အာတီတာနဲ႕ လမ္းပတ္တို႔နွစ္ဦးထဲ ဘယ္သူ႔ကို ဖလားပိုရေစခ်င္လဲ ဖာဘရီဂတ္စ္ ေျဖၾကား

အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ရဲ႕ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဖာဘရီဂတ္စ္က ဒီေန႔ညမွာကစားမယ့္ အက္ဖ္ေအ ဖလားဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးထက္ ဖိအားမ်ားေနတဲ့ နည္းျပ အာတီတာရဲ႕ အာဆင္နယ္ကို ပိုရေစခ်င္ေၾကာင္းေျပာခဲ့ပါတယ္။

အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဖာဘရီဂတ္စ္ဟာ အာဆင္နယ္၊ ခ်ဲလ္ဆီး ႏွစ္သင္းစလံုးနဲ႔အတူ အက္ဖ္ေအဖလားခ်န္ပီယံဆုကို ရရွိခဲ့ဖူးတဲ့သူလည္း ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ေအဗရာမိုဗစ္ ပိုင္ဆိုင္ၿပီးတဲ့ေနာက္မွာ ခ်န္ပီယံဆုအတြက္ စိန္ေခၚလာႏိုင္တဲ့အသင္းႀကီးတစ္သင္းျဖစ္လာ ခဲ့ၿပီး စြမ္းေဆာင္ရည္ပိုင္းတိုးတက္လာသလို ဒီရာသီမွာဆိုရင္လည္း ခ်န္ပီယံလိဂ္ကစားခြင့္ကိုရယူထားႏိုင္ခဲ့ပါတယ္။

အာဆင္နယ္ကေတာ့ အာစင္ဝင္းဂါး ထြက္သြားၿပီးေနာက္မွာ ႐ုန္းကန္ေနခဲ့ရၿပီး ဒီရာသီမွာဆိုရင္လည္း ရာသီကုန္မွာအဆင့္-၈ ေနရာမွာပဲ ရွိခဲ့တာေၾကာင့္ ဥေရာပၿပိဳင္ပြဲကစားခြင့္ကို ၁၉၉၅-၉၆ ခုႏွစ္ေဘာလံုးရာသီေနာက္ပိုင္းမွာ ပထမဆံုးအႀကိမ္လြဲ ေခ်ာ္ခဲ့ရပါတယ္။

အာဆင္နယ္အေနနဲ႔ အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံဆုကိုရရွိမွာသာ လာမယ့္ႏွစ္ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကို ပါဝင္ကစားခြင့္ ရမွာျဖစ္ပါတယ္။ ဒီႏွစ္သင္းေတြ႕ဆံုခဲ့ၿပီး ေနာက္ဆံုးဗိုလ္လုပြဲျဖစ္တဲ့ ၿပီးခဲ့တဲ့ႏွစ္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာေတာ့ ခ်ဲလ္ဆီးက ေလးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ၿပီး ၂၀၁၆-၁၇ ခုႏွစ္အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာေတာ့ အာဆင္နယ္က ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ဖာဘရီဂတ္က “ ခ်ဲလ္ဆီးက ႏွစ္တိုင္းလိုလို ဆုဖလားေအာင္ျမင္မႈေတြ ရယူႏိုင္ပါတယ္။ လက္ရွိအေနအထားအရလည္း ခ်ဲလ္ဆီးထက္ အာဆင္နယ္က ခ်န္ပီယံျဖစ္ဖို႔ပိုလိုအပ္ေနတဲ့ အေနအထားပါ။ ဒီပြဲမွာႏိုင္မွ ေနာက္ႏွစ္မွာ အာဆင္နယ္က ဥေရာပၿပိဳင္ပြဲကစားရမွာပါ၊ ခ်ဲလ္ဆီးကေတာ့ ခ်န္ပီယံလိဂ္ကစားခြင့္ရထားၿပီးသားဆိုတာ အားလံုးသိပါတယ္။” လို႔ ေျပာခဲ့ပါ တယ္။

