အူဘာမီးယန္းရဲ႕ အနာဂတ္ပါ အာဆင္နယ္အတြက္ အဆံုးအျဖတ္ ျဖစ္လာမယ့္ ပြဲစဥ္

အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မွဴး အူဘာမီးယန္းရဲ႕ အနာဂတ္ဟာ လာမယ့္ ခ်ယ္ဆီးအသင္းနဲ႔ စေနေန႔ကစားမယ့္ အက္ဖ္ေအဖလား ဗိုလ္လုပြဲအေပၚ မူတည္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။

ဂါဘြန္ လက္ေရြးစင္ကစားသမားဟာ အမ္းမရိတ္ကြင္းနဲ႔ စာခ်ဳပ္သက္တမ္းေနာက္ဆံုးႏွစ္ကို ေရာက္ေနျပီး ဘာစီလိုနာ နဲ႔ အင္တာမီလန္ အသင္းတို႔ အပါအ၀င္ ဥေရာပက အသင္းၾကီးေတာ္ေတာ္မ်ားမ်ားကလည္း ေခၚယူရန္ စိတ္၀င္စားေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ အူဘာမီးယန္းကို ေနာက္ထပ္ (၁၂) လ စာခ်ဳပ္ သက္တမ္းတိုးဖို႔ ၾကိဳးစားလို႔ရေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ဘ႑ာေရး ထိခိုက္ဆံုးရႈံးမႈေတြ ရွိထားလို႔ ကစားသမားရဲ႕ ျမင့္မားတဲ့ လစာကို ေပးဖို႔ စိုးရိမ္ေနရပါတယ္။

အဂၤလန္ သတင္းဌာနေတြ အဆိုအရ အာဆင္နယ္အသင္းအေနနဲ႔ ဒီတစ္ပတ္မွာ ကစားမယ့္ ခ်ယ္ဆီးအသင္းနဲ႔ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ အႏိုင္ကစားႏိုင္ခဲ့ပါက ယူရိုပါလိဂ္၀င္ခြင့္ကို ရရွိမွာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္မွာ အဆင့္ (၆)အတြင္း ၀င္ေရာက္ရန္ က်ဆံုးခဲ့တာပါ။ ဥေရာပ ျပိဳင္ပြဲ၀င္ေရာက္ကစားခြင့္ရပါက အာဆင္နယ္အသင္းဟာ ေပါင္သန္း ၃၀ ေလာက္ အျမတ္ရႏိုင္ဖြယ္ရွိလို႔ အူဘာမီးယန္းရဲ႕ စာခ်ဳပ္နဲ႔ ပတ္သက္ျပီး ေဆြးေႏြးလို႔ ရမွာ ျဖစ္ပါတယ္။

အာတီတာရဲ႕ အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းက ကြင္းလယ္ကစားသမား စီဘယ္လိုစ့္ကိုလည္း ေနာက္ထပ္ တစ္ႏွစ္ နဲ႔ ထပ္မံေခၚယူရန္ သေဘာတူညီမႈ ရရွိခ်င္ေနတယ္လို႔ သိရပါတယ္။

Uni – အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အူဘာမီးယန်းရဲ့ အနာဂတ်ဟာ လာမယ့် ချယ်ဆီးအသင်းနဲ့ စနေနေ့ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲအပေါ် မူတည်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ဂါဘွန် လက်ရွေးစင်ကစားသမားဟာ အမ်းမရိတ်ကွင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်နေပြီး ဘာစီလိုနာ နဲ့ အင်တာမီလန် အသင်းတို့ အပါအဝင် ဥရောပက အသင်းကြီးတော်တော်များများကလည်း ခေါ်ယူရန် စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အူဘာမီးယန်းကို နောက်ထပ် (၁၂) လ စာချုပ် သက်တမ်းတိုးဖို့ ကြိုးစားလို့ရပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေး ထိခိုက်ဆုံးရှုံးမှုတွေ ရှိထားလို့ ကစားသမားရဲ့ မြင့်မားတဲ့ လစာကို ပေးဖို့ စိုးရိမ်နေရပါတယ်။

အင်္ဂလန် သတင်းဌာနတွေ အဆိုအရ အာဆင်နယ်အသင်းအနေနဲ့ ဒီတစ်ပတ်မှာ ကစားမယ့် ချယ်ဆီးအသင်းနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အနိုင်ကစားနိုင်ခဲ့ပါက ယူရိုပါလိဂ်ဝင်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၆)အတွင်း ဝင်ရောက်ရန် ကျဆုံးခဲ့တာပါ။ ဥရောပ ပြိုင်ပွဲဝင်ရောက်ကစားခွင့်ရပါက အာဆင်နယ်အသင်းဟာ ပေါင်သန်း ၃၀ လောက် အမြတ်ရနိုင်ဖွယ်ရှိလို့ အူဘာမီးယန်းရဲ့ စာချုပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးလို့ ရမှာ ဖြစ်ပါတယ်။

အာတီတာရဲ့ အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းက ကွင်းလယ်ကစားသမား စီဘယ်လိုစ့်ကိုလည်း နောက်ထပ် တစ်နှစ် နဲ့ ထပ်မံခေါ်ယူရန် သဘောတူညီမှု ရရှိချင်နေတယ်လို့ သိရပါတယ်။