ဖခင်ဖြစ်သူ ဦးမေတ္တာ (၅)လပြည့်အတွက် ရည်စူးပြီး ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ မေတ္တာမြင့်မြတ်ဟိန်း

ပရိသတ်ကြီးရေ မနေ့က ဇန်နဝါရီလ (၂)ရက်နေ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ဦးမေတ္တာကွယ်လွန်သွားတာ (၅)လပြည့်မြောက်တဲ့နေ့ရက်လေးပဲဖြစ်ပါတယ်။ လူသာသေပေမဲ့ နာမည်မသေတဲ့ဦးမေတ္တာကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ ယနေ့ချိန်ထိ ရှိနေသေးပြီး ပရိသတ်တွေ နေ့စဉ်တမ်းတသတိရနေကြစဲပါ။

မနေ့က ဦးမေတ္တာရဲ့ ကွယ်လွန်ခြင်း(၅)လပြည့်မြောက်တဲ့နေ့ရက်လေးမှာတော့ ဦးမေတ္တာရဲ့ကျန်ရစ်သူမိသားစုဝင်တွေက ဦးမေတ္တာအတွက် ရည်စူးပြီး ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့ပါတယ်။ ဦးမေတ္တာရဲ့ သားဖြစ်သူ လူရွှင်တော် မေတ္တာမြင့်မြတ်ဟိန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ (၅)လတောင်ပြည့်ခဲ့ပြီ ဆိုတဲ့ စာလေးနဲ့အတူ အလှူလေးပြုလုပ်ခဲ့ကြောင်း မျှဝေထားခဲ့တာပါ။

ပရိသတ်တွေသူတို့ချစ်ရတဲ့ ဦးမေတ္တာတစ်ယောက် ကောင်းရာဘုံဘဝမှာအေးချမ်းနေစေဖို့နဲ့ ဦးမေတ္တာကို လွမ်းဆွတ်သတိရကြောင်းမှတ်ချက်တွေပေးနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ ဦးမေတ္တာကွယ်လွန်သွားတာ (၅)လတောင်ပြည့်သွားခဲ့ပြီဆိုပေမဲ့ မနေ့တနေ့ကလိုပါပဲနော်။

Zawgyi version




Credit to original