လူငယ္နည္းျပေတြျဖစ္တဲ့ ဖရန္႔လမ္းပတ္နဲ႔ အာတီတာတို႔အတြက္ အက္ဖ္ေအဖလားခ်န္ပီယံဆုဟာ နည္းျပဘဝမွာ ပထမဆံုး ရယူႏိုင္မယ့္ ဆုဖလားလည္း ျဖစ္ပါတယ္။

Uni – အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဖာဘရီဂတ်စ်က ဒီနေ့ညမှာကစားမယ့် အက်ဖ်အေ ဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးထက် ဖိအားများနေတဲ့ နည်းပြ အာတီတာရဲ့ အာဆင်နယ်ကို ပိုရစေချင်ကြောင်းပြောခဲ့ပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်၊ ချဲလ်ဆီး နှစ်သင်းစလုံးနဲ့အတူ အက်ဖ်အေဖလားချန်ပီယံဆုကို ရရှိခဲ့ဖူးတဲ့သူ လည်း ဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ အေဗရာမိုဗစ် ပိုင်ဆိုင်ပြီးတဲ့နောက်မှာ ချန်ပီယံဆုအတွက် စိန်ခေါ်လာနိုင်တဲ့ အသင်းကြီးတစ်သင်းဖြစ်လာ ခဲ့ပြီး စွမ်းဆောင်ရည်ပိုင်းတိုးတက်လာသလို ဒီရာသီမှာဆိုရင်လည်း ချန်ပီယံလိဂ်ကစားခွင့်ကိုရယူထားနိုင်ခဲ့ပါတယ်။

အာဆင်နယ်ကတော့ အာစင်ဝင်းဂါး ထွက်သွားပြီးနောက်မှာ ရုန်းကန်နေခဲ့ရပြီး ဒီရာသီမှာဆိုရင်လည်း ရာသီကုန်မှာအဆင့်-၈ နေရာမှာပဲ ရှိခဲ့တာကြောင့် ဥရောပပြိုင်ပွဲကစားခွင့်ကို ၁၉၉၅-၉၆ ခုနှစ်ဘောလုံးရာသီနောက်ပိုင်းမှာ ပထမဆုံးအကြိမ်လွဲ ချော်ခဲ့ရပါတယ်။

အာဆင်နယ်အနေနဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကိုရရှိမှာသာ လာမယ့်နှစ်ယူရိုပါလိဂ်ပြိုင်ပွဲကို ပါဝင်ကစားခွင့် ရမှာဖြစ်ပါတယ်။ ဒီနှစ်သင်းတွေ့ဆုံခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲဖြစ်တဲ့ ပြီးခဲ့တဲ့နှစ်ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ ချဲလ်ဆီးက လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ၂၀၁၆-၁၇ ခုနှစ်အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ အာဆင်နယ်က နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဖာဘရီဂတ်က “ ချဲလ်ဆီးက နှစ်တိုင်းလိုလို ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ပါတယ်။ လက်ရှိအနေအထားအရလည်း ချဲလ်ဆီးထက် အာဆင်နယ်က ချန်ပီယံဖြစ်ဖို့ပိုလိုအပ်နေတဲ့ အနေအထားပါ။ ဒီပွဲမှာနိုင်မှ နောက်နှစ်မှာ အာဆင်နယ်က ဥရောပပြိုင်ပွဲကစားရမှာပါ၊ ချဲလ်ဆီးကတော့ ချန်ပီယံလိဂ်ကစားခွင့်ရထားပြီးသားဆိုတာ အားလုံးသိပါတယ်။” လို့ ပြောခဲ့ပါ တယ်။

လူငယ်နည်းပြတွေဖြစ်တဲ့ ဖရန့်လမ်းပတ်နဲ့ အာတီတာတို့အတွက် အက်ဖ်အေဖလားချန်ပီယံဆုဟာ နည်းပြဘဝမှာ ပထမဆုံး ရယူနိုင်မယ့် ဆုဖလားလည်း ဖြစ်ပါတယ်။