဆိုင်ပဲ ကျွန်တော့် သာမန်အမြင်ကို ပြောပေးပါမယ်။ သူတို့ ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ကိုလည်း ကျွန်တော်သေချာမသိပါဘူး။ ကျွန်တော်ကတော့ အဲ့ဒီမှာ မကစားချင်ပါဘူး။ သေချာတာကတော့ သူဟာ အင်္ဂလန်အတွက်ပဲ ကစားသင့်ပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို သူကောင်းကောင်းကြီး ချနိုင်မှာပါ” လို့ အာတီတာက ပြောသွားခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် ဆာကာကတော့ “ဒါဟာ ခက်ခဲတဲ့ ရွေးချယ်စရာပါ။ ကျွန်တော်ဟာ အင်္ဂလန် လူငယ်အသင်းမှာတုန်းက ကိုယ်စားပြုကစားရတာ အရမ်းပျော်ပါတယ်။ ဒါပေမယ့် ကျွန်တော် မိဘတွေ ရှိရာ နိုင်ဂျီးရီးယား အတွက်ကစားပေးရမှာကိုလည်း ဂုဏ်ယူမိပါတယ်။ အခု လောလောဆယ်တော့ ဘယ်အသင်းကိုမှ မရွေးချယ်ရသေးပါဘူး။ အချိန်ကျရင်တော့ ဆုံးဖြတ်ချက်ချမှာပါ” လို့ စကိုင်းစပေါ့ သတင်းဌာနကို ပြောကြား ထားခဲ့ပါတယ်။

ဆာကာ ဟာ ဒီရာသီ ဂန်းနားတွေနဲ့ အတူ တောက်ပစွာ ခြေစွမ်းပြထားနိုင်ပြီး အလားအလာကောင်းတွေ ရှိနေတဲ့ လူငယ်လေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း အင်္ဂလန်နဲ့ နိုင်ဂျီးရီးယား နှစ်သင်းလုံးက အလိုရှိနေကြပါတယ်။