အရမ်းချစ်ရတဲ့သမီးလေးအတွက် အဝေးတစ်နေရာကနေ မွေးနေ့ဆုတောင်းစကားဆိုခဲ့တဲ့ ညီနန္ဒ

ပရိသတ်တွေနဲ့ အကျွမ်းတဝင် ရင်းနှီးပြီးသားဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ညီနန္ဒ ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်ကတည်းက အနုပညာလောကထဲမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို အလိုက်ဖက်ဆုံးနဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ခုလိုဖြစ်နေတဲ့ နိုင်ငံရေးမှာ ပြည်သူတွေနဲ့အတူ တစ်သားထဲရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေမှာ ညီနန္ဒလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ညီနန္ဒကတော့ စစ်ကောင်စီရဲ့ ၅၀၅ က ဖြင့်အမှုဖွင့် အရေးယူခြင်းခံထားရတာကြောင့် လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားကရှောင်တိမ်းပုန်းခိုနေရသူလည်းဖြစ်ပါတယ်။

လက်ရှိအချိန်ထိလည်း အထိကရုဏ်းတွေကြားထဲမှာ ပြည်သူတွေဟာအထိတ်တလန့်နဲ့ ဖြတ်သန်းနေခဲ့ရပြီး လတိုင်း ရက်တိုင်းမှာ ကျရောက်လာတဲ့မွေးနေ့ရှင်တွေဟာလည်း အပြည့်အဝမပျော်ရွှင်နိုင်ခဲ့ကြပါဘူး။ ဒီနေ့မှာလည်း ညီနန္ဒက ချစ်ခင်ရတဲ့သမီးလေးရဲ့ (၁၀) နှစ်ပြည့်မွေးနေ့မှာ အဝေးတစ်နေရာကနေ မွေးနေ့ဆုတောင် စကားလေးဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်ရတဲ့သမီးလေးရဲ့မွေးနေ့မှာ “Happy Birthday ပါ တစ်ဦးတည်းသော ဖေ့သမီးလိမ္မာလေး သာသနာပြုနိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးဖြစ်ပါစေ…🙏🙏🙏” ဆိုပြီး သမီးလေးပုံလေးနဲ့ ဆုတောင်းပေးခဲ့ပါတယ်။ ပရိသတ်တွေကလည်း သမီးလေးကို မွေးနေ့ဆုတောင်းပေးကြတဲ့အပြင် မိသားစုတွေ ဆုံစည်းကြဖို့ ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။

Zawgyi version

ပရိသတ္ေတြနဲ႕ အကြၽမ္းတဝင္ ရင္းႏွီးၿပီးသားျဖစ္တဲ့ ႐ုပ္ရွင္နဲ႕ ဗီဒီယိုသ႐ုပ္ေဆာင္ ညီနႏၵ ကေတာ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေက်ာ္ေလာက္ကတည္းက အႏုပညာေလာကထဲမွာ ေအာင္ျမင္မႈေတြကို ရရွိပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္။ က်ရာဇာတ္႐ုပ္ကို အလိုက္ဖက္ဆုံးနဲ႕ အေကာင္းဆုံးသ႐ုပ္ေဆာင္နိုင္သူတစ္ဦးျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ခုလိုျဖစ္ေနတဲ့ နိုင္ငံေရးမွာ ျပည္သူေတြနဲ႕အတူ တစ္သားထဲရပ္တည္ခဲ့တဲ့ အႏုပညာရွင္ေတြမွာ ညီနႏၵလည္း တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။ ညီနႏၵကေတာ့ စစ္ေကာင္စီရဲ႕ ၅၀၅ က ျဖင့္အမႈဖြင့္ အေရးယူျခင္းခံထားရတာေၾကာင့္ လတ္တေလာမွာ အခက္အခဲေတြနဲ႕ အႏၲရာယ္ေတြၾကားကေရွာင္တိမ္းပုန္းခိုေနရသူလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္ထိလည္း အထိက႐ုဏ္းေတြၾကားထဲမွာ ျပည္သူေတြဟာအထိတ္တလန႔္နဲ႕ ျဖတ္သန္းေနခဲ့ရၿပီး လတိုင္း ရက္တိုင္းမွာ က်ေရာက္လာတဲ့ေမြးေန႕ရွင္ေတြဟာလည္း အျပည့္အဝမေပ်ာ္႐ႊင္နိုင္ခဲ့ၾကပါဘူး။ ဒီေန႕မွာလည္း ညီနႏၵက ခ်စ္ခင္ရတဲ့သမီးေလးရဲ႕ (၁၀) ႏွစ္ျပည့္ေမြးေန႕မွာ အေဝးတစ္ေနရာကေန ေမြးေန႕ဆုေတာင္ စကားေလးဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ခ်စ္ရတဲ့သမီးေလးရဲ႕ေမြးေန႕မွာ “Happy Birthday ပါ တစ္ဦးတည္းေသာ ေဖ့သမီးလိမၼာေလး သာသနာျပဳနိုင္တဲ့ ပုဂၢိုလ္ထူး ပုဂၢိုလ္ျမတ္ႀကီးျဖစ္ပါေစ…🙏🙏🙏” ဆိုၿပီး သမီးေလးပုံေလးနဲ႕ ဆုေတာင္းေပးခဲ့ပါတယ္။ ပရိသတ္ေတြကလည္း သမီးေလးကို ေမြးေန႕ဆုေတာင္းေပးၾကတဲ့အျပင္ မိသားစုေတြ ဆုံစည္းၾကဖို႔ ဆုေတာင္းေပးေနတာ ျဖစ္ပါတယ္။

Credit to original