ေခ်ာင္ထိုးထားလိုတဲ့ ဂြမ္ဒူဇီ ကို သံုးျပီး လိုခ်င္တဲ့ အေျပာင္းအေရႊ႕ ရဖို႔ အာတီတာ အကြက္ေရႊ႕ေန

အက္သလက္တီကို မက္ဒရစ္ အသင္း တာဝန္ရွိသူေတြဟာ ကြင္းလယ္ကစားသမား ပါေတးကို ေခၚယူဖို႔အတြက္ အာဆင္နယ္က ကြင္းလယ္ ကစားသမား ဂြမ္ဒူဇီအပါအဝင္ ေပါင္ ၂၂သန္းခြဲနဲ႔ ကမ္းလွမ္းခဲ့တာကို ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

ေသာမတ္စ္ ပါေတးရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးက ေပါင္ ၄၅.၆ သန္းရွိတာေၾကာင့္ အက္သလက္တီကိုအေနနဲ႔ ကြင္းလယ္လူပါေတးရဲ႕ ေျပာင္းေရႊ႕ ေၾကးအတြက္ အခုထပ္ပိုၿပီး အလိုရွိေနတာပဲ ျဖစ္ပါတယ္။

ျပင္သစ္ သတင္းမ်ား အဆို အရ အက္သလက္တီကိုအေနနဲ႔ ဂြမ္ဒူဇီပါဝင္တဲ့ အာဆင္နယ္ရဲ႕ကမ္းလွမ္း မႈကို စိတ္ဝင္စားျခင္းမရွိေပမယ့္ စာခ်ဳပ္ပါ ေလ်ာ္ေၾကးအတိုင္းဆိုရင္ေတာ့ ပါေတးကိုလက္လႊတ္ဖို႔ရွိေနတယ္လို႔ သိရပါ တယ္။ အက္သလက္တီကို ကြင္းလယ္လူပါေတးဟာ အာဆင္နယ္ အသင္းနည္းျပ အာတီတာရဲ႕ေႏြရာသီအေျပာင္းအေရႊ႕ မွာ ဦးစားေပးေခၚယူမယ့္ကစားသမား တစ္ဦးလည္းျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ အသင္းကိုေျပာင္းလဲမႈျပဳလုပ္ဖို႔အတြက္ ကစားသမားသစ္ေတြေခၚယူဖို႔ ရွိေနတယ္ ဆိုေပမယ့္ အသင္းနဲ႔ အံဝင္မႈမရွိတဲ့ ကစားသမားေတြကိုလည္း ေရာင္းခ်ၿပီး အေျပာင္းအေရႊ႕စရိတ္ ရွာဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ ပါေတးအေနနဲ႔လည္း အာဆင္နယ္ကိုေျပာင္းေရႊ႕ႏိုင္လိမ့္မယ္လို႔ နားလည္ထား ေၾကာင္း သိရပါတယ္။

အာဆင္နယ္ကြင္းလယ္လူဂြမ္ဒူဇီကို နည္းျပအာတီတာအေနနဲ႔ႏွစ္သက္ျခင္းမရွိဘူးဆိုေပမယ့္ ဥေရာပကလပ္အသင္းႀကီး ေတြကေခၚယူဖို႔ ေစာင့္ၾကည့္ေနၾကၿပီး ဘာစီလိုနာက စိတ္ဝင္စားမႈေတြရွိတယ္လို႔ သိရပါတယ္။ ဘာစီလိုနာအေနနဲ႔ ဂြမ္ဒူဇီ ရဲ႕ ေခၚယူဖို႔အတြက္ ေျပာင္းေရႊ႕ေၾကးထက္ ကြင္းလယ္လူ ေကာ္တင္ဟိုနဲ႔ အလဲအထပ္ျပဳလုပ္ဖို႔ ပိုၿပီးအလိုရွိေနတာပဲ ျဖစ္ပါတယ္။

