ရန်ကုန်မက်ခရိုကုန်တိုက် ကားပါကင်တွင် ဗုံးပေါက်

ရန်ကုန်မက်ခရိုကုန်တိုက် ကားပါကင်တွင် ဗုံးပေါက်

ရန်ကုန်၊ မေ ၂၀

ရန်ကုန်မြို့၊ မက်ခရိုကုန်တိုက်တွင် ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ် ကားပါကင်နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လက်ရှိတွင် ကုန်တိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက စီးနင်းထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပေါက်ကွဲမှုကြေုာင့် လူနှင့် ပစ္စည်းထိခိုက်မှု အခြေအနေကို မသိရှိရသေးဘဲ ကုန်တိုက်တစ်ခုလုံးကို အကြမ်းဖက်စစ်ကောင်စီတပ်များက ပိတ်ဆို့ထားကြောင်း သိရှိရသည်။

“နောက်ထပ် ဗုံးရှိတယ်လည်း ပြောနေတယ်။ အခုထက်ထိတော့ ကုန်တိုက်ထဲမှာ။ သူတို့အားလုံးက ၀ိုင်းထားတော့ ဖုန်းတောင် ရဲရဲ ဖွင့်မသုံးရဲဘူး။ ဗုံးပေါက်တာ ကြောက်ဖို့ မကောင်းဘူး။ သူတို့ သရဲ မရဲ စီးပြီး လူတွေကို တရားခံလို ကြည့်ပြီး စစ်နေတာက ကြောက်ဖို့ကောင်းတာ” ဟု ကုန်တိုက်အတွင်း ရောက်ရှိနေသူ ပြည်သူတစ်ဦးက သတင်းပေးပို့သည်။

Crd: Khit Thit Media