ဒီမော့ဆိုတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်း CDM ကျောင်းဆရာလေး

ပြီးခဲ့သော ဒီဇင်ဘာလ ၃၁ ရက်တွင် ဖြစ်ပွားခဲ့သည့် ဒီးမော့ဆို ငွေတောင်ဆည်တိုက်ပွဲအတွင်း ဒဏ်ရာအပြင်း အထန်ရခဲ့သည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF မှ ရဲဘော်ဟင်နရီသည် ဆေးကုသမှုခံယူ နေစဥ် ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းတွင် ကျဆုံးခဲ့သည်။

ကျဆုံးသွားခဲ့သည့် KNDF ရဲဘော် ရဲဘော်ဟင်နရီသည် ၂၀၁၆၊ ၂၀၁၇ နှင့်၂၀၁၈ခုနှစ်များတွင် ကယားပြည်နယ်ကျောင်းသားသမဂ္ဂ၏ အဖွဲ့ဝင်များနှင့်အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီ ရေးနှင့် ဒီမိုကရေစီပညာရေးတို့တွင် တက်တက်ကြွကြွ လှုပ်ရှားခဲ့သော အဖွဲ့ဝင်ကျောင်းသားရဲဘော် တစ်ဦး ဖြစ်သည်။

ထို့အပြင် ရဲဘော်ဟင်နရီသည် နွေဦးတော်လှန်ရေး (ဝါ) ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးအတွင်း CDMကျောင်းဆရာအဖြစ်လည်းကောင်း KNDF ၏ ရဲဘော်အဖြစ်လည်းကောင်း တော်လှန်ရေးတာဝန် များအား ထမ်းဆောင်ခဲ့သော ပြည်သူ့သူရဲကောင်းတစ်ဦးလည်း ဖြစ်သည်။ တော်လှန်ရေးတာဝန်များ ထမ်းဆောင်ရင်း ကျဆုံးသွားသည့် ရဲဘော်ဟင်နရီအား ကယားပြည်နယ်ကျောင်းသားသမဂ္ဂနှင့် အဖွဲ့ဝင်ကျောင်းသားဟောင်းများမှ အလေးနီပြုအပ်ပါသည်ဟု ကယားပြည်နယ်ကျောင်းသားသမဂ္ဂ – KSSU က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၃၁ရက်က ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီး၌ ဖြစ်ပွားခဲ့သောတိုက်ပွဲသည် နံနက် ၉ နာရီခန့်မှ ည ၆ ရီအထိ ပြင်းထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် ပစ်ခတ်ခြင်း ၊ လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ့ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Zawgyi version

ၿပီးခဲ့ေသာ ဒီဇင္ဘာလ ၃၁ ရက္တြင္ ျဖစ္ပြားခဲ့သည့္ ဒီးေမာ့ဆို ေငြေတာင္ဆည္တိုက္ပြဲအတြင္း ဒဏ္ရာအျပင္း အထန္ရခဲ့သည့္ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ KNDF မွ ရဲေဘာ္ဟင္နရီသည္ ေဆးကုသမႈခံယူ ေနစဥ္ ယေန႕ ဇန္နဝါရီလ ၂ ရက္ နံနက္ပိုင္းတြင္ က်ဆဳံးခဲ့သည္။

က်ဆဳံးသြားခဲ့သည့္ KNDF ရဲေဘာ္ ရဲေဘာ္ဟင္နရီသည္ ၂၀၁၆၊ ၂၀၁၇ ႏွင့္၂၀၁၈ခုႏွစ္မ်ားတြင္ ကယားျပည္နယ္ေက်ာင္းသားသမဂၢ၏ အဖြဲ႕ဝင္မ်ားႏွင့္အတူ စစ္အာဏာရွင္စနစ္ဆန့္က်င္ေရး၊ ၿငိမ္းခ်မ္းေရး၊ ဖက္ဒရယ္အေရး၊ ဒီမိုကေရစီ ေရးႏွင့္ ဒီမိုကေရစီပညာေရးတို႔တြင္ တက္တက္ႂကြႂကြ လႈပ္ရွားခဲ့ေသာ အဖြဲ႕ဝင္ေက်ာင္းသားရဲေဘာ္ တစ္ဦး ျဖစ္သည္။

ထို႔အျပင္ ရဲေဘာ္ဟင္နရီသည္ ေႏြဦးေတာ္လွန္ေရး (ဝါ) ျပည္သူ႕လက္နက္ကိုင္ေတာ္လွန္ေရးအတြင္း CDMေက်ာင္းဆရာအျဖစ္လည္းေကာင္း KNDF ၏ ရဲေဘာ္အျဖစ္လည္းေကာင္း ေတာ္လွန္ေရးတာဝန္ မ်ားအား ထမ္းေဆာင္ခဲ့ေသာ ျပည္သူ႕သူရဲေကာင္းတစ္ဦးလည္း ျဖစ္သည္။ ေတာ္လွန္ေရးတာဝန္မ်ား ထမ္းေဆာင္ရင္း က်ဆဳံးသြားသည့္ ရဲေဘာ္ဟင္နရီအား ကယားျပည္နယ္ေက်ာင္းသားသမဂၢႏွင့္ အဖြဲ႕ဝင္ေက်ာင္းသားေဟာင္းမ်ားမွ အေလးနီျပဳအပ္ပါသည္ဟု ကယားျပည္နယ္ေက်ာင္းသားသမဂၢ – KSSU က ထုတ္ျပန္ထားသည္။

ဒီဇင္ဘာလ ၃၁ရက္က ဒီးေမာ့ဆိုၿမိဳ႕နယ္ ေငြေတာင္ဆည္အနီး၌ ျဖစ္ပြားခဲ့ေသာတိုက္ပြဲသည္ နံနက္ ၉ နာရီခန့္မွ ည ၆ ရီအထိ ျပင္းထန္ျဖစ္ပြားခဲ့ၿပီး အၾကမ္းဖက္စစ္ေကာင္စီတပ္မွ တိုက္ေလယာဥ္ျဖင့္ ပစ္ခတ္ျခင္း ၊ လက္နက္ႀကီးမ်ားျဖင့္ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ခဲ့ျခင္းေၾကာင့္ ျပည္သူ႕ရဲေဘာ္တခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

Credit to original