ဂန္းနား ကြင္းလယ္ ကစားသမား ဂြမ္ဒူဇီအေနနဲ႔လည္း ယူ႐ိုၿပိဳင္ပြဲဝင္မယ့္ ျပင္သစ္အသင္းမွာပါဖို႔အတြက္ ပံုမွန္ ပြဲထြက္ကစားရမယ့္ အသင္းကို ေျပာင္းေရႊ႕ခ်င္ ေနတယ္လို႔ သိရပါတယ္။

Uni – အက်သလက်တီကို မက်ဒရစ် အသင်း တာဝန်ရှိသူတွေဟာ ကွင်းလယ်ကစားသမား ပါတေးကို ခေါ်ယူဖို့အတွက် အာဆင်နယ်က ကွင်းလယ် ကစားသမား ဂွမ်ဒူဇီအပါအဝင် ပေါင် ၂၂သန်းခွဲနဲ့ ကမ်းလှမ်းခဲ့တာကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

သောမတ်စ် ပါတေးရဲ့ စာချုပ်ပါလျော်ကြေးက ပေါင် ၄၅.၆ သန်းရှိတာကြောင့် အက်သလက်တီကိုအနေနဲ့ ကွင်းလယ်လူပါတေးရဲ့ ပြောင်းရွှေ့ ကြေးအတွက် အခုထပ်ပိုပြီး အလိုရှိနေတာပဲ ဖြစ်ပါတယ်။

ပြင်သစ် သတင်းများ အဆို အရ အက်သလက်တီကိုအနေနဲ့ ဂွမ်ဒူဇီပါဝင်တဲ့ အာဆင်နယ်ရဲ့ကမ်းလှမ်း မှုကို စိတ်ဝင်စားခြင်းမရှိပေမယ့် စာချုပ်ပါ လျော်ကြေးအတိုင်းဆိုရင်တော့ ပါတေးကိုလက်လွှတ်ဖို့ရှိနေတယ်လို့ သိရပါ တယ်။ အက်သလက်တီကို ကွင်းလယ်လူပါတေးဟာ အာဆင်နယ် အသင်းနည်းပြ အာတီတာရဲ့နွေရာသီအပြောင်းအရွှေ့ မှာ ဦးစားပေးခေါ်ယူမယ့်ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ အသင်းကိုပြောင်းလဲမှုပြုလုပ်ဖို့အတွက် ကစားသမားသစ်တွေခေါ်ယူဖို့ ရှိနေတယ် ဆိုပေမယ့် အသင်းနဲ့ အံဝင်မှုမရှိတဲ့ ကစားသမားတွေကိုလည်း ရောင်းချပြီး အပြောင်းအရွှေ့စရိတ် ရှာဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပါတေးအနေနဲ့လည်း အာဆင်နယ်ကိုပြောင်းရွှေ့နိုင်လိမ့်မယ်လို့ နားလည်ထား ကြောင်း သိရပါတယ်။

အာဆင်နယ်ကွင်းလယ်လူဂွမ်ဒူဇီကို နည်းပြအာတီတာအနေနဲ့နှစ်သက်ခြင်းမရှိဘူးဆိုပေမယ့် ဥရောပကလပ်အသင်းကြီး တွေကခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး ဘာစီလိုနာက စိတ်ဝင်စားမှုတွေရှိတယ်လို့ သိရပါတယ်။ ဘာစီလိုနာအနေနဲ့ ဂွမ်ဒူဇီ ရဲ့ ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးထက် ကွင်းလယ်လူ ကော်တင်ဟိုနဲ့ အလဲအထပ်ပြုလုပ်ဖို့ ပိုပြီးအလိုရှိနေတာပဲ ဖြစ်ပါတယ်။

ဂန်းနား ကွင်းလယ် ကစားသမား ဂွမ်ဒူဇီအနေနဲ့လည်း ယူရိုပြိုင်ပွဲဝင်မယ့် ပြင်သစ်အသင်းမှာပါဖို့အတွက် ပုံမှန် ပွဲထွက်ကစားရမယ့် အသင်းကို ပြောင်းရွှေ့ချင် နေတယ်လို့ သိရပါတယ်။